သေလွန်သူများအတွက် ဆုတောင်းရာ နေ့၌ ပုပ်ဖရန်စစ် မစ္ဆားပူဇော်

သေလွန်သူများအတွက် ဆုတောင်းရာ နေ့၌ ပုပ်ဖရန်စစ် မစ္ဆားပူဇော်

နို၀င်ဘာလ ၂ ရက် နေ့ဟာ သေလွန်သူတို့၏ ဝိညာဉ်များအတွက် ဆုတောင်းပေးရတဲ့နေ့ဖြစ်တာမို့ ထိုနေ့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည်လည်း ဗာတီကန် အတွင်းရှိ၊ Pontinfical Teutonic College မှာ သေလွန်သူတို့၏ ဝိညာဉ်များအတွက် မစ္ဆားပူဇော်ခဲ့ပါတယ်။

ကိုဗစ်ကြောင့် လူအနည်းငယ်သာ ပါဝင်နိုင်ခဲ့ပြီး ကွိုင်ယာ အဖွဲ့များနှင့် ပုပ်ရဟန်းမင်းကြီးလည်း Mask ဝတ်ဆင်ခဲ့ပါတယ်။

၎င်းရဲ့သြဝါဒမှာ အရှင်သူမြတ်က ပထမကျမ်းစာထဲက ယောဘ ၏ ဒုက္ခကြားက မျှော်လင့်ခြင်း တနေ့ကို ဘုရားကိုတွေ့မြင်ရမယ်ဆိုတဲ့ မျှော်လင့်ခြင်းနဲ့ အသက်ရှင်သန်ပုံကို မျှော်လင့်ချက်ဆိုတာ လက်ဆောင်တော်ဖြစ်တယ်။ တဉီးထဲယူလို့မရပါဘူး၊ ကိုယ်တော် မျှော်လင့်ခြင်းကို ပေးသနားပါလို့ တောင်းခံရမဲ့ လက်ဆောင်တော်ဖြစ်တယ်လို့ ထောက်ရှုကာတရားပေးခဲ့တာပါ။

မစ္ဆားတရားအပြီးမှာတော့ အရှင်သူမြတ်ဟာ Teutonic သင်္ချိုင်းသို့ ကြွရောက်ပြီး ဂူများကိုကောင်းကြီးပေးကာ သေလွန်သူများအတွက် ဆုတောင်းပေးခဲ့ပါတယ်။ ကိုဗစ်ကြောင့် သော်၎င်း ပြုစုပေးရင်းသော်၎င်း သေဆုံးသူများအတွက်လည်းအရှင်သူမြတ်က ဆုတောင်းပေးခဲ့​ပါတယ်။

ဒီနောက်မှာတော့ ဗာတီကန် စိန့်ပီတာ ဘာဆီးလီးကားကျောင်းတော်ကြီး ၏မြေအောက်သင်္ချိုင်းဖြစ်သည့် ပျံလွန်တော်မူကုန်သော ယခင် ပုပ်ရဟန်းမင်းကြီးများ၏ အုတ်ဂူများသို့ ကြွရောက်ကာ ဆုတောင်ပေးခဲ့ကြောင်း

ပထမတွင် ၂၀၁၉ခုနှစ်က ၎င်းရဟန္တာတင်မြှောက်ခဲ့သည့် Pope Paul VI အုတ်ဂူ၊ Pope John Paul I အုတ်ဂူ၊ Pope Benedict XV အုတ်ဂူ၊ Pope Pius XII အုတ်ဂူ များနှင့် ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်သည့် စိန့်ပီတာ၏ အုတ်ဂူရှေ့များ၌ ဆုတောင်းမေတ္တာပြုခဲ့ကြောင်းကို Rome Reports သတင်းအရ သိရှိရပါသည်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of : CBS News

https://bit.ly/2HP9uyf

https://bit.ly/3oSanGY

 

Add new comment

1 + 12 =