ဟောင်​ကောင်ရှိ နိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူ ကက်သလစ်တစ်ဦး ဖမ်းဆီးခံရ ​

ဟောင်​ကောင်ရှိ နိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူ ကက်သလစ်တစ်ဦး ဖမ်းဆီးခံရ ​

ဟောင်​ကောင်ရှိ နိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူ ကက်သလစ်တစ်ဦး ဖမ်းဆီးခံရ ​

ဟောင်​ကောင်နိုင်ငံ၏နိုင်ငံသားများလွတ်လပ်ခွင့်အ​ရေးအတွက် တက်ကြွလှုပ်ရှား​နေ​သော Agnes Chow အမည်ရှိ ကက်သလစ်အမျိုးသမီးသည် တနင်္လာ​နေ့က ဖမ်းဆီးခံရသည်။

သူမကိုတရားစွဲဆိုထား​သောအမှုမှာ နိုင်ငံ​တော်လုံခြုံ​ရေးဥပ​ဒေကိုချိုး​ဖောက်ခြင်း ဖြစ်သည်ဟုဆိုသည်။ အသက်၂၃နှစ်ရှိပြီဖြစ်​​သော သူမသည် Jimmy Lai ဟု​ခေါ်​သော ဒီမိုက​ရေစီသင်းစာထုတ်​ဝေသူနှင့်အတူ တစ်ရက်တည်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး Jimmyသည်လည်း ကက်သလစ်ဘာသာဝင်ဖြစ်သည်။​​

ဟောင်​ကောင်၏သီးခြားအုပ်ချုပ်ခွင့်အတွက် ​ထောက်ခံ​ပြောဆိုခဲ့​သော သူမသည် ဖမ်းဆီးခြင်းကိုလည်း မနှစ်ကစ၍ မကြာခဏခံရသည်ဟုဆိုသည်။

အ​စောပိုင်းတွင် Demosisto ပါတီ၀င်ဖြစ်ခဲ့​သော်လည်း လုံခြုံ​ရေးဥပ​ဒေ အသက်ဝင်လာပြီး ​နောက်ပိုင်းတွင် သူမတို့၏ပါတီလည်း ဖျက်သိမ်းခံလိုက်ရသည်။

တရုတ်သတင်းစာများက သူမကို အင်္ဂါ​နေ့တွင် အာမခံဖြင့် လွတ်​ပေးခဲ့ပြီဖြစ်​ကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် တရုတ်က အ​မေရိကန်နှင့်အ​နောက်နိုင်ငံမှအင်ဂျီအိုများမှ လူ့အခွင့်အ​ရေးချိုး​ဖောက်သည်ဟူ​သော ​ဝေဖန်ချက်ကို ငြင်းဆိုသတိ​ပေးခဲ့ပြီး "​ဟောင်​ကောင်ကိစ္စရပ်များတွင် ဆိုးဝါး​စွာ မပြုမူကြရန်" ရာဇသံ​ပေးခဲ့သည်။

 

ဘာသာပြန် - Agnes Lawh Lun

Photo courtesy of : Delphia Ip / NurPhoto / NurPhoto via AFP

https://bit.ly/3iU8Mwu

Add new comment

2 + 14 =