ဟောင်ကောင်ကာဒီနယ် အမှုရင်ဆိုင်ရန်တရားရုံးသို့ရောက်လာ

ဟောင်ကောင်ကာဒီနယ် အမှုရင်ဆိုင်ရန်တရားရုံးသို့ရောက်လာ

ဟောင်ကောင်ကာဒီနယ် အမှုရင်ဆိုင်ရန်တရားရုံးသို့ရောက်လာ

ဟောင်ကောင်ဆရာတော် ဂျိုးဇက်ဇဲန်သည် သူ့အားစွဲထားသောအမှုကိုရင်ဆိုင်ရန် မေလ (၂၄) ရက်နေ့က ဟောင်ကောင်တရားရုံးသို့ရောက်ရှိလာခဲ့သည်။ မေလ (၂၄) ရက်နေ့သည် နှစ်စဉ် တရုတ်နိုင်ငံမှကက်သလစ်သာသနာအ တွက် အထူးဆု‌တောင်းပေးရသောနေ့လည်ဖြစ်သည်။ သက်တော် (၉၀) ရှိပြီဖြစ်သော ကာဒီနယ်နှင့်အတူအခြားဒီမိုက ရေစီအရေး၌အထင်ကရရှိသော ခေါင်းဆောင် (၄) ဦးလည်းတရားရုံးသို့ရောက်လာခဲ့ကြသည်။ အားလုံးသည် (၆၁၂) အမှု နှင့်ငြိစွန်းသည်ဟုစွပ်စွဲခံထားရသူများဖြစ်သည်။ ထိုပုဒ်မကား လူသားချင်းစာနာသောအားဖြင့် ဒီမိုကရေစီအရေးတက် ကြွလှုပ်ရှားသူများအားပေးသည့်အကူအညီဖြစ်သည်။

Agence France-Presse (AFP) သတင်းဌာန၏ပြောကြားချက်အရ စွပ်စွဲခံထားရသောသူ (၅) ဦး လုံးသည် အပြစ်မရှိကြောင်းငြင်းဆိုထားသည်။ အဘယ်ကြောင့်ဆိုသော် လူသားချင်းကူညီမှုလုပ်ငန်းကိုလုပ်ရန် ရဲစခန်း၌ မှတ်ပုံတင်ရန်ပျက်ကွက်ခြင်းသည် ပြစ်မှုမမြှောက်ဟုငြင်းချက်ထုတ်ထားသည်။ အကယ်၍ ပထမပြစ်မှုထင်ရှားပါက ဒေါ် လာ (၁၂၇၄) ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။

ကာဒီနယ်သည် လာမည့်စက်တင်ဘာလ (၁၉) ရက်နေ့၌ နောက်တစ် ကြိမ်ရုံးချိန်းလာရမည်ဖြစ်သည်။ တရားရုံးသို့ ဟောင်ကောင်သာသနာ၏ vicar general ဖာသာရ် Joseph Chan လာရောက်သော်လည်း သူ့အနေဖြင့် သာသနာကိုကိုယ်စားမပြုကြောင်း AFP ကပြောသည်။

နှစ်စဉ်မေလ (၂၄) ရက်နေ့ကို ‘ကမ္ဘာ့ဆုတောင်းရာနေ့’ အဖြစ် ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) က (၂၀၀၇) ခုနှစ်တွင်ကြေညာခဲ့သည်။ ထိုနေ့ည၌ပင် ကာဒီနယ် ဂျိုးဇက်ဇဲန်သည် တရုတ်နိုင်ငံအတွက်မစ္ဆားပူဇော်ရန်စီစဉ် ထားသည်။ အီတလီ၊ ပြင်သစ်၊ ဂျာမဏီ၊ ဆွီဒင်နှင့်အခြားသောနိုင်ငံများ၏ သံအမတ်များသည် ကာဒီနယ်၏ထွက်ဆိုချက် ကိုကြားနာရန်တရားရုံးခန်းမထဲရောက်ရှိနေကြသည်။

ကာဒီနယ်သည် မေလ (၁၁) ရက်နေ့ကဖမ်းဆီးခံခဲ့ရသည်။ သို့ သော် အာမခံဖြင့် ထိုနေ့ညနက်ပိုင်း၌ ပြန်လည်လွှတ်‌မြောက်လာခဲ့သည်။ ဤလွ တ်မြောက်ခြင်း၌ ဥရောပနိုင်များမှသံအ မတ်များလည်းရှိနေခဲ့ကြသည်။

ဗာတီကန်၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကာဒီနယ်၏အမှုနှင့်ပတ်သက်၍ အနီးကပ်လေ့လာလျှက်ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်နှင့်ဟောင်ကောင်အာဏာပိုင်များအနေဖြင့် ဒီမိုကရေစီလိုလားသူများအား ပစ်မှတ်ထားဖမ်း ဆီးခြင်း၊ မတရားပုဒ်မများစွပ်စွဲခြင်းများကိုမပြုလုပ်ရန်၊ ဤသို့လုပ်ဆောင်ရာတွင် ကာဒီနယ်ဂျိုးဇက်ဇဲန်ပင်ပါလာခဲ့ သည်ဟုအိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းရေးမှူး Karine Jean-Pierre ကပြောကြားခဲ့သည်။

အဂ်လန် ပါလီမန်ကလည်း ကာဒီနယ်အားဖမ်းဆီးခြင်းသည် အလွန်ကျက်သရေမဲ့သောဖိအားပေးမှုပင်ဖြစ်ကြောင်းပြောကြားခဲ့ သည်။

ရဟန်းမင်းကြီးဖရန်စစ်ကလည်း တနဂ်နွေနေ့မွန်းတည်ချိန်ဆုတောင်းမေတ္တာအပြီး၌ တရုတ်နိုင်ငံရှိ ကက်သလစ် ဘာသာတူများနှင့်ကက်သလစ်ဘာသာရေးခေါင်းဆောင်များ၏ ရှုပ်ထွေးသောဘ၀နှင့်အခြေအနေများကို သူ့အနေဖြင့်သတိတရားကြီးစွာလေ့လာနေကြောင်း မေလ (၂၂) မိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးသည် ကာဒီနယ်ဂျိုးဇက်ဇဲန်ဟုအမည် ထုတ်ဖော်ခြင်းမပြုဘဲ တရုတ်နိုင်ငံမှကက်သလစ်ဘာသာ၀င်များအတွက်ဆုတောင်းပေးရန်၊ သို့မှသာ တရုတ်နိုင်ငံမှသာ သနာသည် အမိသာသနာတော်ကြီးနှင့်ပြည့်၀စွာပေါင်းစည်းနိုင်မည်၊ သူ၏ဧ၀ဂေလိဟောကြားသက်သေခံသည့်အမှုတော် ကိုဖြည့်ဆည်းဆောင်ရွက်နိုင်မည်ဖြစ်သည်ဟုမိန့်ကြားခဲ့သည်။

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Add new comment

4 + 1 =