အင်ဒိုနီးရှားကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဆီးနော့ဒ်ကျင်းပမည်။

အင်ဒိုနီးရှားကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဆီးနော့ဒ်ကျင်းပမည်။

အင်ဒိုနီးရှားကက်သလစ်ဆရာတော်ကြီးအဖွဲ့ချုပ် (KWI) ၏အတွင်းရေးမှူးဖြစ်သော ဖာသာရ် Paulus Christian Siswantoko က အင်ဒိုနီးရှားကက်သလစ်ဆရာတော်ကြီးများသည် ဆီးနော့ဒ်အစည်းအ ဝေးကြီးကို 'Walking Together to Realize Fellowship, Participation, and Mission' (အတူတကွလျှောက်လှမ်းခြင်း၊ ပါ၀င်ခြင်းနှင့်အမှုတော်ဆောင်ခြင်းဖြင့်ချစ်ကြည်ရင်းနှီးမှုကိုအမှတ်ရစေရန်) ဆောင်ပုဒ်ဖြင့် နို၀င်ဘာလ (၁၄ မှ ၁၈) အထိ အင်ဒိုနီးရှားနိုင်ငံ၊ Bandung တွင်ကျင်းပမည်ဖြစ်​သည်ဟုဆိုသည်။

ဆရာတော်ကြီးများအနေဖြင့် သိုးထိန်းအချင်းချင်းကြားချစ်ကြည်ရင်းနှီးမှုရှိရေး၊ သိုးထိန်းများနှင့်ဘုရား၏လူမျိုး တော်ကြား အတူတကွယှဉ်တွဲလျှောက်လှမ်း၍ သာသနာတော်ကြီး၏ ဦးစားပေးခေါ်တော်မူ ခြင်းဖြစ်သည့် ဧ၀ံဂေလိသတင်းကောင်းကိုကြေညာဟောပြောရန်ရည်ရွယ်ကြောင်း၊ ထို့အတူ အင်ဒိုနီးရှားကက်သလစ်ဆရာ တော်ကြီးများအဖွဲ့၏လက်အောက်ရှိကော်မရှင်များ၊ ဘာသာရေးအသင်းအဖွဲ့
များတမန်တော်လုပ်ငန်းသုံးသပ်တင်ပြချက်များ၊ လိုအပ်ချက်များ၊ တောင်းဆို ချက်များတို့ကိုလည်းကြားနာမည်ဖြစ်ကြောင်း၊ ဤသို့ပြုလုပ်ခြင်းဖြင့် အခြားသောအဖွဲ့ များနှင့်ငြိမ်းချမ်းစွာ၊ လေးစားစွာဂရုစိုက်အတူလျှောက်လှမ်းတည်ဆောက်ရန်ဖြစ်ကြောင်း၊ ဤဆီးနော့ဒ်သို့ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်သာသနာ (၃၇) ခုမှဆရာတော်များ၊ ကော်မရှင်အသီးသီးမှအတွင်းရေးမှူးများ၊ ဘာသာရေးအသင်းအဖွဲ့များ၏အတွင်းရေးမှူးများလည်းတက်ရောက်ကြမည်ဖြစ်ကြောင်းဆိုသည်။

ဖွင့်ပွဲအခမ်းအနား၌မူ အင်ဒိုနီးရှားနိုင်ငံ၏ ဗာတီကန်သံအမတ်နှင့်ကက်သလစ်မိသားစုများအားလမ်းညွှန်ပေးသော အထွေထွေညွှန်ကြားရေးမှူးတို့လည်းတက် ရောက်မည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သည် (၁၉၅၅) ခုနှစ်ကစတင်ဖွဲ့စည်းခဲ့သည်။

အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်နှင့်ချိပ်ဆက်ထားကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၌ ကက်သလစ်ဆရာတော် (၃၇) ပါးရှိပြီး (၂) ပါးမှာသက်တော်အရအနားယူထားကာ (၃၅) ပါးမှာဂိုးဏ်ချုပ်၊ ဂိုဏ်းအုပ်သာသနာများအားတက်ကြွစွာဦး ဆောင်လျှက်ရှိကြောင်းသိရသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3UUQpdR

Add new comment

5 + 6 =