အငယ်ဆုံးသော သူများအတွက် ခရစ္စမတ်အလှူ

အငယ်ဆုံးသော သူများအတွက် ခရစ္စမတ်အလှူ

**************************************************

29.12.2021 (RVA Myanmar)

မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်းရှိ စိန့်ဂျိုးဇက်ကက်သလစ် ခရစ်ယာန်သီလရှင် အသင်းဂိုဏ်းမှ သီလရှင်များသည် ဒီဇင်ဘာလ (၂၈) ရက်နေ့ နံနက်ပိုင်းက ခရစ္စမတ်အထိမ်းအမှတ် အလှူအဖြစ် ရေနံသာ အနာကြီးရောဂါကုသရေး ဆေးရုံရှိ လူနာများ အား စောင် နှင့် အခြား စားသောက်စရာများကို သွားရောက်ပေးလှူ ခဲ့ကြပါသည်။ ရေနံသာဆေးရုံ ၌ ခရစ်ယာန်ဘာသာဝင် (၁)ဦး၊ ဗုဒ္ဓဘာသာ သံဃာ (၅) ပါး အပါအဝင် လူနာစုစုပေါင်း (၁၅) ဦး ရှိပါသည်။ ထိုနေ့တစ်ရက်ထဲ၌ပင် ဆည်တော်ကြီး ၊ စိန့်ထရေဇား ဘုရားကျောင်း သာသနာအုပ်စုမှ ဘာသာတူများအားလည်း ခရစ္စမတ် အထိမ်းအမှတ်လတ်ဆောင်အဖြစ် စောင် နှင့် အိမ်သုံး အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန် ၊ ဆီ ၊ ဆပ်ပြာ နှင့် အခြား လိုအပ်ရာများကို လှူဒါန်းပေးခဲ့ကြပါသည်။ ဆည်တော်ကြီး ရှိ စိန့်ထရေဇား သာသအနာအုပ်စု၌ ဘာသာတူ မိသားစု (၁၅) စု သာရှိပါသည်။ ဆည်တော်ကြီး သာသနာအုပ်စုသည် ရွှေနှလုံးတော် ကက်သီဒြယ် သာသနာအုပ်စု လက်အောက်မှဖြစ်ပြီး တာဝန်ခံဘုန်းတော်ကြီးမှာ Fr.Peter Htwal Sei Myint ဖြစ်ပါသည်။ ယခုကဲ့သို့ ခရစ္စမတ်အလှူအဖြစ် ရေနံသာနှင့် ဆည်တော်ကြီး သို့ သွားရောက်လှူဒါန်းဖြစ်ပုံကို မေးမြန်းကြည့်ရာ စိန့်ဂျိုးဇက် အသင်းဂိုဏ်းမှ တာဝန်ခံ စစ္စတာရ် တစ်ပါးက ‘’ တခြားဒုက္ခသည်တွေနဲ့လိုအပ်နေသူတွေ နေရာမျိုးစုံ တိုင်းပြည်နယ်အစုံကိုတော့ ဆက်တိုက် နိုင်တဲ့ဘက်က ကူညီပေးနေတာပေါ့နော်။ အခုလည်း ဆက်လက်ကူ ညီနေဆဲပါ။ ခရစ္စမတ်ဟာ Sr တို့အသင်းဂိုဏ်းကိုတည်ထောင်တဲ့မိခင် စိန့်ဧမလီက 1832 ခုနှစ် ခရစ္စမတ်ညမှာ အသင်းဂိုဏ်းကိုတည်ထောင်ခဲ့တာဖြစ်လို့ ခရစ္စမတ်ဟာ စိန့်ဂျိုးဇက် Sr တွေ အတွက် အသင်းဂိုဏ်းမွေးနေ့၊ မိသားစု ခရစ္စမတ်၊ Community ခရစ္စမတ်ဖြစ်တာမို့ Community လိုက်လေး ဂရုဏာလုပ်ငန်းလေးတခု အမှတ်တရ အတူတူသွားလုပ်ချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ လုပ်ဖြစ်ကြတာပါ။ အခြေအနေအရ တအားအဝေးကြီးလည်းမသွားနိုင်တာရော၊ သက်ကြီးသီလရှင်တွေအတွက်ရော အဆင်ပြေမဲ့နေရာလေးတွေကို ရွေးလိုက်တယ်။ ဆည်တော်ကြီးဟာ Sister တို့သာသနာအုပ်စု ထဲက ဖြစ်ပြီး အလိုအပ်ဆုံးနေရာလို့ ကြားဖူးတယ်လေ နောက် ရေနံ့သာဆေးရုံက အနာကြီးရောဂါသည် တွေလည်း ၀န်ထမ်းတွေမရှိပဲ အဟာရချို့တဲ့ကြတယ် အလှူရှင်လေးတွေကိုပဲ မျှော်နေရတယ်လို့ သိထားတော့ စိတ်မကောင်းဖြစ်ပြီး ဒီနေရာလေးကို ရွေးလှူလိုက်တာပါ ‘’ ဟု ပြောပြခဲ့ပါသည် ။ မန္တလေး သာသနာအတွင်းရှိ စိန့်ဂျိုးဇက် သီလရှင်များသည် ကိုဗစ်ကပ်ရောဂါ ပထမလှိုင်း စတင်ဖြစ်ပွားသည့်ကာလမှစတင်ကာ ယနေ့ချိန်ထိလုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်နေသော မိသားစုများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ၊ဆီ ,ကြက်သွန်တို့ကို အခါအားလျော်စွာ လှူဒါန်းပေးခဲ့ကြသလို ဘာသာပေါင်းစုံ စုပေါင်းအလှူများတွင်လည်း ပါဝင်လှူဒါန်းခဲ့ကြပါသည်။ စိန့်ဂျိုးဇက် သီလရှင်များသည် အလှူရှင်များ၏ လှူဒါန်းမှုများအား လုပ်အားစိုက်၍ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါလုပ်ဆောင်ပေးနေကြခြင်းပင်ဖြစ်ပါသည်။

News by - Pinky

#rvamyanmar #rvapastoralcare #SJAMandalaycommunity #Christmas #ArchdioceseofMandalay

Add new comment

1 + 7 =