ဟောင်ကောင်ကက်သလစ်သာသ နာတော်ကြီးဟက်ကာ၏ ဖောက် ထွင်းခံရ

ဟောင်ကောင်ကက်သလစ်သာသ နာတော်ကြီးဟက်ကာ၏ ဖောက် ထွင်းခံရ

ဟောင်ကောင်ကက်သလစ်သာသ နာတော်ကြီးဟက်ကာ၏ ဖောက် ထွင်းခံရ

ယခုနောက်ပိုင်းကမ္ဘာတစ်ဝှမ်းရှိ အမိကက်သလစ်သာသနာတော်ကြီး၏အဆောက်အအုံများမီးတင်ရှို့ခံရ၊ နေရာများဖျက်ဆီးခံရ၊ လူမူကွန်ရက်အချက်အလက်များတိုက် ခိုက်ခံဖောက်ထွင်းခံရမှုများသည်ခပ်စိပ်စိပ်ကြားလာနေရပါ သည်။ ဟောင်ကောင်ကက်သလစ်သာ သနာတော်ကြီး၏ အချက်အလက်များကိုဟက်ကာဟူခေါ်သောလူမှုကွန် ရက် ဓားပြ များ၏ဖောက်ထွင်းခိုးယူခံရသည့်သတင်းကိုကြားရပါ သည်။

ဟက်ကာများသည်တရုတ်အလိုကျလုပ်ဆောင်သည့်သဘောဆောင်သောကြောင့်တရုတ်အစိုးရ၏ အကာအကွယ်ရမည်ဟုယုံကြည်ထားသည်။ ဤတိုက်ခိုက်မှုကိုပြန်လည်ခြေရာခံကြည့်ရာမေလကဖြစ်ပွားခဲ့ကြောင်းနာမည်လွှဲဖြင့်၀င်ရောက်သွားခဲ့ကြောင်း၊ ယခုကဲ့သို့ဖြစ်ရသည့်အကြောင်းအရင်းကိုပြန်လည်သုံးသပ်ကြည့်မည်ဆိုလျှင် ဟောင်ကောင်ကက်သလစ်သာ သနာအနေဖြင့်ဒီမိုကရေစီအရေး ၌ ပါ၀င်နေမှုနှင့် ပတ်သက်၍ဗာတီကန်မှကြားနေရန်သတိပေးခံရသည့်တိုင်ဆက်လက်အားပေးလျှက်ရှိပြီး၊ ဒီမိုကရေးစီအားပေးခြင်းကြောင့်ဖြစ်ကြောင်း၊ ဟောင်ကောင်ကက် သလစ်သာသနာ၏ကာဒီနယ် (ငြိမ်း) Joseph Zen က တရုတ်နိုင်ငံမှထုတ် ပြန်လိုက်သော နိုင်ငံလုံခြုံမှုဥပဒေသည်နောက်ပိုင်း၌ ဘာသာရေးလွတ်လပ်မှုကိုပင်ပိတ်ပင်လာနိုင်သည်ဟုပြောကြားခဲ့ သည်။

တရုတ်နိုင်ငံမှဟောင်ကောင်အတွက်နိုင်ငံတော်လုံခြုံရေးဥပဒေကိုဇွန်လ (၃၀) ရက်နေ့ကပြဌာန်းလိုက်ခြင်းဖြစ်ကြောင်း၊ ဗြိတိသျှတို့ ၏အုပ် ချုပ်မှုကိုအမြစ်လှန်ပြောင်းလဲရန်ချမှတ်ထားသည်။ ထိုဥပဒေအပြည့် အစုံကိုမထုတ်ပြန်မီ တစ်ပတ်မတိုင်ခင်၌ဟောင်ကောင်သာသနာ ၏ သာသနာစီမံကွပ်ကဲပေးသူကာဒီနယ် Tong Hon က အဆိုပါဥပဒေကို ထောက် ခံကြောင်းပြော ကြားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : LiCAS News

https://bit.ly/2CDGFlC

 

Add new comment

5 + 0 =