အကြမ်းဖက်မှုများကို တိုက်ဖျက်ရာတွင် အင်ဒိုနီးရှား သီလရှင် များမှ ဒီဂျစ်တယ်နည်းပညာကို အသုံးပြု

အကြမ်းဖက်မှုများကို တိုက်ဖျက်ရာတွင် အင်ဒိုနီးရှား သီလရှင် များမှ ဒီဂျစ်တယ်နည်းပညာကို အသုံးပြု

အကြမ်းဖက်မှုများကို တိုက်ဖျက်ရာတွင် အင်ဒိုနီးရှား သီလရှင် များမှ ဒီဂျစ်တယ်နည်းပညာကို အသုံးပြု

လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ဆောင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံမှ ကက်သလစ် သီလရှင်များက ကျား၊ မ အခြေပြု အကြမ်းဖက်မှုများကို ကာကွယ်ရန်အတွက် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

သီလရှင်များသည်၊ လူကုန်ကူးမှုနှင့် မျက်မှောက်ခေတ် ကျွန်ပြုမှုတို့ကို တုံ့ပြန်ရန်၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ တာလိသာကွမ် ( Talitha Kum ) အဖွဲ့ဝင်များဖြစ်ကြသည်။

Talitha Kum Indonesia ဆိုတာက 2009 ခုနှစ်တွင် International Union of Superiors General မှ တည်ထောင်ခဲ့သော ကက်သလစ်သီလရှင်များ ၏ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် တာလိသာကွမ်( Talitha Kum )၏ အစိတ်အပိုင်းဖြစ်သလို ရောမမြို့မှာ အခြေစိုက်ပြီး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ဆောင်နေ​သည့်အဖွဲ့ဖြစ်သည်။ ဒီ Talitha Kum ၏ဆိုလိုရင်းက ရှင်မာကုကျမ်းစာထဲမှာတွေ့ရသည့်အသုံးအနှုန်းမှ ဆင်းသက်လာပြီး အာရမိုက် ဘာသာစကားဖြင့် အဓိပ္ပာယ်ရသည့် “မိန်းမငယ်၊ သင့်အားငါအမိန့်ရှိသည်၊ ထလော့" ဟူ၍ ဖြစ်သည်။

ဖွင့်ပွဲတစ်ရက်တာ အခမ်းအနားကို Lampung ပြည်နယ် မြို့တော် Bandar Lampung တွင် ကျင်းပခဲ့ပြီး တက်ရောက်သူ ၂၁ ဦး ရှိခဲ့သည်။ အဆိုပါ အစီအစဉ်တွင် ပါဝင်ခဲ့သည့် Franciscan Sisters of Georgious Martyr (FSGM), Sacred Heart Sisters (HK), Charles Borromeo Sisters (CB), Alma Sisters, Sisters of Notre Dame (SND), Compassio Indivisa Sisters (FCH) နဲ့ လူဝတ်ကြောင်အချို့ပဲ ဖြစ်ပါတယ်။

လူကုန်ကူးမှုသည် သတင်းနည်းပညာ၊ ဆက်သွယ်ရေးနှင့် အသွင်ကူးပြောင်းရေး၊ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် လူကုန်ကူးမှုစနစ်ပုံစံကို ပိုမိုခေတ်မီလာစေရန် တွန်းအားပေးနေကြောင်း နှီးနှောဖလှယ်ပွဲ ဦးဆောင်စီစဉ်သူများက ပြောကြားပြီး Lampung ကွန်ရက်မှ တာလိသာကွမ်(Talitha Kum) သည် အဖွဲ့ဝင်တိုင်း၊ အထူးသဖြင့် ဒစ်ဂျစ်တယ်ကိရိယာများကို အသုံးပြုပြီး ကျွမ်းကျင်မှုများရရှိရန် မိမိကိုယ်ကို အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း

ဒစ်ဂျစ်တယ်ကိရိယာများကို အသုံးပြုခြင်းဆိုင်ရာ ကျွမ်းကျင်မှုသည် Talitha Kum အဖွဲ့ဝင်တိုင်းအတွက် ဤအရည်အချင်းများကို အသိုင်းအဝိုင်းနဲ့ မျှဝေနိုင်စေရန်အတွက် အလွန်လိုအပ်ပါကြောင်း၊ ရည်ရွယ်ချက်ကတော့ အမျိုးသမီးများနှင့် ကလေးများကို ခြိမ်းခြောက်နိုင်သည့် အန္တရာယ်များကို ရပ်ရွာလူထုကို ပိုမိုသိရှိနားလည်စေရန်ဖြစ်သည်ဟုဆိုသည်။

လက်ရှိတွင်၊ Lampung ကွန်ရက်ရှိ Talitha Kum ၏ လှုပ်ရှားမှုများတွင် ဆွေးနွေးပွဲများ ကျင်းပခြင်း၊ လူကုန်ကူးမှုနှင့် ကျားမရေးရာအခြေခံအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးခြင်း၊ အစိုးရနှင့် ပုဂ္ဂလိကကျောင်းများတွင် လှုံ့ဆော်မှုများ၊ စည်းရုံးလှုံ့ဆော်ခြင်းများ ပါဝင်ပြီး ဤအရာတွေက လူကုန်ကူးမှု ခံရသူတွေအတွက် ခိုလှုံရာနေရာများ ပံ့ပိုးပေးခြင်းဖြင့် ကူညီပေးသည်။

" ဒီလှုပ်ရှားမှုက ထူးခြားပါတယ်" ဟု Talitha Kum Indonesia ၏ အမှုဆောင်အတွင်းရေးမှူး Yohanes Kriswahyudi က ပြောကြားခဲ့သည်။ "ကံမကောင်းစွာဖြင့်၊
အင်ဒိုနီးရှားနိုင်ငံမှာရှိသည့် သီလရှင်များအသင်း (IBSI) ၏ အဖွဲ့ဝင်များဖြစ်သည့် အင်ဒိုနီးရှား သီလရှင်များနှင့် အမျိုးသမီး အဖွဲ့အစည်းများကြားတွင် နှိုးကြားမှုအား နည်းပါးနေသေးသည်" ဟုဆိုကာ Kriswahyudi က Talitha Kum သည် လူကုန်ကူးမှုခံရသူ
များစွာကို ကူညီပေးခဲ့ပြီး တားဆီးရေးနည်းလမ်းများကို ပံ့ပိုးပေးခဲ့ကြောင်းလည်း အလေးပေးပြောကြားခဲ့သည်။

လူကုန်ကူးခံရသူများသည် များသောအားဖြင့် ပညာရေးနိမ့်ပါးသူများဖြစ်ပြီး အများစုမှာ ဝင်ငွေနည်းသော မိသားစုများမှ ဖြစ်ကြောင်း၊ ဒုက္ခရောက်သူများသည် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်လိုပြီး ပုံမှန်လစာများ ရရှိလိုကြကြောင်း တစ်ချိန်တည်းမှာ Kriswahyudi ရဲ့အဆိုအရ Talitha Kum ရင်ဆိုင်နေရသောစိန်ခေါ်မှုများမှာ လူကုန်ကူးသည့် မာဖီးယားဂိုဏ်းများနှင့် လူကုန်ကူးခံရသူထံမှ ပွင့်လင်းမြင်သာမှုမရှိခြင်း ကိစ္စပင်ဖြစ်ကြောင်း

Talitha Kum Indonesia ကို ၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ယခင်က အင်ဒိုနီးရှား သီလရှင်များအသင်း (IBSI) မှ အတည်ပြုခဲ့သော အမျိုးသမီးများ လူကုန်ကူးမှု တိုက်ဖျက်ရေး ကော်မရှင် (CWTC) ဟုခေါ်သည်။

၂၀၁၉ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် CWTC-IBSI သည် Talitha Kum International ၏ အကြံပြုချက်အရ ၎င်း၏အမည်ကို Talitha Kum Indonesia အဖြစ်
သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

Talitha Kum Indonesia (CWCT-IBSI) တည်ထောင်ရခြင်း၏ အကြောင်းရင်းတစ်ခုမှာ ပြည်တွင်းပြည်ပ လူကုန်ကူးခံရသူများကို ကူညီရန်ဖြစ်ပြီး အာရှတိုက်ရှိ ဖိလစ်ပိုင်ပြီးလျှင် အင်ဒိုနီးရှားမှ ဒုတိယအဆင့်ဖြင့် လူကုန်ကူးခံရသူများကို ကူညီပေးရန် ဖြစ်သည်ကြောင်း

လက်ရှိတွင် Talitha Kum Indonesia သည် ပြည်နယ် ၁၅ ခုကျော်တွင် ရှိနေပြီး အခု Covid-19ကြောင့် လူကုန်ကူးမှုပိုပြီး တိုးလာမယ်လို့ထင်တဲ့ ပြည်နယ်တွေမှာ ပိုပြီးလုပ်ဆောင်ဖို့မျှော်လင့်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- သျှားလွန်းမယ်

 

https://bit.ly/3vldfAe

Add new comment

8 + 9 =