သောကြာနေ့ကြီးဖြစ်သည့်အတွက် တောင်ပေါ်တွင်ခရစ္စတူးကားလှည့်ခြင်း

သောကြာနေ့ကြီးဖြစ်သည့်အတွက် တောင်ပေါ်တွင်ခရစ္စတူးကားလှည့်ခြင်း

(၁၅.၄.၂၀၂၂) RVA Myanmar

လားရှိုးကက်သလစ် ဂိုဏ်းအုပ်သာသနာ စံလောင်းတိုက်နယ် ၊ သန့်ရှင်းသော အိမ်ထောင်စု သာသနာအုပ်စုကျေးရွာမှ လက်ထောက်ကျောင်းထိုင် ဘုန်းတော်ကြီး နှင့်ဘာသာ တူများစုပေါင်း၍ တောင်ပေါ်တွင်စိုက်ထူထားသော သခင်ယေဇူးဒုက္ခရိယာကားတိုင် လှည့်ခြင်းအစီအစဉ် တစ်ခုကို ဒီကနေ့ (၁၅.၄.၂၀၂၂) သောကြာနေ့ကြီး၊နံနက်( ၇း၀၀) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ‘’ ကားတိုင်တောင်က ရွာနဲ့တော့သိပ်မဝေးလှပါဘူး။ရွာကတောင်ခြေမှာရှိတာ။ တစ်ခါတက်ရင်မိနစ်(၃၀)လောက်ပဲကြာတယ်။ကားတိုင်စိုက်ထားတာလဲအရမ်းမကြာသေးဘူး။ဒုက္ခစရိယာကားလှည့်ခြင်းဆိုတော့ (၁၄) ခုရှိတယ်။ နှစ်တိုင်း သောကြာနေ့ကြီးဆိုရင် တောင်ပေါ်က ကားတိုင်မှာ ခရစ္စတူးကားလှည့်ဖြစ်တယ်။ ရိုးရိုးသောကြာနေ့တွေဆိုရင်တော့ ဘုရားကျောင်းမှာပဲပြုလုပ်ကြတယ်။ ဒီနှစ်ကားတိုင်လှည့်မှာတော့ အရင်နှစ်တွေကထက် လူပိုများတယ်။ ခန့်မှန်းခြေ (၁၀၀၀) ကျော်လောက်တော့ပါဝင်လာကြတယ် ။ ခရစ္စတူးကာတိုင်ကလည်း ရွာဘက်သို့ ကောင်းချီးပေးနေသည့်ပုံစံရှိနေတာလည်း ဟုတ်တယ် ‘’ လို့ သန့်ရှင်းသောအိမ်ထောင်စုသာသနာအုပ်စု လက်ထောက်ကျောင်းထိုင်ဘုန်းတော်ကြီး Fr. John Paul က RVA သို့ ပြောပြခဲ့ပါတယ်။ ‘’ ဒေသအခြေအနေအရ ဆင်းရဲကြပေမယ့် ဘုရားတရားပိုင်းနဲ့ ပတ်သက်ရင်တော့ ယုံကြည်ခြင်းခိုင်မြဲသူများဖြစ်ကြတယ်။ ဒီလို ခရစ္စတူးကားတိုင်လှည့် ဆုတောင်းတာမျိုး ဆို သူတို့က ပိုပြီး တန်ဖိုးထားကြတယ်။ ” လို့ လက်ထောက်ကျောင်းထိုင်ဘုန်းတော်ကြီးက ၎င်းရဲ့သိုးစုများ ဘုရားတရားရှိပုံကို ထပ်လောင်းပြောပြခဲ့ပါတယ်။ စံလောင်းတိုက်နယ် ၊ (Holy Family) သန့်ရှင်းသော အိမ်ထောာင်စု သာသနာအုပ်စုတွင် ကက်သလစ် ခရစ်ယာန် အိမ်ခြေပေါင်း (၁၅၀) ခန့်ရှိပြီး၊ အများစုမှာ (၀) လူမျိုးများဖြစ်ကြပါတယ်။

News by – Pinky

#rvamyanmar #rvapastoralcare #LocalNews #Wayofthecross #GoodFriday

 

Add new comment

14 + 4 =