Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဟောင်ကောင်တွင် မစ္ဆားတရားများ ကျင်းပခြင်းကို ထပ်မံရွေ့ဆိုင်း
ဟောင်ကောင်တွင် မစ္ဆားတရားများ ကျင်းပခြင်းကို ထပ်မံရွေ့ဆိုင်း
ကိုဗစ် ၁၉ ရောဂါခံစားရသော ဝေဒနာရှင်အသစ်များ တိုးပွားလာသောကြောင့် လူထုနှင့်ကျင်းပသော မစ္ဆားတရားများကို ဟောင်ကောင်တွင်ထပ်မံရွေ့ဆိုင်းလိုက်ရသည်။
ဟောင်ကောင်ကက်သလစ် သာသနာပိုင် ကာဒီနယ်John Tong က ဇူလိုင် ၂၇ရက်တွင် ထိုသတင်းကို ကြေညာခဲ့သည်။ထိုသို့ဆုံးဖြတ်ရခြင်းမှာ လွန်ခဲ့သော နှစ်ပတ်အတွင်း ပိုးတွေ့ရှိလူနာအသစ်များ တိုးလာသောကြောင့်ဖြစ်ကြောင်း၊ တနင်္ဂနွေနေ့နှင့် သာမန်နေ့များ၌ မစ္ဆားတရားကို ပူဇော်ခွင့်မရသော်လည်း စျာပန မစ္ဆားကိုတော့ ပူဇော်၍ရပြီး လက် ထပ် ခြင်းအခမ်းအနားမစ္ဆားတရားကိုလည်း လူအယောက်၂၀ ထက်မပိုစေဘဲ ကျင်းပ၍ရပါသည်။
ဘုရားကျောင်းများနှင့် ကိုယ်တော်မြတ်အဆောင်များကို ဖွင့်ထားပြီး ဘာသာတူများသည် ကိုယ်တော်မြတ်ဖူးရန်နှင့် သီးသန့်ဆုတောင်းရန်လာရောက်နိုင်သည်။သို့သော် အပူချိန်တိုင်းခြင်း၊လက်ဆေးခြင်း
နှင့် နှာခေါင်းစည်းများတပ်ပြီးမှသာ လာရောက်ရမည်ဖြစ်သည်။
မစ္ဆားတရားမတက်ရောက်ရသော်လည်း အွန်လိုင်းမှတက်ရောက် ကြရန်၊စိတ်ဖြင့် မစ္ဆားတရား၌ပေါင်းစပ်ပါ၀င်ကြရန်နှင့် ကျမ်းစာတော်မြတ်ကို ထောက်ရှုန်ရန်၊ စိပ်ပုတီးစိပ်ကြရန် ထိုကြေ ညာချက်တွင် တိုက်တွန်းထားသည်ဟု
RVA မှ သတင်းရယူထားပါတယ်။
ဘာသာပြန် - Agnes Lawh Lun
 
        
 
      
      
Add new comment