ဟောင်ကောင် ကက်သလစ်သာသနာသည် Tiananmen ရင်ပြင်၌မစ္ဆားပူဇော်နိုင်ရန်ကြိုးစား

ဟောင်ကောင် ကက်သလစ်သာသနာသည် Tiananmen ရင်ပြင်၌မစ္ဆားပူဇော်နိုင်ရန်ကြိုးစား

ဟောင်ကောင် ကက်သလစ်သာသနာသည် Tiananmen ရင်ပြင်၌မစ္ဆားပူဇော်နိုင်ရန်ကြိုးစား

နှစ်စဉ် နှစ်ပတ်လည်နေ့ရောက်တိုင်း (ဇွန်လ ၄၊ ၁၉၈၉) ခုနှစ် တရုတ်နိုင်ငံ၏ Tiananmen ရင်ပြင်၌ တရုတ်အစိုးရအား ဆန့်ကျင်သောလူထုကြီးအား အင်အားသုံးဖြိုခွဲခဲ့သည်ကို ဟောင်ကောင်နိုင်ငံ၌ နှစ်စဉ်အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပလာခဲ့သည်။ အင်္ဂလန်နိုင်ငံ၏ကိုလိုနီနယ်အဖြစ်မှ‌ဟောင်ကောင်အား တရုတ်နိုင်ငံသို့ပြန်အပ်ပေးခဲ့သည့်နှစ်များမှ စ၍ ဤအောက်မေ့ဖွယ်အစီအစဉ်သည် ဟောင်ကောင်၏တရုတ်ပြည်မအစိုးရကို ဩဇာမခံလို့သည့် ဆန့်ကျင်လှုပ်ရှားမှုအသွင်ဆောင်လာခဲ့သည်။  

 

ယခင်နှစ်ကဆိုလျှင် ဤအောက်မေ့ဖွယ်နေ့ကို ကိုးဗစ် (၁၉) အကြောင်းပြု၍ ကျင်းပခွင့်မရခဲ့ပေ။ အခမ်းအနားဖြင့်ကြီး ကျယ်စွာမကျင်းပခဲ့သော်လည်း ဟောင်ကောင်ပြည်သူများသည် ထိုနေ့၌ဖယောင်းတိုင်ကိုယ်စီထွန်းညှိ၍ အဆိုပါအရေး အခင်း၌ကျဆုံးခဲ့သူများအတွက်သတိရအောက်မေ့ခဲ့ကြသည်။ ထိုလှုပ်ရှားမူသည် ခါတိုင်းနှစ်ထက်ပင်ပို၍ ခံယူချက်ပြင်း ထန်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တရုတ်ပြည်မအစိုးက လုံခြုံရေးအကြောင်းပြ၍ ဟောင်ကောင်ကိုပို၍ဖိအားပေး လာသည်။        

 

ယခင်နှစ် ဇွန်လ (၃၀) ၌ အဆိုပါဖိအားပေးမူကိုဆန့်ကျင်ဆန္ဒပြမှုကြောင့် အတော်များများဖမ်းဆီးခံခဲ့ရသည်။ ထိုဖမ်းဆီး ခံများအနက် မီဒီယာ၌ဖော်ပြမှုများကြောင့် လူသိပိုများခဲ့သူမှာ Jimmy Lai ဖြစ်ပြီး၊ သူသည်ကက်သလစ်ဘာသာတူ တစ်ဦးဖြစ်သည်။ ယခင်နှစ်အောက်တိုဘာလ ဆန္ဒပြမှု၌ပါ၀င်ခဲ့သည့်အမှုဖြင့် ယခုတစ်ပတ်တနင်္လာနေ့ကသူ့အား ‌ထောင်ဒဏ် (၁၄) လချမှတ်ခဲ့သည်။

 

ဒီမိုကရေစီတောင်းဆို၍ လူမဆန်စွာဖိနှိပ်ပစ်ခတ်သတ်ဖြတ်ခဲ့သောအရေးတော်ပုံနှစ်ပတ်လည်နီးကပ်လာသည်နှင့် ဟောင်ကောင်ကက်သလစ်သာသနာတော်ကြီးက လွန်ခဲ့သော (၃၂) ကထိုအရေးအခင်းဖြစ်ပွားခဲ့သောရင်ပြင်၌ ကျဆုံး သွားခဲ့ကြသောကျောင်းသားများနှင့်အခြားသောဆန္ဒပြသူများအားမမေ့အပ်သည့်အကြောင်း၊ ဇွန်လ (၄) ရက်နေ့၌ကျ ရောက်မည့် ထိုနှစ်ပတ်လည်နေ့တွင် ကက်သလစ်ပြည်နယ် (၇) ခုက မစ္တားများပူဇော်ဆုတောင်းပေးကြမည်ဖြစ်သည်။    

 

အကြောင်းအမျိုးမျိုးကြောင့် ထိုအကြောင်းအရာများကို ပွင့်လင်းစွာထုတ်ပြောပြောဆိုခွင့်မရှိသော်လည်း သမိုင်းကိုလုံး၀ မမေ့

အပ်သည်ကို ‘အသက်ပေးလှူ၍တည်ထောင်ခဲ့သော ဤမစ္ဆားယဇ်ပူဇော်၍ သမိုင်း၏သခင်သည် အမှန်တရားအ တွက် ဤအရေးအခင်း၌အသက်စွန့်သွားခဲ့ကြသောသူများနှင့်ယခင်နှစ်နွေဦးတော်လှန်ရေး၌ အသက်ဆုံးရှုံးခဲ့ကြ သော သူတို့ကိုသနားတော်မူပါစေ’ ဟုဟောင်ကောင်သာသနာ၏တရားမျှတခြင်းနှင့်ငြိမ်းချမ်းရေး ကော်မရှင်၏စာမျက်နှာပေါ် ၌ရေးသားထားသည်။

 

ဤကြေညာချက်သည် ‌ဟောင်ကောင်သာသနာအတွက် ဆရာတော်အသစ်အဖြစ် ဂျက်ဆွီစ်ဘုန်းတော်ကြီး Fr. Stephen Chow ၏အမည်ကြေညာပြီးနောက် တစ်ပတ်အကြာထွက်ပေါ်လာခြင်းဖြစ်သည်။ ဆရာတော်အသစ်သည် ဒီဇင်ဘာလမှသာ သာသနာပိုင်အဖြစ်အမှုတော်ထမ်းဆောင်မည်ဖြစ်သည်။ သူသည် လက်ရှိ၌ တရုတ်နိုင်ငံရှိ ဂျက်ဆွီစ် ဘုန်းတော်ကြီးများ၏အကြီးအကဲဖြစ်သူက ဤနှစ်ပတ်လည်အောက်မေ့ဖွယ်ဆုတောင်းခြင်းနှင့်ပတ်သက်၍ သူသည် (၁၉၈၉) ခုနှစ်၌ ဒီမိုကရေစီအရေးအတွက်တောင်းဆိုရင်း ကျဆုံးခဲ့သောသူရဲကောင်းများအတွက်သတိရဆုတောင်းပေး မည်ဖြစ်ကြောင်း ‘အတိတ်၌ ဤဆုတောင်းပွဲများ၌ကျွန်ုပ်ကိုယ်တိုင်ပါ၀င်ခဲ့သည်များလည်းရှိခဲ့ကြောင်း၊ သို့သော် မသွား ရောက်နိုင်ခဲ့သည့်အချိန်လည်းရှိခဲ့ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံအတွက်၊ (၁၉၈၉) ခုနှစ်ကဖြစ်ပွားခဲ့သောအရေးအ ခင်း၌ကျဆုံးခဲ့သောသူတို့အတွက်လည်းဆုတောင်းပေးမည်ဖြစ်ကြောင်း၊ ယခုနှစ်၌ သွားရောက်နိုင်မည်၊ မသွားနိုင်မည်ကို မူတရား၀င်ခွင့်ပြုချက်ရမရသည့်အပေါ်မူတည်ကြောင်း’ ပြောကြားထားသည်။        

 

ထိုအခမ်းအနားအတွက် ခွင့်ပြုချက်တောင်းဆိုရာတွင် ဟောင်ကောင်အစိုးရက စီတန်းခြင်းနှင့်ဖယောင်းတိုင်းထွန်းညှိဆုတောင်းခြင်းကိုခွင့်မပြုနိုင်ကြောင်း ကြာသပတေးနေ့ကငြင်းပယ်လိုက်သည်။ ၄င်းတို့၏ငြင်းပယ်လိုက်ရသည့် အကြောင်း ပြချက်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါလည်းတစ်ချက်ပါသည်။ ဒေသသတင်းစာတစ်စောင်ဖြစ်သော South China Morning Post  သတင်းစာ၏ရေးသားချက်အရ ဟောင်ကောင်၌ခုနှစ်လအတွင်း ကိုးဗစ် (၁၉) ကူးစက်ဖြစ်ပွားမူ (သုံ ည = လုံး၀မရှိ) သာရှိ ကြောင်းဖော်ပြထားပါသည်။ ဟောင်ကောင်ကက်သလစ်သာသနာ၏ တရားမျှတခြင်းနှင့်ငြိမ်းချမ်း ရေးကော်မရှင်၏တာ၀န်ခံဖြစ်သော Porson Chan ၏မှတ်ချက်ကား ရဲတို့၏ပိတ်ပင်မှုသည် ၄င်းတို့၏အစီအစဉ်ကို ဟန့်တားနိုင်လိမ့်မည်မဟုတ်ဟုဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် ‘ကက်သလစ်သာသနာတော်ကြီး၏ မစ္ဆားပူဇော် ခြင်းသည် ဘာသာရေး၀တ်ပြုခြင်းအခမ်းအနားဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားမှုမဟုတ်။ ကိုးဗစ် (၁၉) ရောဂါထိန်းချုပ်မူ ဥပဒေအရ ဘုရားကျောင်းတစ်ဆောင်၌ လူ (၃၀) ရာခိုင်နှုန်းတက်ရောက်ခွင့်ရှိကြောင်းဖြင့် အချက်အလက်ဖြင့်ထောက်ပြ သွားပါသည်။   

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ် 

Photo courtesy of The Architectural Review 

https://bit.ly/3fTPubV

Add new comment

1 + 3 =