အကျင့်စာရိတ္တနဲ့ပြည့်ဝတဲ့ နိုင်ငံများဟာ လက်နှက်မရောင်းပါ ဟု ပုပ်ဖရန်စစ်မှ ကျောင်းသားများအားမြွက်ကြား

အကျင့်စာရိတ္တနဲ့ပြည့်ဝတဲ့ နိုင်ငံများဟာ လက်နှက်မရောင်းပါ ဟု ပုပ်ဖရန်စစ်မှ ကျောင်းသားများအားမြွက်ကြား

အကျင့်စာရိတ္တနဲ့ပြည့်ဝတဲ့ နိုင်ငံများဟာ လက်နှက်မရောင်းပါ ဟု ပုပ်ဖရန်စစ်မှ ကျောင်းသားများအားမြွက်ကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ ၎င်းအာဂျင်တီးနားမှာ ဂိုဏ်းချုပ်ဆရာတော်အဖြစ် ရှိစဉ်ကထဲက အစပြုခဲ့တဲ့ စကော်လာ များရဲ့ ဗဟိုဌာန ကို အလည်အပတ်ကြွရောက်ခဲ့ပါတယ်။

စကော်လာ ဟာ စာသင်ကျောင်းများပေါင်းစုထားတဲ့ ကွန်ရက်တခုဖြစ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ အချိပ်အဆက်ရှိတဲ့ အဖွဲ့အစည်းလည်းဖြစ်ကြောင်း ၊ ဒီအဖွဲ့ဟာ နိုင်ငံ၊လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာတရား နောက်ခံ မတူတဲ့ လူငယ်များကြားမှာ အပြန်အလှန်နှီးနှောဖလှယ်ခြင်းနဲ့ လေးစားမှုများရှိစေရေး ကိုရည်ရွယ်ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်တယ်လို့ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံရာမှာ ကမ္ဘာတဝှမ်းမှ ကျောင်းသားများဟာ ၎င်းတို့ရဲ့ အတွေ့အကြုံတွေကို ဝေငှလျှောက်ထားခဲ့ကြပါတယ်။ ကိုဗစ်ကာလ မှာ ၎င်းတို့ဟာ အီတလီက ဗယ်လဲရီယို ဒေသ ကဲ့သို့သော နေရာများမှာ အထီးကျန်မှုနဲ့ ခံစားချက်များစွာရှိနေကြတဲ့ ကျောင်းသားများကို ထိုအခက်အခဲများကနေ ကျော်လွှားနိုင်အောင်ကူညီပေးနိုင်ခဲ့ကြကြောင်း

စကော်လာ ကွန်ရက်ဟာ ကမ္ဘာ့တိုက်ကြီး ၅ တိုက်မှာ ပျံ့နှံ့နေပြီး လူထုအဖွဲ့အစည်းများပင် ပါဝင်လာကြောင်း၊ အထက်ပါ အစည်းအဝေးမှာ ဩစတေးလျ၊ အမေရိကားနဲ့ စပိန်နိုင်ငံမှ ကျောင်းများကတော့ အွန်လိုင်းကနေသာ ပါဝင်တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ ပတ်သက်ပြီးလည်း ကျောင်းသားများကို ပုပ်ဖရန်စစ်က မေးခွန်းထုတ်ရာမှာ သင်တို့လက်နှက်တွေ ထုတ်ကြပါသလား။ သင်တို့ရဲ့ ကြွယ်ဝမှုတွေကို လက်နှက်ရောင်းဝယ်ရာမှာ အသုံးပြုပြီး တပါးသူများနဲ့ အချင်းချင်းကို သတ်နေကြပါသလား။ ဒီလို မေးခွန်းမျိုးတွေကို စဉ်းစားသုံးသပ်ခြင်းအားဖြင့် နိုင်ငံတနိုင်ငံဟာ အကျင့်စာရိတ္တနဲ့ပြည့်ဝတဲ့ နိုင်ငံ လားဆိုတာ မြင်နိုင်မှာပါလို့ဆိုပါတယ်။

ဒီနောက်မှာတော့ စကော်လာ အဖွဲ့အစည်း အား ဖေးမ ကူညီပေးသူအားလုံး စီစဉ်သူအားလုံးကို အရှင်သူမြတ်က ကျေးဇူးတင်ခဲ့ပါတယ်။

 

ဘာသာပြန်_စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: Google Images

https://bit.ly/3oFvCf8

 

Add new comment

7 + 11 =