အကြမ်းဖက်မူရပ်တန်းကရပ်ပါ။ အမုန်းကိုချစ်ခြင်းဖြင့်သာတိတ်ဆိတ်ပျက်သုန်းအောင်လုပ်ဆောင်နိုင်သည်ဟုပုပ်ဖရန်စစ်မြွက်ကြား

အကြမ်းဖက်မူရပ်တန်းကရပ်ပါ။ အမုန်းကိုချစ်ခြင်းဖြင့်သာတိတ်ဆိတ်ပျက်သုန်းအောင်လုပ်ဆောင်နိုင်သည်ဟုပုပ်ဖရန်စစ်မြွက်ကြား

အကြမ်းဖက်မူရပ်တန်းကရပ်ပါ။ အမုန်းကိုချစ်ခြင်းဖြင့်သာတိတ်ဆိတ်ပျက်သုန်းအောင်လုပ်ဆောင်နိုင်သည်ဟုပုပ်ဖရန်စစ်မြွက်ကြား

ရဟန်းမင်းကြီးသည် ဩစတီယာ၌ဖြစ်ပွားခဲ့သောအကြမ်းဖက်မူနှင့်ပတ်သက်၍အလွန်စိတ်ထိခိုက်ခံစားရကြောင်း ထုတ်ဖော်မိန့်ကြားထားသည်။ ပြီးခဲ့သောတနလ်ာနေ့ညက အစွန်းရောက်သေနတ်သမားများ၏တိုက်ခိုက်ခြင်းကြောင့် အနည်းဆုံးလူ (၄) ဦးသေဆုံးပြီး၊ (၁၅) ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့သည်။

ရဟန်းမင်းကြီးသည်ထိုသတင်းကိုကြားလျင်ကြားခြင်း Vienna ဂိုဏ်းချုပ်ဆရာတော်ကာဒီနယ် Christoph Schönborn ထံသို့ဗာတီကန်၏အတွင်းရေးမှူးကာဒီနယ် Pietro Parolin ၏လက်မှတ်ဖြင့်သံကြိုးစားပေးပို့ကာအထူး၀မ်း နည်းရကြောင်းနှင့်ထိုသို့ကြုံတွေ့ခဲ့ရသောသူများနှင့်အတူတစ်စိတ်တစ်၀မ်းတည်းခံစားရကြောင်းမိန့်ကြားခဲံသည်။

သံကြိုး စာထဲ၌ ‘လူ့အသက်ပင်သေဆုံးသည်အထိဖြစ်ခဲ့ရသော မြို့တော်၌ဖြစ်ပျက်ခဲ့သည့်ရင်နစ်ဖွယ်သတင်းကြောင့် ရဟန်းမင်း ကြီးဖရန်စစ်သည်အလွန်စိတ်ထိခိုင်ခံစားခဲ့ရကြောင်း၊ အားလုံးနှင့်ထပ်တူခံစားနေရကြောင်း၊ အားလုံး၏လုံခြုံမူနှင့်နစ်သိမ့် မူရရှိစေရန်လည်းဆုတောင်းပေးလျှက်ရှိကြောင်း၊

ဤအကြမ်းဖက်မူကြောင့်ကွယ်လွန်သွားခဲ့ကြသောသူတို့အတွက်လည်း ဘုရားသခင်၏အသနားတော်မြတ်ခံစားရစေရန်နှင့်ဤအကြမ်းဖက်လုပ်ရပ်များ၊ အမုန်းတရားများရပ်တန်သွားစေရန်၊ ငြိမ်း ချမ်းလုံခြုံသောလူမူအသိုင်းအ၀ိုင်းများရှင်သန်လာစေရန်၊ မြှင့်တင်လုပ်ဆောင်ရန်ကိုလည်းဆုတောင်းပါကြောင်း၊ ရဟန်း မင်းကြီးသည်ထိုရင်နစ်ဖွယ်အဖြစ်ကိုကြုံတွေ့ခဲ့ရသောသူများအားလုံးအပေါ်သူ၏ကောင်းကြီးကိုလည်းပေးမျှလိုက်ပါကောင်းဖြင့်ရေးသားထားပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: AFP or licensors

https://bit.ly/36ebIz6

 

Add new comment

16 + 0 =