ဟာရီကိန်းမုန်တိုင်းအီတာ၏ ဒဏ်ခံလိုက်ရသောအမေရိကန်အလယ်ပိုင်းအတွက်ရဟန်း မင်းကြီးဆုတောင်းပေး

ဟာရီကိန်းမုန်တိုင်းအီတာ၏ ဒဏ်ခံလိုက်ရသောအမေရိကန်အလယ်ပိုင်းအတွက်ရဟန်း မင်းကြီးဆုတောင်းပေး

ဟာရီကိန်းမုန်တိုင်းအီတာ၏ ဒဏ်ခံလိုက်ရသောအမေရိကန်အလယ်ပိုင်းအတွက်ရဟန်း မင်းကြီးဆုတောင်းပေး

ပြီးခဲ့သောတနဂ်နွေနေ့ အန်ဂျေလူးမေတ္တာဆိုစဉ်က စိန်ပီတာရင်ပြင်၌ဘုရားဖူးတစ်ယောက်လွှင့်ထူထားသောအလံကြောင့်ရဟန်းမင်းကြီးသည် အမေရိကန်အလယ်ပိုင်းပိုင်းဒေသရှိပြည်သူများကိုသတိတရရှိသွားစေခဲ့သည်။

ထိုဒေသသည် အလွန်ပြင်း ထန်သောဟာရီကိန်းမုန်တိုင်း ၏ရိုက်ခတ်ခြင်းကိုဆိုးရွားစွာခံခဲ့ရသည်။ ကိုဗစ်ကြောင့်ဘ၀ များခက်ခဲကြပ်တည်း နေချိန် ၌ အပူပိုင်းမုန်တိုင်းအီတာကလည်း အမေရိကန်အလယ်ပိုင်းသို့၀င်ရောက်မွှေနှောက်ခဲ့ရာဒေသရှိပြည်သူများစွာ၏အ သက်အိုးအိမ်ကိုများစွာကို၀ါးမြှိုပ်ဖျက်ဆီးသွားခဲ့သည်။

ရဟန်းမင်းကြီးက ထိုမုန်တိုင်းကြောင့်အသက်ဆုံးရှုံးခဲ့သော ၀ိညာဉ်များအတွက်ဘုရား သ ခင်၏အသနားတော်မြတ်ခံရရန်နှင့်ထိုအဖြစ်ဆိုးနှင့်ကြုံခဲ့ရသောမိသားစုများအတွက်လည်းဘုရားသခင်ထံမှနှစ် သိမ့်ခြင်းကောင်းကြီးခံစားရရန်၊ မုန်တိုင်းကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်သွားသောမိသားစုများအားလုံးအခြေခံ လိုအပ်သောအကူအညီကိုလည်းအမြန်ဆုံးရရှိစေရန်ဆုတောင်းပေးခဲ့သည်။

(အပူပိုင်းကာရီကိန်းမုန်းတိုင်းအီတာ)

အီတာသည်ကျူးဘားနိုင်ငံနိုင်ငံသို့ဦးတည်လာခဲ့ပြီး၊ ဖ လော်ရီဒါနိုင်ငံ၏တောင်ပိုင်းအဖျားကိုခတ်သွားခဲ့သည်။ ဤ မုန်တိုင်းကြောင့်အမေရိကားအလယ်ပိုင်း၌လူတစ်ဒါဇင်ခန့်သေဆုံးခဲ့ကြောင်းနှင့်လူတစ်ကျော်ပျောက်ဆုံးနေကြောင်း၊ ဂွာတေမာလာသည်ယခုထိတိုင်ရွံ့နွံ့များအောက်၌ နစ်မွန်းပျောက်ဆုံးနေသူများကိုတူးဖော်ရှာဖွေနေကြသည်။ အာဏာပိုင် ၏တရား၀င်ထုတ်ပြန်သောသတင်း၌ သေဆုံးသူ (၂၅) ဦးရှိပြီဖြစ်‌ကောင်းနှင့် (၁၀၀) ကျော်ပျောက်ဆုံးနေဆဲဟုဆိုပါသည်။ ပျောက်ဆုံးသူအများပိုင်းမှာ San Cristobal Verapaz ၌ ဖြစ် ပွား သောမြေပြိုမူတွင်ဖြစ် သည်။ ဟာရီကိန်းတိုင်းတာသော ဌာန၏ပြောကြားချက်အရ အီတာဟာရီကိန်းသည် ပြီးခဲ့သောစနေနေ့ကျူးဘားနိုင်ငံ၊ Camaguey မြို့၏ အနောက်တောင် ဖက်မိုင် (၁၄၀) အကွာ၌ဗဟိုပြုခဲ့ရာမှအနောက်တောင်ဖက်သို့ရွေ့လျားသွားသည်ဟုပြော သည်။

မုန်တိုင်းသည်ကျူးဘား နိုင်ငံကိုတနဂ်နွေနေ့အစောပိုင်းက၀င်ရောက်တိုက်ခိုက်မည်ဟုခန့်မှန်းထားခဲ့သည်။ ဖလော်ရီတာတောင်ပိုင်း သို့တနင်္ဂနွေ နေ့နှင့်တနင်္လာနေ့က ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/38CoVVf

Add new comment

1 + 1 =