အကြမ်းဖက်မှုနှင့်ကြုံတွေ့နေရသောမြန်မာနိုင်ငံ၊ ယုံကြည်ခြင်း၊ ညီညွှတ်ခြင်းနှင့်အမှန်တရား၌ ဆက်လက်ရပ်တည်ပါ’ ဟုရဟန်းမင်းကြီးဖရန်စစ်တိုက်တွန်း

အကြမ်းဖက်မှုနှင့်ကြုံတွေ့နေရသောမြန်မာနိုင်ငံ၊ ယုံကြည်ခြင်း၊ ညီညွှတ်ခြင်းနှင့်အမှန်တရား၌ ဆက်လက်ရပ်တည်ပါ’ ဟုရဟန်းမင်းကြီးဖရန်စစ်တိုက်တွန်း

အကြမ်းဖက်မှုနှင့်ကြုံတွေ့နေရသောမြန်မာနိုင်ငံ၊ ယုံကြည်ခြင်း၊ ညီညွှတ်ခြင်းနှင့်အမှန်တရား၌ ဆက်လက်ရပ်တည်ပါ’ ဟုရဟန်းမင်းကြီးဖရန်စစ်တိုက်တွန်း

ယမန်နေ့ (မေလ ၁၆ ရက်) ‌က ရဟန်းမင်းကြီးဖရန်စစ်သည် အီတလီနိုင်ငံ၊ ရောမမြို့၌ရောက်နေကြသော မြန် မာကက်သလစ်ဘာသာတူများနှင့်အတူ စိန့်ပီတာဘာစီးလီကာ ဘုရားကျောင်းတော်ကြီးအတွင်းရှိ စိန့်ပီတာမစ္ဆားပလ္လင်၌ မြန်မာနိုင်ငံအတွက် အထူးမစ္ဆားကိုတင်လှူပူဇော်ခဲ့သည်။

မစ္ဆားတရားအတွင်း ရဟန်းမင်းကြီးက တပည့်တော်ကြီးများအားကာကွယ်စောင့်ရန် ခမည်းတော်ဘုရားထံ တောင်းလျှောက်ခဲ့သည့်ဆုတောင်းပေါ်အခြေခံ၍ ဩ၀ါဒမြွတ်ကြားခဲ့သည်။ မြန်မာနိုင်ငံ ကြုံတွေ့နေရသော အနိဌာ ရုံကြား၌ ယုံကြည်ခြင်း၌ တည် ကြည်ရန်မှာ အဓိကဖြစ်ရမည်။ ယုံကြည်သူများသည် မကောင်းမှုဘက်သို့ ဦးညွှတ်ယှိုင်ထိုးခြင်းမရှိရ။ အကြမ်းဖက်သူများနှင့်ဘက်ပြိုင်ကြမ်းတမ်းခြင်းမပြုဘဲ အကြမ်း ဖက်ရက်စက်သောအုပ်စု၏ စိတ်များ ကိုပြောင်းလဲလာစေပြီး၊ ငြိမ်းချမ်းရေးကိုဖက်တွယ်တတ်စေရန်ဆုတောင်းပေးရမည်။

လက်ရှိ၌ အကြမ်းဖက်မှု၊ ပဋိပက္ခနှင့်ဖိနှိပ်ညှဉ်းဆဲသတ်ဖြတ်မှုကိုခံနေရသော မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအ တွင်းရှိခရစ်ယာန်များအား ယုံကြည်ခြင်း၌ဆက်လက်ရပ်တည်ရန်၊ ညီညွှတ်ခြင်းရှိရန်၊ အမှန်တရားကိုဖက်တွယ်ထားကြရန် နှင့်သမ္မာတရားအရှင် ယေဇူးသခင်အားယုံကြည်ကြရန်တိုက်တွန်းထားသည်။

ယုံကြည်ခြင်း၌တည်မြဲရန်မှာ ခရစ်ယာန်တို့၏ အကြည့်များကို ဟိုဟိုဒီဒီမကြည့်ဘဲ ကောင်းကင်သို့သာမော့ကြည့်ကြရန်၊ ကမ္ဘာကြီးပေါ်၌ရှိနေစဉ် စစ်ပွဲသည်မရှောင်လွှဲနိုင် သကဲ့သို့ အပြစ်မဲ့သောအသက်များ သွေးမြေကျကြရသည်။ ယုံကြည်၌တည်ကြည်ရန်မှာ အမုန်းတရားဖြင့်ပြန်လည်လက် စားချေသည့် အတွေးအခေါ်ကိုစွန့်လွှတ်နိုင်ရမည်။ တစ်ဆက်တည်း၌ ကျွန်ုပ်တို့၏စိတ်အာရုံများကို ဘုရား သခင်၏ချစ်ခြင်း ၌စွဲမြဲထားရမည်။ အဘယ်ကြောင့်ဆိုသော် ဘုရား သခင်သည် ကျွန်ုပ်တို့အားလုံးကို ညီအစ်ကိုမောင်နှမအဖြစ် အ ချင်းချင်းချစ် ခင်ရန်သင်ကြားသည်။

ဆုတောင်းခြင်းသည် ကျွန်ုပ်တို့အား ဘုရားသခင်ကိုပိုမိုအားကိုးတတ်ရန်၊ ခက်ခဲသည့်အချိန်များ၌ပင် အားကိုးမှု ယုတ်လျော့မသွားရန်သင်ကြားပေးသည်။ ကြုံတွေ့နေရသော အဖြစ်အပျက်များသည် မျှော်လင့်ချက်သယောင်ဖြစ်နေသော် လည်း ယုံကြည်ချက်၊ မျှော်လင့်မပျက်ဘဲ ဆက်လက်ရုန်းကန်တိုက်ပွဲ၀င်ရန် အတွင်းခွန်အားများဖြစ်ပေါ်စေသည်။

ဆု တောင်းခြင်းသည် အခက်အခဲများကို နောက်ဆုတ်အရှုံးပေးခြင်းမဟုတ်။ ထွက်ပြေးရှောင်တိမ်းခြင်းမဟုတ်။ ဆုတောင်း ခြင်းသည် ကျွန်ုပ်တို့၏ချစ်ခြင်းနှင့်မျှော်လင့်ခြင်းကိုသေမင်းတမန်၏လက်ထဲမှတိုက်ထုတ်ပေးသော အကောင်းဆုံးနှင့် တစ် ခုတည်းသောလက်နက်ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ရဟန်းမင်းကြီးက ‘စည်းလုံးညီညွှတ်ကြရန်’ တိုက်တွန်းသည်။ ယေဇူးသခင်သည် သူမရှိတော့သည့်နောက်ပိုင်း၌ တပည့်တော်ကြီးများအချင်းချင်း စည်းလုံးညီညွှတ်မှုရှိကြစေရန် ခမည်းတော်ဘုရားထံ ဆုတောင်းခဲ့သည်။ သို့မှသာ သူတို့သည် ‘တစ်စည်းတစ်လုံး’ တည်းရှိကြမည်ဖြစ်သည်။ (သံယောဟန် ၁၇:၂၁) စည်းလုံး ညီညွှတ်ခြင်းသည် မိသားစုကိုမွေးဖွားပေးပြီး၊ ညီအစ်ကိုမောင်နှမ စိတ်ကိုရှင်သန်လာစေသည်။ ကွဲပြားခြားနားခြင်းသည် ‘သေစေလောက်သော ရောဂါဆိုးကြီး’ ဖြစ်သည်။ ဤရောဂါဆိုးကို ကျွန်ုပ်တို့၏ စိတ်နှလုံး၌ခံစားရသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့သည် အတွင်း၊ မိသားစု၊ အသင်းအဖွဲ့၊ လူအချင်းချင်း၊ သာသနာတော်အတွင်း၌ပင် ကွဲပြားခြားနားလျှက် ရှိကြသည်။ စည်းလုံးခြင်းကိုဖျက်ဆီးသောအခြေအနေများမှာ ဒေါသ၊ မနာလိုခြင်း၊ ကိုယ်ကျိုးကိုသာတွက်၍ အများအကျိုးကို လစ်လျူရူခြင်း၊ သူတစ်ပါးကိုစီရင်ဆုံးဖြတ်သည့်စိတ်သဘောထားရှိခြင်းတို့ဖြစ်သည်။

ကျွန်ုပ်တို့၏ သေးဖွဲသောပဋိပက္ခများကို ကောင်းစွာနားလည်သဘောပေါက်လျှင် ကြီးမားသောအရှုပ်တော်ပုံကို ထောက်ရူဆင်ခြင်နိုင်မည်ဖြစ်သည်။ သင်တို့၏ တိုင်းပြည်ကြုံတွေ့နေရသည့်အခြေအနေအတိုင်းပင်ဖြစ်သည်။ အဖွဲ့အစည်း တစ်ခုခုကိုအားပေးထောက်ခံသူများသည် ကိုယ်ကျိုးကိုဆာငတ်ပြီး၊ အာဏာကိုအတင်း အဓမ္မသိမ်းယူလျှင် ပဋိပက္ခနှင့်အ ကွဲကွဲပြားပြားဖြစ်မှုများသည် ရှောင်လွှဲမရဘဲဖြစ်ပေါ်လာမည်ဖြစ်သည်။ ကွဲပြားခြင်းသည် နတ်ဆိုး၏လုပ်ရပ်ဖြစ်ပြီး၊ နတ် ဆိုးသည်အကြီးဆုံးသွေးခွဲသူဖြစ်သည်။

ကျွန်ုပ်တို့အားလုံးသည် စည်းလုံးခြင်းကိုတည်ဆောက်ရန် ခေါ်တော်မူခြင်းခံထားရသည်။ ခမည်းတော်ဘုရားထံ ယေဇူးသခင်၏ မေတ္တာရပ်ခံချက်ကို နှလုံးပိုက်၍စောင့်ရှောက်ရမည်။ မြေကြီးပေါ်၌ ပြည့်စုံစေရမည်။ မိသားစုတစ်စုအဖြစ် ပြောင်းလဲရမည်။ ညီအစ်ကိုမောင်နှမ အချစ်မျိုးဖြင့် ရင်းနှီးချစ်ခြင်စွာနေထိုင်နိုင်သော သတ္တိကိုလည်းမွေးယူရမည်။ ယနေ့ မျက်မှောက်၌ ကျွန်ုပ်တို့အတွက် အရေးကြီးဆုံးလိုအပ်ချက်ကား ညီအစ်ကိုမောင်နှမစိတ်ရှိရန်ပင်ဖြစ်သည်။

ငြိမ်းချမ်းရေးနှင့်ညီအစ်ကို မောင်နှမစိတ်ထားမျိုးကိုတည် ဆောက်ရန်မျာ အောက်ခြေမှတက်လာရသည်။ တစ်ဦးစီ၌ကိန်း၀ပ်နေရမည်။ အသေးအဖွဲကိစ္စမှအစပြုရသည်။ မခိုမကပ်သော တစ်ဦးစီ၏ပါ၀င်မှုလည်းရှိရမည်။ ဤအခြေအနေကို ရရှိရန် သင်တို့အားလုံးလည်း အသေးအဖွဲမှစ၍ အားထုတ်လုပ်ဆောင်နိုင်သည်။ သင်တို့လည်း ညီအစ်ကိုရင်းစိတ်ဓာတ်ကို တည်ဆောက်သူဖြစ်ရမည်။ ဤစိတ်ဓာတ်ကိုမျိုးကြဲသူဖြစ်ရမည်။ အကြမ်းဖက်ခြင်းကြောင့်ပြိုကွဲသွားခဲ့သော ဤစိတ်ဓာတ် ကိုပြန်လည်တည်ဆောက်ရမည်။ ဤအခြေအနေကို တစ်ဦးတစ်ယောက်စီအနေဖြင့်သော်လည်းကောင်း၊ သာသနာအနေ ဖြင့်သော်လည်း ကောင်းတည်ဆောက်ရမည်။ တွေ့ဆုံဆွေးနွေးခြင်းကိုမြှင့်တင်လုပ်ဆောင်စို့။ အချင်းချင်းလေးစားကြစို့။ ညီအစ်ကိုမောင်နှမများ၊ အသိုင်းအဝိုင်းကို ဂရုစိုက်ကြစို့။

အမှန်တရားကို စောင့်ထိန်းခြင်းဟုဆိုရာ၌ ဘ၀၏မည်သည့်အခြေအနေ၌မဆို ပရောဖက်ပြုခြင်းဖြစ်သည်။ ဆိုလို သည်မှာ ဧဝံဂေလိတရား၌ကျင့်ကြံရှင်သန်ခြင်းနှင့်သက်သေခံခြင်းကို ခေတ်ရေစီးကြောင်း၏အတွေးအမြင်၊ အယူအဆများ နှင့်ဆန့်ကျင်၍ လည်းကျင့်ကြံရန်လိုသည်။ လက်ရှိ၌မူ ကျွန်ုပ်တို့ခရစ်ယာန်များသည် အပေးအယူသဘောမျိုးလုပ်ချင်ကြ သည်။ သို့သော် သမ္မာတရားနှင့်ပတ်သက်၍ ဧဝံဂေလိတရားသည် ကျွန်ုပ်တို့အား ဝေ့ကာပတ်ကာရှင်သန်ရန်မဟုတ်ဘဲ တည်ကြည်ဖြောင့်မတ်ရန်နှင့်သမ္မာတရားအတွက် ကျွန်ုပ်တို့၏အသက်ကိုပင်ပေးဆက်ရန်တောင်းဆိုနေသည်။

စစ်မီးလျှံ၊ အကြမ်းဖက်မူနှင့်အမုန်းတရားများကြား၌ ဧဝံဂေလိတရားကို သစ္စာမပျက်ဘဲစောင့် ထိန်းခြင်း၊ ငြိမ်းချမ်း ရေးတည် ဆောက်သူဖြစ်ရန် ခေါ်ဖိတ်ခံထားရသောကြောင့် လူမှုရေး၊ နိင်ငံရေး အခြေအနေပေါ်မူတည်၍ ထိုအမှုတော်ကို ဦးလည်မသုန်ဆောင်ရွက်ရမည်။ ထိုသို့ဆောင်ရွက်ရာ၌ ကျွန်ုပ်တို့၏အသက်ကိုလည်း ပေးဆပ်ရန်လိုအပ်လာလျှင် ပေး ဆပ်ရမည်။ ဤနည်းအားဖြင့်သာလျှင် အခြေအနေသည်ပြောင်းလဲသွားပေမည်။

ဘုရားသခင်သည် မပူမအေး ခွနေသူများ ကိုအလိုမရှိပေ။ ကျွန်ုပ်တို့အား ဓမ္မ၊ ဧဝံဂေလိတရားနှင့်ပတ်သက်၍ ရဲဝံ့စွာဆက်ကပ်ရန်၊ ရပ်တည်ရန်သာလိုလားသည်။ သို့ မှသာ ကောင်းကင်နိုင်ငံတော်၏ ပျော်ရွှင်ခြင်းကို သူတစ်ပါးအား ၀မ်းနည်းနာကျင်မှု မဟူရာညများ၌ လည်းကောင်း၊ မကောင်းမှုကြီးစိုးအနိုင်ရနေစဉ်များ၌လည်းကောင်း သက်သေခံနိုင်မည်ဖြစ်သည်။

နောက်ဆုံး၌ ယနေ့ ကိုယ်တော်ရှင်၏ (နောက်ဆုံးညစာစားပွဲ မစ္ဆား) ပလ္လင်ပေါ် ချထားပူဇော်လိုသည်မှာ သူ့လူမျိုး ခံစားနေရသောဝေဒနာများဖြစ်ပြီး၊ ဤပူဇော်ခြင်း၌ သင်တို့အားလုံးလည်းပါ၀င်ဆုတောင်းရင်း ငြိမ်းချမ်းရေးကိုလိုလား သောနှလုံးသားပိုင်ရှင်များအဖြစ် ပြောင်းလဲပေးရန်၀ိုင်း၀န်းဆုတောင်းပေးကြပါ။ ယေဇူးသခင်၏ဆုတောင်းမေတ္တာ (ကောင်းကင်ဘုံ၌) သည် ခက်ခဲသောအချိန်၌ပင် ကျွန်ုပ်တို့အား ယုံကြည်ခြင်း၌တည်မြဲရန်၊ စည်းလုံးခြင်းကိုတည်ဆောက် သူများဖြစ်ရန်၊ ဧဝံဂေလိတရား၏သွန်သင်ချက်အမှန်ကို အသက်ပေး၍သက်သေခံရန် ကူညီပေးလေ့ရှိသည်။ ယနေ့ဖြစ် ပျက်နေသောအခြေအနေမျိုး၌ ၎င်းတို့၏မျှော်လင့်ချက် မပျောက်မပျက်စေပါနှင့်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသ ခင် ခမည်းတော်ဘုရားထံ၌ ကျွန်ုပ်တို့အားလုံးအတွက် အသနားခံဆုတောင်းပေးလျှက်ရှိသည်။ ကျွန်ုပ်တို့အား မကောင်းမှုများမှလည်းကောင်း၊ မတရား အကြမ်းဖက်သောအာဏာရှင်များ၏ ဖိနှိပ်၊ ဖမ်းဆီး၊ ညှဉ်းဆဲ၊ ချုပ်နှောင်၊ သတ်ဖြတ်ခြင်း များမှ ကင်းလွတ်နိုင်ရန်အစဉ်ဆုတောင်းပေးနေပါသည်ဟုဩ၀ါဒမိန့်ကြားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3v1LDyv

Add new comment

7 + 9 =