သောကြာနေ့ကြီး ဒုက္ခစရိယာ ကားလှည့်ခြင်းနှင့် ကမဌာန်းထောက်ရှု့ခြင်းအတွက် ပြင်ဆင်ရန် စစ္စတာ Eugenia Bonetti ကို တာဝန်ပေး
ရောမခေတ် အားကစားရုံ (Colosseum)
သောကြာနေ့ကြီး ဒုက္ခစရိယာ ကားလှည့်ခြင်းနှင့် ကမဌာန်းထောက်ရှု့ခြင်းအတွက် ပြင်ဆင်ရန် စစ္စတာ Eugenia Bonetti ကို တာဝန်ပေး
ဧပြီလ ၅၊ ၂၀၁၉
ကျွန်ပြုခြင်းးကင်းစဉ်ရေး အဖွဲ့အစည်း အဖွဲ့ခေါင်ဆောင် အီတလီလူမျိုး သူတော်စဉ်အသင်းဂိုဏ်ဝင် စစ္စတာ ယူဂျီနီယာ ဘိုနီတီ ကို ရောမမြို့ရှိ ရောမခေတ် အားကစားရုံ (Colosseum) တွင်ပြုလုပ်မည့် သောကြာနေ့ကြီး သခင်ခရစ်တော် ဒုက္ခစရိယာ စီတန်းလှဲ့လည်ခြင်းအခန်းအနားအတွက် ကမဌာန်းထောက်ရှု့ချက် များပြင်ဆင်ရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ တာဝန်ပေးအပ်ခဲ့ပါသည်။
ယင်း တာဝန်ပေးအပ်ခြင်းကို ရဟန်းမင်းကြီး ရုံးတော် သတင်းပြန်ကြားရေးဌာနအကြီးအကဲ Alessander Gisotti မှ ပြီးခဲ့သော သောကြာနေ့က ကြေငြာခဲ့ပါသည်။ သခင်ခရစ်တော်၏ ဒုက္ခစရိယာ ဝတ်ပြု ဆုတောင်း စီတန်းလှဲ့လည်ခြင်းအခမ်းအနားကို လူကုန်ကူးခံရသူများကို ရည်ရွယ်ပူဇော်၍ပြုလုပ်သွားမည်ဖြစ်ကြောင်း ရည်ရွယ်ဖော်ပြထားပါသည်။
ကျွန်ပြုခြင်းကင်းစဉ်ရေး အဖွဲ့အစည်းသည် လူကုန်ကူခြင်းကို တိုက်ဖျက်ခြင်း၊ လူကုန်ကူးခံရသူများကို ကာကွယ်စောင့်ရှောက်ပေးရန် သူတော်စဉ် ဘာသာရေးအသင်းဂိုဏ်းဝင်များနှင့် ဘာသာဝင်များပူးပေါင်းပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ဖွဲ့စည်းခဲ့သော အဖွဲ့အစည်းဖြစ်ပါသည်။ ကျွန်ပြုခြင်းးကင်းစဉ်ရေး အဖွဲ့အစည်း အဖွဲ့ခေါင်ဆောင် အီတလီလူမျိုး သူတော်စဉ်အသင်းဂိုက်းဝင် စစ္စတာ ယူဂျီနီယာ ဘိုနီတီ သည် နိုင်ငံတကာမှ ရွေ့ပြောင်းနေထိုင်သူ အမျိုးသမီး ထောင်ပေါင်းများစွာပါဝင်ပြီး လူကုန်ကူမူတိုက်ဖျက်ခြင်းကို လုပ်ကိုင်နေသည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာခဲ့ပြီဖြစ်ပါသည်။
လူကုန်ကူးခံရခြင်း၊ လူကုန်ကူခြင်း သည် နိုင်ငံတကာသို့ရိုက်ခတ်လာသောကြီးမားသည့် အန္တာရာယ် တစ်ခုဖြစ်ပါသည်။ လူကုန်ကူခံသောသူများ သွားမည့်နေရာ၊ ကြားခံနေရာများနှင့် အဓိကလုပ်ဆောင်နေသောနေရာများ၊ ပါဝင်ပတ်သက်နေမူ့များကို ရှာဖွေဖော်ထုတ်ခြင်း ဖြစ်ကြောင်းကိုလည်း ရှင်းပြခဲ့ပါသည်။ အီတလီ နှင့် နိုင်ငံတကာမှရှိသော အဖွဲ့အစည်းများပူးတွဲ ကွန်ယက် ချိတ်ဆက်နည်းလမ်းဖြင့်ပူးပေါင်းပြီး လူကုန်ကူးမှုူ့ဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ အမျိုးသမီးများအကြမ်းဖက်ခံရမူ့ကို ကာကွယ်ခြင်း တိုက်ဖျက်ခြင်းများ၏ အရေးကြီးကြောင်းကို စစ္စတာ ယူဂျီနီယာ ဘိုနီတီ မှ ဗာတီကန် သတင်းဌာန အင်တာဗျူးတွင် ရှင်းပြခဲ့ပါသည်။
https://www.vaticannews.va/en/pope/news/2019-04/pope-francis-via-crucis....
#wayofthecross, #humantrafficking, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Zawgyi
ဧပြီလ ၅၊ ၂၀၁၉
https://www.vaticannews.va/en/pope/news/2019-04/pope-francis-via-crucis.html
Add new comment
6 + 8 =