ဟောင်ကောင်ကက်သလစ်သာသနာအတွက် ပုပ်ဖရန်စစ်မှ ဆရာတော်တပါးခန့်အပ်

ဟောင်ကောင်ကက်သလစ်သာသနာအတွက် ပုပ်ဖရန်စစ်မှ ဆရာတော်တပါးခန့်အပ်

ဟောင်ကောင်ကက်သလစ်သာသနာအတွက် ပုပ်ဖရန်စစ်မှ ဆရာတော်တပါးခန့်အပ်

ဟောင်ကောင်ကက်သလစ်သာသနာဟာဆိုရင် ဆရာတော်နေရာ လစ်လပ်နေခဲ့တာ ၂ နှစ် နီးပါးရှိခဲ့ပြီ ဖြစ်ပေမယ့် အခု အခါမှာတော့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဆရာတော်ကြီး တပါး ကို တရားဝင်ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ 

ခန့်အပ်ခံရတဲ့ ဘုန်းတော်ကြီးဟာ ယေဇူးအသင်းဂိုဏ်းဝင် ဘုန်းတော်ကြီး ဖြစ်ပြီး သက်တော် ၆၁ နှစ်ရှိပြီဖြစ်တဲ့ Fr. Stephen Chow ဖြစ်ကြောင်း၊ အခုဆရာတော်အဖြစ်ခန့်အပ်ခံရချိန်အထိ ဖာသာရ်စတီးဗင်းဟာ တရုတ်နိုင်ငံ ယေဇူးအသင်းဂိုဏ်းရဲ့ နယ်စည်းဘုန်းတော်ကြီးအဖြစ်တာဝန်ယူနေသူဖြစ်တယ်လို့ဆိုပါတယ်။ 

"ဟောင်ကောင်ဟာ ကျွန်ုပ်ရဲ့ မွေးရပ်မြေပါ၊ ကျွန်ုပ်သိပ်မြတ်နိုးရတဲ့ ကြီးပြင်းရာနေရာဖြစ်ပါတယ်" လို့ ဖာသာရ်စတီးဗင်းက ပြောကြားခဲ့ပါတယ်။

ဆရာတော်စတီးဗင်း ပထမဆုံးလုပ်ရမယ့် သာသနာ့ တာဝန်ကတော့ ဟောင်ကောင် ကက်သလစ်များအကြား ညီညွတ်ခြင်းတည်ဆောက်ဘို့ပင်ဖြစ်ကြောင်း၊ ဘေဂျင်းနဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အသံပြုနေတဲ့ အဖွဲ့နဲ့ ဖာသိဖာသာ နေလိုသူများအဖွဲ့ဆိုပြီး ၂ ဖွဲ့ကွဲနေကြောင်း၊ 

ဘေဂျင်းအတွက် ပြောဆိုကြသူတွေဖြစ်ပြီး၊ စီးပွားရေးမှာအထင်ကရဖြစ်နေသူ Carrie Lam နဲ့ Jimmy Lai ၂ ဉီးစလုံးတို့ဟာ ကက်သလစ်များဖြစ်ကြကြောင်း၊ ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ပြောဆိုခြင်း ကိစ္စဟာ အခုချိန်မှာ အထိမခံတဲ့ အခြေအနေကိစ္စရပ်များဖြစ်နေကြောင်း

"ဘာသာရေးလွတ်လပ်ခွင့်ဟာ အခြေခံ အခွင့်အရေးတရပ်ပါ။ အစိုးရနဲ့ ကျွန်ုပ်တွေဆုံပြောဆိုတဲ့အခါ ဘာသာရေးလွတ်လပ်ခွင့်ကို မေ့မထားဘို့ ကျွန်ုပ်အနေနဲ့ တိုက်တွန်းအားပေးဘို့လိုပါမယ်" လို့ အသစ်ရွေးချယ်ခန့်အပ်ခံရတဲ့ ဆရာတော်စတီးဗင်း (ယခု ဖာသာရ် စတီးဗင်း) က ဆိုပါတယ်။ 

ဘာသာရေးနဲ့ နိုင်ငံရေး စိန်ခေါ်မှုတွေဟာ တနေ့တာရဲ့ ပထမ လုပ်ရမယ့် အစီအစဉ်ထဲမှာ နေ့စဉ်ဆိုသလို ထိပ်ဆုံးကပါနေတဲ့ ကိစ္စမျိုးနဲ့ လုပ်ကိုင်ရမယ့် အထိမခံတဲ့ ခက်ခဲတဲ့ သာသနာလုပ်ငန်းမျိုးကို ဖာသာရ်စတီးဗင်းဟာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of South China Morning Post

https://bit.ly/3oBjKuG

Add new comment

2 + 12 =