ဟောလိဝုဒ် မင်းသား Shia Labeouf သည်ရဟန္တာစိန့်ပါဒရေပီးယို နေရာမှာသရုပ်ဆောင်ရင်း ကက်သလစ်ဘာသာကို ကူးပြောင်းလာခဲ့သည်ဟုဆို

ဟောလိဝုဒ် မင်းသား Shia Labeouf သည်ရဟန္တာစိန့်ပါဒရေပီးယို နေရာမှာသရုပ်ဆောင်ရင်း ကက်သလစ်ဘာသာကို ကူးပြောင်းလာခဲ့သည်ဟုဆို

 

ဘုရားသခင်ရဲ့ နည်းလမ်းဟာ ဆန်းကြယ်မှုနဲ့ နားလည်ရခက်ပြီးတော့ ဟောလိဝုဒ် သရုပ်ဆောင် မင်းသား Shia Labeouf ရဲ့ ဘဝဟာ စဉ်းစားစရာတစ်ခုဖြစ်ခဲ့ပါတယ်။

အသက်( ၃၆ )နှစ်အရွယ် ဘာသာမဲ့ တစ်ဦးဖြစ်တဲ့ ဟောလိဝုဒ် မင်းသား Shia Labeouf ဟာ ကာပူချင်းရသေ့ ဘုန်းတော်ကြီး စိန့်ပါဒရေ ပီးယိုရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးဖို့ ကမ်းလှမ်းခံရတဲ့အခါမှာ လက်ခံခဲ့ပါတယ်။

သူ့ရဲ့ ပြောင်းပြန်ဆန်တဲ့ ဘဝကနေ ကက်သလစ်ဘာသာကို ကူးပြောင်းခဲ့ပြီး အမေရိကန်နိုင်ငံရှိ Winona-Rochester မှ ဆရာတော်ရောဘတ် ဘာရွန် (Bishop Robert Barron) ရဲ့ “Word on Fire” အဖွဲ့ဌာနရဲ့ အင်တာဗျူးတစ်ခုမှာ ဟောလိဝုဒ်မင်းသားက သူရဲ့ပြောင်းလဲခြင်းအကြောင်းကိုအသေးစိတ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Shia ဆိုတဲ့ အဓိပ္ပာယ်ဟာ ဟေဗြဲဘာသာဖြင့် “ဘုရားသခင်ရဲ့လက်ဆောင်” ဟုအဓိပ္ပာယ်ရပြီး မင်းသားရဲ့ မိခင်သည် ဂျူးလူမျိုးဖြစ်ပြီးတော့ ဖခင်ခရစ်ယာန်တစ်ဦးမှ မွေးဖွားလာသူဖြစ်ကာ

သူ့မိခင်ဘက်ကအဖွားအတွက် ဂျူးတွေရဲ့ဆေးကြောခြင်းအခမ်းအနားကို တက်ရောက်ခဲ့ပြီး ဆေးကြောခြင်းခံခဲ့ကြောင်း ဆရာတော် ဘာရွန် (Bishop Barron ) နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မင်းသား Shia က ပြောကြားခဲ့ပါတယ်။

Disney Channel ဇာတ်လမ်းတွဲ “Even Stevens” မှာ Louis Stevens အဖြစ်နဲ့ သရုပ် ဆောင်ခဲ့တဲ့ မင်းသား Shia က ခရစ်ယာန်အသက်တာပြောင်းလဲဖို့ ခရီးစတင်ချိန်မှာ အရမ်းကို ခက်ခက်ခဲခဲနဲ့နာကျင်စရာတွေနဲ့ ကျော်ဖြတ်ခဲ့ရကြောင်းနဲ့ မင်းသား Shia က စိန့်ပါဒရေပီးယို အကြောင်းကို မသိခင်မှာ သူ့ဘဝဟာ အရမ်းကို ရှုပ်ထွေးလှတယ် လို့ ဆိုပါတယ်။

စားပွဲပေါ်မှာ လက်နက်တစ်ခုနဲ့လည်း သူ့ကိုယ်သူ သတ်သေဖို့ အထိစိတ်ကူးရှိခဲ့ပြီး ကွာရှင်းထားတဲ့ သူ့အမေနဲ့လည်း စကားမပြောတော့တဲ့အထိ ဖြစ်ခဲ့ကြောငိး “သရုပ်ဆောင်မလုပ်ချင်တော့တဲ့အတွက် စိတ်ထဲမှာ ပူလောင်ပြီးတော့ ရုပ်ရှင် သရုပ်ဆောင်မဖြစ်ချင်တော့ဘူး။ လူတော်တော်များများကို နာကျင်စေခဲ့တယ်၊ ကိုယ့်ကိုယ်ကိုလည်း လိပ်ပြာမလုံသလို ခံစားရတယ်” ဆိုပြီအင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

စိန့်ပါဒရေပီးယိုရဲ့ ကြားဝင်ဆုတောင်းပေးမှု

ဒီလို ဘဝအမှောင်ကျချိန်မှာ ကိုယ့်ကိုယ်လည်း အတ္တစိတ်ထားပြီးတော့ လုံးဝ အခြေအမြစ်မရှိတဲ့ဘဝကို ပြန်ပြီး စတင်ဖို့ စိတ်ကူးယဉ်ခဲ့တဲ့အချိန်မှာ ပဲ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့ Abel Ferrara နဲ့ Padre Pio's Pietrelcina ကနေအွန်လိုင်းဝိညာဉ်ရေးရာအစီအစဉ်တစ်ခုမှာ တွေ့ဆုံခဲ့ကြောင်း “ငါတို့ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်၊နားလည်မှုတွေကို မျှဝေခဲ့ပြီး၊ ဒီရဟန္တာ အကြောင်းကို သိလားလို့ သူက ကျွန်တော်ကို မေးခဲ့တယ်။ ဒီဟာက Shia ရဲ့ စိတ်ဝင်စားမှုကို ပြင်းထန်စေပြီးတော့ ဒီရဟန္တာ အကြောင်းကို စိတ်ဝင်တစားနဲ့ (၂၀) ရာစုနှစ် ဒဏ်ရာ ငါးချက် ရခဲ့တဲ့သူအကြောင်းကို လေ့လာခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီအချိန်မှာပဲ Ferrara က သူ့ရဲ့ ရုပ်ရှင်ရိုက်မယ့်အကြောင်းအရာကို ဝေငှကြည့်ပြီး သူ့ကိုမင်းသားလုပ်ဖို့ ဆွဲဆောင်ခဲ့လိုက်ကြောင်း “မင်းသား Willam Dafoe က ရုပ်ရှင်ထဲမှာ ပါဝင်မယ်လို့ လည်း ကျွန်တော့်ကိုပြောထားတယ်။ ငါ့အတ္တမာနတွေ ခဝါချပြီး အောက်ခြေကနေ မင်းသား Dafoe နဲ့ တွဲလုပ်လို့ရတယ်” လို့ ပြောခဲ့ပါတယ်။

Ferrara ဟာ မင်းသား Shia ကို စိန့်ပါဒရေပီးယိုရဲ့ ဘဝအကြောင်းပိုမိုသိလာအောင် သူ့အား ရဟန်းဖြစ်သင်ကျောင်းမှာ သွားနေခိုင်းခဲ့ကြောင်း

Pasadena မှာနေထိုင်တဲ့ Shia အတွက် အနီးဆုံးရဟန်းဖြစ်သင်ကျောင်းကတော့ San Lorenzo မှာ ကာပူချီ ရဟန်းဖြစ်သင်ကျောင်းဖြစ်သည်။

သူသည် သူ့ကားထဲမှာပဲ နေထိုင်ခဲ့သည်။ အဲ့ဒီအချိန်မှာ သူ့ရဲ့ဝိညာဉ်ခရီးစဉ် စတင်ပြီးတော့ အဲ့ဒီနေရာမှာပဲ ကက်သလစ်ဘာသာက‌နေပြောင်းလဲလာခဲ့သည်။ ဖရန်စစ်စကန် ရသေ့ဂိုဏ်းက ဘရာသာရ် Jude နဲ့ Alex ရယ် ဖာသာရ် James နဲ့ Sacred Heart က စစ်စတာရ် Lucia တို့က မင်းသား Shia ကို ဒီကက်သလစ်ဘာသာကနေ ကူးပြောင်းဖို့ အဓိက ကူညီပေးသူတွေဖြစ်ကြသည်။

တစ်ခါတုန်းက နာမည်ကြီးတဲ့ Ted Talks ကနေ မင်းသား Shia က အ့တာတွေကြည့်ရင်းကြည့်ရင်းနဲ့ ဧဝံဂေလိတရားတော်ကို ပထမဆုံးအကြိမ် စတင်ဖတ်ရှုခဲ့ပြီး ဘုရားသခင်ရဲ့သနားကရုဏာတော်ကို တွေကြုံလာကာ မလိုအပ်တဲ့ ဝန်ထုပ် ဝန်ပိုးတွေကိုစွန့်လွတ်ဖို့ လိုအပ်ကြောင်းကို ခံစားခဲ့ရကြောင်း

တဖြည်းဖြည်းနဲ့ အတ္တမာနတွေ ပျောက်ကွယ်သွားသလို ခံစားလာရပြီး မိခင်နဲ့လည်း ပြန်လည်သင့်မြတ်လာခဲ့ကာ တစ်ချိန်က ကက်သလစ်ယုံကြည်ခြင်းကို အသရေဖျက် စိန်ခေါ်ပြီး ဂုဏ်ယူခဲ့တဲ့ မင်းသားက ယခုအခါမှာတော့ ကက်သလစ်ဘာသာကို ပိုမိုတွယ်တာလာခဲ့ပါတယ်။

မင်းသား Shia က စာရေးဆရာ Thomas Mertonရဲ့ တောင်ခုနှစ်ထပ်ပုံပြင် ( The Seven Storey Mountain) ရယ် စိန့်ဩဂုတ်စတင်းရေးသားထားတဲ့ ဝန်ခံခြင်း ( Confessions) နဲ့ Jim Townsend စာအုပ်ကနေ လူဆိုး တစ်ယောက်ကနေ ကာပူချီ ရသေ့ဂိုဏ်းဝင် ဖြစ်လာတဲ့အကြောင်းကိုရေးသားထားတဲ့ စာအုပ်တွေက သူ့ရဲ့ဝိညာဉ်ရေးခရီးအတွက် အကူအညီပေးပြီး ဘဝကို ဖြည့်ဆည်းပေးလို့ ကျေးဇူးတင်ကြောင်း မင်းသား Shia က ချီးကျူး ဂုဏ်ပြုပြီး ပြောကြားခဲ့ပါတယ်။

 

အာဗီအေဘာသာပြန် - သျှားလွန်းမယ်

Photo courtesy of SW News

https://bit.ly/3TtfWuD

Add new comment

1 + 0 =