ဟောင်ကောင်ကာဒီနယ်သည် အမှုရင်ဆိုင်ရန်တရားရုံးသို့လာရောက်စဉ် တရုတ်နိုင်ငံမှ ကက်သလစ်ဘာသာတူများ အတွက်ဆုတောင်းပေးခဲ့

ဟောင်ကောင်ကာဒီနယ်သည် အမှုရင်ဆိုင်ရန်တရားရုံးသို့လာရောက်စဉ် တရုတ်နိုင်ငံမှ ကက်သလစ်ဘာသာတူများ အတွက်ဆုတောင်းပေးခဲ့

ဟောင်ကောင်ကာဒီနယ်သည် အမှုရင်ဆိုင်ရန်တရားရုံးသို့လာရောက်စဉ် တရုတ်နိုင်ငံမှ ကက်သလစ်ဘာသာတူများ အတွက်ဆုတောင်းပေးခဲ့

 

            မေလ (၂၄) ရက်နေ့က ဟောင်ကောင်ကာဒီနယ်ဂျိုးဇက်ဇဲန်သည် သူ့အားစွဲချက်တင်ထား သည့်အမှုအတွက် တရားရုံးသို့အမှုစစ်ခံပြီးနောက် တရုတ်ပြည်မ၌ညှဉ်းပန်းနှိပ်စက်ခံနေရသော ကက် သလစ်ဘာသာတူများနှင့်တစ်သား တည်းခံစားပြီး မစ္ဆားတရားပူဇော်ခဲ့သည်။

သူ၏ဩ၀ါဒ၌ လက်ရှိသူရင်ဆိုင်နေရသောအမှုနှင့်ပတ်သက်၍တစ်ခွန်းမျှဖွင့် ဟပြောဆိုခြင်းမပြုဘဲ တရုတ်နိုင်ငံ၏အချို့သောဒေသမှ မစ္ဆာတရား၌မပါ၀င်မပူဇော်နိုင်သော ကက်သလစ်ဘာသာတူ များအကြောင်းကိုသာအသားပေးပြောကြားခဲ့သည်။ သက်တော် (၉၀) ရှိပြီဖြစ်သော ကာဒီနယ်သည် သူ၏ညီအစ်ကို မောင်နှမ တရုတ်ကက်သလစ်ဘာသာတူများ ဘာသာရေးလွတ်လပ် ခွင့်များရရှိ စေရန်ဆုတောင်းပေးခဲ့ကြောင်း၊ အထူးသ ဖြင့် မစ္ဆားတရားပါ၀င် ပူဇော်ခြင်း၌ မပါ၀င်နိုင်သူများ အတွက်ဆုတောင်းပေးခဲ့ကြောင်း ရိုက်တာသတင်းကဖော်ပြထား သည်။     

            ရှဲန်ဟိုင်းနှင့်ပီကင်း၌ ယခုထိတိုင်ကိုးဗစ် (၁၉) ကပ်ရောဂါကာကွယ်ရေးဥပဒေ တင်းကြပ် ထားဆဲပင်။ ထို့ကြောင့် ဘာသာရေး၊ လူမှုရေး၊ မည်သည့် အကြောင်း ကြောင်း ကြောင့်မျှမိမိ တို့၏တိုက်ခန်းများမှ၀င်ထွက်သွားလာခြင်းမပြုရန် အာဏာပိုင်များထုတ်ပြန်ထားသည်။ တရုတ်အစိုးရသည် မြေအောက်ကက်သလစ်အဖွဲ့အစည်းများကိုလည်း ပြီးခဲ့သော နှစ်များမှစ၍ တိုက်ခိုက်မှုများပြုလုပ်လာခဲ့သည်။ အသက် (၁၈) နှစ်ပြည့်သော ကက်သလစ်တစ်ဦးတစ်ယောက်မျှ လူထု နှင့်ပူဇော်သောမစ္ဆာများ၌ပါ၀င်ပူဇော်ခွင့်မရှိဟုလည်းတင်းကြပ်သတ်မှတ်လိုက်သည်။

            တရုတ်အစိုးရနှင့်ဗာတီကန်တို့ကြား သဘောတူညီမှုပြုလုပ်လိုက်ခြင်းနှင့်စပ်လျင်း၍ ကာဒီနယ်ဇဲန်က ‘ဗာတီကန် အနေဖြင့်စိတ်ကောင်းနှလုံးကောင်းဖြင့်ပြုလုပ်သည်မှန်သော်လည်း အမျှော်အမြင်နဲသောဆုံးဖြတ်ချက်ကိုချမှတ်လိုက် သည်။ လက်ရှိ၌ မြေပေါ်မြေအောက်ကို ပြန်လည်စုစည်းရန် အချိန်အခါကောင်းမဟုတ်’ ဟု AFP သတင်းဌာနအားမှတ် ချက်ပြုခဲ့သည်။

            ဗာတီကန်၏အတွင်းရေးမှူးဖြစ်သောကာဒီနယ် Pietro Parolin အ‌နေဖြင့် ဟောင်ကောင်ကာဒီနယ်၏အဖမ်း ဆီးခံထားရမှုသည် ဗာတီကန်နှင့်တရုတ်အစိုးရတို့၏ ရင်ကြားစေ့ရေးကိုနှောင်နှေးသွားစေမည့်အခြေအနေမျိုးမဖြစ်စေ ရန်မျှော်လင့်ကြောင်း မေလ (၁၁) ဟောင်ကောင်၌ ကာဒီနယ်ဖမ်းဆီးခံရပြီးနောက်တစ်နေ့တွင်ပြောကြားခဲ့သည်။

 ဗာတီ ကန်အနေဖြင့် (၂၀၁၈) ခုနှစ်က တရုတ်နှင့်သဘောတူညီချက်ယူထားသည့်နောက်ပိုင်း ဟောင်ကောင်၌ဒီမိုကရေစီလို လားသောပြည်သူများက ငြိမ်းချမ်းစွာဆန္ဒပြစဉ် အင်အား အလွန်အကျွံသုံးကာဖြိုခွဲခဲ့ခြင်းနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ် နေလာခဲ့သည်။

            ဟောင်ကောင်မှ ကက်သလစ်ဘုရားကျော င်းတစ်‌ကျောင်းတွင်ပူဇော်သော ကာဒီနယ်ဇဲန် ၏မစ္ဆားတရားပူဇော် ခြင်း၌ ဘာသာတူ (၃၀၀) ခန့်ပါ၀င်ပူဇော်ခဲ့ကြသည်။ ကက်သလစ်ဘာသာတူ ထောင်သောင်းတို့သည် အွန်လိုင်းမှတိုက် ရိုက်ထုတ်လွှင့်သည်ကိုစောင့်ကြည်ခဲ့ကြရသည်။ ကာဒီနယ် သည် လာမည့် စက်တင်ဘာလ (၁၉) ရက်နေ့၌ရုံးချိန်ရှိသေးသည်။

            ‘ခရစ်ယာန်တရားတော်၌ တရားတော်အတွက် သွေးမြေကျခြင်းသည် မထူးဆန်း လှသော လမ်းစဉ်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် တရားတော်အတွက်သွေးမြေကျစရာမလိုသော်လည်း စိန်ခေါ်မှု၊ နာကျင်မှု၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်း နှင့်ဆန့်ကျင်သောအခြေအနေများကို မားမားမတ်မတ် တွန်းလှန်ရပ် တည်ရဲရန်လိုအပ်သည်’ ဟုကာဒီနယ်ကပြောကြားခဲ့ သည်။              

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3NLcDf7

Add new comment

1 + 3 =