ဟောင်ကောင်မှ ကာဒီနယ်သည် ခရစ်ယာန်များအား လူ့ဘ၀အသက်တာ မြှင့်တင်ခြင်းလုပ်ငန်းများတွင် ပါဝင်ရန် မေတ္တာရပ်ခံ

ဟောင်ကောင်မှ ကာဒီနယ်သည် ခရစ်ယာန်များအား လူ့ဘ၀အသက်တာ မြှင့်တင်ခြင်းလုပ်ငန်းများတွင် ပါဝင်ရန် မေတ္တာရပ်ခံ

ဟောင်ကောင်မှ ကာဒီနယ်သည် ခရစ်ယာန်များအား လူ့ဘ၀အသက်တာ မြှင့်တင်ခြင်းလုပ်ငန်းများတွင် ပါဝင်ရန် မေတ္တာရပ်ခံ

ကမ္ဘာပေါ်တွင် ကိုယ်ဝန်ဖျက်ချခြင်း အရေအတွက်မှာ တစ်နှစ်ကို ၄၀မီလီယံခန့်မျှရှိကြောင်း ဟောင်ကောင် ကက်သလစ်သာသနာ၏ တာဝန်ခံ ကာဒီနယ် John Tongမှ ပြောကြားခဲ့ပြီး “ကမ္ဘာအနှံ့ဖြစ်ပွားနေသော ကပ်ဘေးကြီးသည် ကျွန်ုပ်တို့အား လူ့အသက်၏အဓိပ္ပါယ်နှင့်တန်ဖိုးကို ပြန်လည်သုံးသပ်ရန် ပြုလုပ်နိုင်ပါစေကြေင်း” စက်တင်ဘာ(၈)ရက်နေ့သို့ ရွှေ့ပြောင်းကျင်းပမည်ဖြစ်သော သန္ဓေသားကာကွယ်ခြင်းနေ့အတွက် ပေးပို့စာတွင် ဖော်ပြခဲ့သည်။ ယခုနှစ်သည် ရဟန်းမင်းကြီးအရှင်သူမြတ် ဒုတိယမြောက် ယောဟန်ပေါလူး၏ “အသက်၏သမ္မာတရား” (Evangelium Vitae) စာချွန်တော် ၂၅နှစ်ပြည့် ဖြစ်ကြောင်း ကာဒီနယ်မှ ပြောကြားခဲ့သည်။

ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူးသည် ကျွန်ုပ်တို့အား “ရှင်သန်ခြင်း၏အဓိပ္ပါယ်၊ ၄င်း၏ ကြီးမြတ်မှုနှင့် ရည်မှန်းချက်ကို စဉ်းစားဆင်ခြင်ရန် ဖိတ်ခေါ်နေကြောင်း၊ လူသားများသည် ဘုရားရှင်၏ ရွှေပုံသဏ္ဍန်တော်နှင့်အညီ ဖန်ဆင်းထားခြင်းကြောင့် လူ့ဂုဏ်သိက္ခာ၊ ဥာဏ်ပညာနှင့် လွတ်လပ်မှုတို့ဖြင့် ပြည့်ဝပြီး လူတစ်ဦး၏အသက်ရှင်သန်ခွင့်နှင့် လူ့အသက်သည် အစဉ်လေးစားလိုက်နာအပ်သောအရာ ဖြစ်ခြင်းကို သတိမူကြရန်လိုကြောင်း” ကာဒီနယ်ဂျွန်မှ ထပ်လောင်း မိန့်ကြားခဲ့သည်။

“လူ့တန်ဖိုးဟူသည် လူတစ်ဦး၏ စွမ်းဆောင်ရည်၊ ပညာအရည်အချင်း၊ ချမ်းသာကြွယ်ဝမှုတို့ဖြင့် တိုင်းတာဆုံးဖြတ်ခြင်းမဟုတ်ပေ။ မသန်စွမ်းဖြစ်ခြင်း၊ စွမ်းဆောင်ရည်နည်းပါးခြင်းတို့ကို ထည့်မတွက်ဘဲ သူ၏ လူသားတစ်ဦးဖြစ်နေခြင်းကပင် လူ့တန်ဖိုးဖြစ်သည်။ COVId-19ရောဂါ ကူးစက်ခံရရန် အလွန်တရာနီးစပ်သော သေခါနီးလူနာများထံသို့ ကြွရောက်ပေးခဲ့သော ရဟန်းဘုန်းတော်ကြီးများ၏ ပေးဆပ်မှုသည် လူ့အသက်၏ တန်ဖိုးအစစ်အမှန်နှင့် နီးစပ်သူများအား အစေခံစေသော သူတို့၏ အကြွင်းမဲ့ချစ်ခြင်းကို ပြသနေခြင်းဖြစ်သည်။

“ခရစ်ယာန်များသည် “လူ့အသတ်ကို မသတ်နှင့်”ဟူသော ဘုရားရှင်၏ ပညတ်တော်ကို လိုက်နာကာ သန္ဓေတည်စမှ မွေးဖွားချိန်ထိ လူ့အသတ်အား ဘုရားရှင်၏ မြင့်မြတ်သောလက်ဆောင်အဖြစ် ခံယူသင့်ကြောင်း၊ အများပြည်သူများမှလည်း လူ့ဘ၀များအား မြှင့်တင်ကာ အစေခံနေသော အဖွဲ့အစည်းများ၊ အစီအစဉ်များနှင့် သင်ကြားချက်များကို ထောက်ခံသင့်ကြောင်း၊ အခြေနေအရပ်ရပ်တိုင်း၌ လူ့အသက်သည် လူ့အဖွဲ့အစည်းအတွင်းရှိ လူသားတိုင်းမှ တန်ဖိုးထားကာကွယ်သင့်သည့်အရာဖြစ်ကြောင်း” ကာဒီနယ်မှ ပြောကြားခဲ့သည်။

 

 

ဘာသာပြန် - Bro.Patrick Aye Shine Aung

Photo courtesy of  Aaron Tam/AFP

https://bit.ly/2QW6gtG

Add new comment

1 + 8 =