အင်ဒိုနီးရှားကက်သလစ်ဇနီးမောင်နှံ လက်ထပ်ခြင်းအထိမ်းအမှတ်အဖြင့် အပင်(၁၄၀၀)လှူဒါန်း

အင်ဒိုနီးရှားကက်သလစ်ဇနီးမောင်နှံ လက်ထပ်ခြင်းအထိမ်းအမှတ်အဖြင့် အပင်(၁၄၀၀)လှူဒါန်း

နို၀င်ဘာလ (၉) ရက် (၂၀၂၁)

လူအတော်များများသည် မိမိတို့လက်ထပ်သည့်အခါ အမှတ်တရအဖြစ် မိဘမဲ့ဂေဟာသို့ လိုအပ်သည့်အရာများထောက်ပံ့မည် (သို့) လိုအပ်သူများကို ကူညီမည် ဤသို့ဖြင့် အမှတ်တရအဖြစ် ကျန်ရစ်စေရန် ပြုလုပ်ကြသည်။

သို့သော် အင်ဒိုနီးရှားမှ ကက်သလစ်ဇနီးမောင်နှံတို့ပြုလုပ်သည့် အထိမ်းအမှတ် အမှတ်တရပြုလုပ်သည့်ပုံမှာ အများနှင့် မတူဘဲ ကွာခြားနေသည်။

Lasar(၂၇) နှစ် နှင့် Lamanepa (၂၈)တို့သည် အင်ဒိုရှားနိုင်ငံရှိ ကက်သလစ်ဘုရားကျောင်း Maumere ကယ်သီဒြယ်တွင် လွန်ခဲ့သော ဇွန်လ (၂၈)ရက်တွင် လက်ထပ်ခဲ့ကြသည်။

လက်ထပ်သည့်နေ့၌ ပွဲလာ ဧည့်သည်များကို အပင်တွေလက်ဆောင်ပေးခဲ့ပြီး ဘုရားကျောင်းပတ်၀န်းကျင်၌လည်း အပင်များစွာ စိုက်ပျိုးခဲ့သည်။

"အပင်လေးတွေပေးတာက စီးပွားရှာဖို့အတွက်ပဲမဟုတ်ပါဘူး သဘာ၀ပတ်၀န်းကျင်ကို ဂရုစိုက်ရာလည်းရောက်တယ်လေ" ဟု Lamanepa က ပြောပြသည်။

ထိုဇနီးမောင်နှံက မိမိတို့ငယ်စဉ် အခြားသူများ၏ လက်ထက်ပွဲတက်ရောက်ပါ၀င်စဉ် များစွာသော လက်ဆောင်တွေရဖူးကြောင်း၊ သို့သော် ထိုလက်ဆောင်များကို ဖြစ်သလို ပစ်ထားမိကြောင်း၊ မိမိလက်ထပ်ပွဲ ၌မူ ထိုသို့ မဖြစ်စေချင်ဘဲ တစ်ခုခုကျန်နေစေလိုကြောင်း ရှင်းပြသည်။

"ကျွန်မတို့ပေးတဲ့ လက်ဆောင်လေးတွေ လူတွေအလကား ပစ်လိုက်တာမျိုးမဖြစ်‌ စေချင်ဘူးလေ ဒါကြောင့် အပင်လေးတွေ ၀ယ်ပြီး ပေးဖို့ ဆုံးဖြတ်ဖြစ်တာပါ ဒါက သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းရာလည်းရောက်တယ်လေ" ဟု Lasarက ပြောသည်။

သူက ဆက်လက်၍

"ကျွန်မတို့က အစက မျိုးစေ့လေးတွေပေးမလို့ လုပ်ထားတာဟုတ်တယ် ဒါပေမယ့် လူတွေက အိမ်ရောက်ရင် မစိုက်ဘဲ ပစ်လိုက်မှာစိုးလို့ ပျိုးပင်လေးတွေ၀ယ်ဖြစ်သွားတာ" ဟု ဆိုသည်။

အခြားသူများကိုလည်း ဤကဲ့သို့ လုပ်စေလိုကြောင်း၊ ဤအရာသည် သဘာ၀ပတ်၀န်းကျင်အတွက်ကောင်းသည်သာမက လူတွေအမြဲအမှတ်ရမည်ဖြစ်သကဲ့သို့ မြင်နေရတာပီတိဖြစ်ကြောင်း ၎င်းကဆိုသည်။

Credit to 1001NEWS

https://bit.ly/3H3Nqtd

rvasia.org

Add new comment

1 + 0 =