Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဟန်ဂေရီနိုင်ငံ၏မြို့တော် ဘူဒါပတ်မြို့၌ ရဟန်းမင်းကြီးဖရန်စစ်အားကြိုဆိုရန်ပြင်ဆင်နေကြပြီ။
ဟန်ဂေရီနိုင်ငံ၏မြို့တော် ဘူဒါပတ်မြို့၌ ရဟန်းမင်းကြီးဖရန်စစ်အားကြိုဆိုရန်ပြင်ဆင်နေကြပြီ။
ရဟန်းမင်းကြီးသည် စက်တင်ဘာလ (၁၂) ရက်နေ့၌ ဟန်ဂေရီနိုင်ငံသို့ကြွရောက်ပြီး၊ အပြည်ပြည်ဆိုင်ရာ ကိုယ်တော် မြတ်ကွန်ဂရက်စ်ပိတ်ပွဲမစ္ဆားတရားကိုဦးဆောင်ပူဇော်မည်ဖြစ်သည်။ ထိုမှဆလိုဗက်ကီးယားနိုင်ငံသို့ဆက်လက်ကြွရောက်မည် ဖြစ်သည်။ ဟန်ဂေရီသတမ္မတ János Áder က ရဟန်းမင်းကြီးနှင့်ဗာတီကန်၌တွေ့ဆုံစဉ် ဘူဒါပတ်မြို့၌ကျင်းပမည့် အပြည် ပြည်ဆိုင်ရာကိုယ်တော်မြတ်ကွန်ဂရက်စ်သို့ကြွရောက်ရန်ကိုယ်တိုင်ဖိတ်ကြားခဲ့ကြောင်း၊ သမ္မတကိုယ်တိုင်သည်လည်း ဘာသာ ရေးကိုင်းရှိုင်းသောကက်သလစ်ဘာသာ၀င်လည်းဖြစ်ပြီး၊ အိမ်ထောင်သည်လည်းဖြစ်သည်။ ကွန်ဂရက်စ်၌ သမ္မတကိုယ်တိုင် ကိုယ်တော်မြတ်နှင့်စပ်လျင်း၍ သူ၏ကိုယ်တွေ့ကိုေ၀မျှပြောကြား ဦးမည်ဖြစ်ကြောင်း (၅၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာကိုယ်တော်မြတ်ကွန်ဂရက်စ်၏ အထွေထွေအတွင်း ရေးမှူးဖြစ်သော ဒေါက်တာ KORNÉL FÁBRY ကပြော သည်။ ယခုကွန်ဂရက်စ်၏ပိတ်ပွဲမစ္ဆားတရား၌ ကလေးအယောက်တစ်ထောင်ကျော် ပထမကိုယ်တော်မြတ်ပင့်ယူကြမည်ဖြစ် သည်။
ကွန်ဂရက်စ်၏ဖွင့်ပွဲအခမ်းအနားမစ္ဆားတရားပူဇော်ခြင်း၌ ပထမကိုယ်တော်ပင့်ယူကြမည့်ကလေး (၁၂၀၀) ဦးရှိမည်ဖြစ် သည်။ ကွန်ဂရက်စ်ပြီးဆုံးသောနေ့၌ ပါလီမန်ရုံးရှေ့၌ မစ္ဆားတရားပူဇော်၍ ထိုမှ Heroes' Square ရင်ပြင်အထိ ဖယောင်းမီးထွန်း ညှိကာစီတန်းလှည့်လည်သွားကြမည်။ နောက်နေ့တနင်္ဂနွေနေ့မစ္ဆာတရားပူဇော်ခြင်းကိုမူ ရဟန်းမင်းကြီးဖရန်စစ်မှဦးဆောင်ပူ ဇော်မည်ဖြစ်သည်။ ကွန်ဂရက်စ်ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သမ္မာကျမ်းလာအသီးများဖြစ်ကြသော တည်သီး၊ စွန်ပလွန်၊ စပျစ်၊ သစ်ချသီး၊ သံလွင်ဆီစသည်တို့ကိုအခြေခံ၍ စားစရာပြင်ဆင်ပြိုင်ပွဲကိုလည်းကျင်းပမည်ဖြစ်သည်။ ထိုစားစရာကိုကွန်ဂ ရက်စ်အပြီးကျင်းပသောညစာ၌တည်ခင်းမည်။ ပထမကိုယ်တော်မြတ်ပင့်ကြသော ကလေးများသည် ကွန်ဂရက်စ်တက်ရောက် သောဧည့်သည်တော်ကြီးများနှင့်အတူနေ့လယ်စာဖြင့်ဧည့်ခံရန်စီစဉ်ထားကြောင်း၊ မုန့်ဖုတ်ပြိုင်ပွဲမှရသောပြိုင်ပွဲ၀င်မုန့်များ သည် အချိုတည်းရန်ဖြစ်ကြောင်း၊ ဟန်ဂေရီသို့ ရဟန်းမင်းကြီးယခုကြွရောက်သောတမန်တော်ခရီးသည် ပထမဦးဆုံးခရီးဖြစ် သည်။ ရဟန်းမင်းကြီးသည် ကွန်ဂရက်စ်ပိတ်ပွဲမစ္ဆားပူဇော်ပြီးနောက် ဆလိုဗက်ကီးယားသို့ဆက်လက်ကြွမည်ဖြစ်ပြီး၊ (၃) ရက် တာကြာမြင့်မည်ဖြစ်သည်။
Ref:Rome Reports
္ဘာသာပြန်- ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #PopeFrancis #rvanews
Add new comment