သေဒဏ်အမိန့်ပေးခြင်းကိုအဆုံးသတ်ရန်အမေရိကန်နိုင်ငံမှကက်သလစ်ဆရာတော်များတောင်းဆို

သေဒဏ်အမိန့်ပေးခြင်းကိုအဆုံးသတ်ရန်အမေရိကန်နိုင်ငံမှကက်သလစ်ဆရာတော်များတောင်းဆို

သေဒဏ်အမိန့်ပေးခြင်းကိုအဆုံးသတ်ရန်အမေရိကန်နိုင်ငံမှကက်သလစ်ဆရာတော်များတောင်းဆို

ပြီးခဲ့သောအင်္ဂါနေ့ကထုတ်ပြန်ခဲ့သောကြေငြာချက်၌ Oklahoma ၏ဂိုဏ်းချုပ်ဆရာတော်လည်းဖြစ်၊ အမေရိကန် နိုင်ငံကက်သလစ်ဆရာ တော်ကြီးများအဖွဲ့၏နာယကလည်းဖြစ်သော Paul S. Coakley နှင့်အမေရိကန်ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်၏လူအသက်ကိုကာကွယ်စောင့်ရှောက်သောအဖွဲ့၏နာယကလည်းဖြစ်သော၊ Kansas ၏ဂိုဏ်းချုပ် ဆရာတော် Joseph F. Naumann တို့က ခုနှစ်ဇူလိုင်မှစ၍အမေရိကား၌ သေဒဏ်ပေးခံရခဲ့ရသောအမှု (၅) မှုရှိပြီဖြစ်ကြောင်း၊ ဤအဖြစ်အပျက်သည်ယခင်ရာစုကထက်ပိုစိပ်လာကြောင်းဖြင့်ထုတ် ဖော်ထားသည်။

ပြီးခဲ့သောအင်္ဂါ နေ့က ဖယ်ဒရယ်အစိုးရသည် William Emmett LeCroy ကိုကြိုး ပေးခဲ့သည်။ သူသည်လွန်ခဲ့ သော (၁၉) နှစ်ခန့်ကဂျော်ဂျီယာမှ အသက် (၃၀) နှစ်ရှိသူနာပြုတစ်ဦးကိုသားမယားပြုကျင့်ပြီးနောက်သတ်ဖျက်ခဲ့သည့်အမူဖြင့် နှစ်ရှည်လများအကျဉ်းကျနေခဲ့သူဖြစ်သည်။ သူသည်သေဒဏ်အမိန့်ကို (၂၀၀၄) ခုနှစ်ကချမှတ်ခံခဲ့ရသည်။ ကြာသပတေး နေ့ကလည်း Christopher Vialva အားလည်းသေဒဏ်ပေးလိုက်သည်။ သူသည် (၁၉၉၉) ခုနှစ်က တက်ဆက်ပြည်နယ်၌လူ တစ်ဦးကိုသေနတ်ဖြင့်ပစ်သတ် ခဲ့သည့်အမှုဖြစ်သည်။ ထိုအချိန်၌သူသည်အသက်မပြည့်သေးပေ။ သူ၏မိခင်ဖြစ်သူက သားအတွက်သေဒဏ်မှကင်းလွှတ်ခွင့်ပေးရန်သမ္မတထရမ့်ထံတိုက်ရိုက်အသနားခံခဲ့သေးသည်။ ဆရာတော်ကြီးများက သာသနာအနေဖြင့်အကြမ်းဖက်မူကျူးလွန်သူ များအားတရားမျှတသောအပြစ်ဒစ်ချမှတ်ရမည်ဖြစ် သည်။ ထို့အတူ၄င်းကောင်းတို့ ကိုပြန်လည်ပြုပြင်ထိန်း ကျောင်း ပေးရမည့်တာ၀န်ရှိသည်။ တာ၀န်ခံမူနှင့်တရား သဖြင့်စီရင်ခြင်းသည်ပြုပြင်ထိန်းကျောင်း ခြင်း၏တစ်စိပ်တစ်ပိုင်းဖြစ်သည်။

ဘေးအန္တာရာယ်မဖြစ်ပွားရေးအတွက်တာ၀န်ယူလုပ်ဆောင်ခြင်းသည်လိုအပ်သည်။ ထို့အ တူလူမူအသိုင်းအ၀န်း ကိုကာကွယ်ပေးရာလည်းရောက်သည်။ သို့သော်ကြိုးပေးသတ်ခြင်းသည်လုံး၀မလိုအပ်သကဲ့ သို့ လက်မခံနိုင်သောလုပ်ရပ် ဖြစ်သည်။ ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂)၊ ရဟန်းမင်း ကြီး (ငြိမ်း) ဘေနေဒစ် (၁၆)၊ ရဟန်းမင်းကြီးဖရန်စစ်တို့ကလည်း အတိအလင်းရေးသားထုတ်ပြန်ထားသည်။ ယခုလဇူလိုင်၌ အမေရိကန်၏ အ ထက် လွှတ်တော်ကဤကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန်ငြင်းပယ်ခဲ့သည်။ ထို့ကြောင့်ထရမ့်အစိုးရအနေဖြင့်လည်းဆယ်စုနှစ်နှစ်စုကျင့်သုံး လာသောဥပဒေကိုပထမ ဆုံးအ ကြိမ်လိုက်နာခဲ့ရသည်။ ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ Coakley ကအလွန်စိတ်မ ကောင်းဖြစ်ရကြောင်း၊ သေ ဒဏ်စီ ရင်ချက်သည်မည်သည့်အခြေအနေမျိုး၌မဆိုတရားလိမ့်မည်ဟုမယုံကြည်ကြောင်း ၊ အမိသာသနာတော်ကြီးအနေဖြင့်ဤ စီရင်ချက်ဖျက် သိမ်းရေးအတွက်နှစ်ပေါင်းများစွာအားကျိုးမာန်တက် ဖယ်ဒရယ်အစိုးရနှင့်သာမ ဟုတ်၊ ပြည်နယ်အစိုးရနှင့် လည်းအတိုက်အခံပြုလုပ်လာခဲ့ကြောင်းဖြင့်ဗာတီကန်သ တင်းဌာန၏မေးမြန်းချက်ကိုပြန်လည်ဖြေကြားသည်။

ဩဂုတ် လ၌မူ Lezmond Mitchell နှင့် Keith Dwayne Nelson အားသေ ဒဏ်စီရင်ခဲ့သည်။ ဇူလိုင်လအ တွင်း၌ ရက်ခြား၍လူသုံးဦးသေဒဏ်ချမှတ်ခံခဲ့ကြသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: ANSA
https://bit.ly/3695jqL

Add new comment

2 + 1 =