သေဒဏ်အမိန့်ချမှတ်ခြင်းကိုကန့် ကွက်ကြောင်းအသံကျယ်လောင်စွာထပ်မံထုတ်ဖော်ပြော ဆိုလာ

သေဒဏ်အမိန့်ချမှတ်ခြင်းကိုကန့် ကွက်ကြောင်းအသံကျယ်လောင်စွာထပ်မံထုတ်ဖော်ပြော ဆိုလာ

ဖိလစ်ပိုင်သည်အရှေ့တောင်အာရှ၌သာမဟုတ်၊ အာရှတိုက်တွင်တစ်ခုတည်းသောကက် သလစ်အများစုနိုင်ငံဟု ဆိုရမည့်နိုင်ငံဖြစ်သည်။ သို့သော်ယခုနောက်ပိုင်း အမိသာ သနာတော်ကြီးကလုံး၀လက်မခံသောသေဒဏ်အမိန့်ချမှတ် ခြင်း ကိုလက်ခံကျင့်သုံးလာသည်။ ထိုသို့ကျင့်သုံးသည်ကိုကက်သလစ်ဆရာတော်များအဖွဲ့ချုပ်ကပြင်း ပြင်းထန်ထန်ကန့် ကွက်ခဲ့ပြီးဖြစ်သည်။ ထို့ အတူယခုတစ်ဖန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ကအသံကျယ်လောင်စွာထပ်မံထွက် ပေါ်လာပြီးကန့်ကွက်နေကြသည်။

ဖိလစ်ပိုင်နိုင်ငံနှင့်သေဒဏ်စီရင်ခြင်းသမိုင်း

နိုင်ငံ့သမိုင်းတလျှောက်၌ သေ ဒဏ်အပြစ်ပေးခြင်းကိုကျင့် သုံးခဲ့သည်။ (၁၉၈၀) ဖာဒီနန်မားကိုစ့်၏ အုပ် ချုပ်မူ ဆိတ်သုန်းသွားသောအခါ သေဒဏ်စီရင်ခြင်းကိုခေတ္တရပ်ဆိုင်းနိုင်ခဲ့သည်။ သို့သော် (၁၉၉၉) ခုနှစ်၌တစ်ဖန်ပြန်လည် အသက် ၀င်လာခဲ့ပြန်သည်။ (၂၀၀၆) ခုနှစ်မှဥပဒေတစ်ရပ်အဖြစ်ပြဌာန်းခဲ့သည်။ လက်ရှိသမ္မ တရိုဒရီးဂိုဒူတာတေးက လည်းဤဥပဒေကိုပြန် လည်အသက်သွင်းနိုင်ရန်စည်းရုံးလှုံ့ဆော်နေသည်။ ဖိလစ်ပိုင်လူမျိုးအတော်များများကလည်း သူ၏ ရပ်တည်ချက်ကိုလက်ခံကြောင်းပြသနေကြသည်။ လွှတ် တော်၌ လည်း အတည်ပြုနိုင်ရန်အကြိမ် ကြိမ်ဆွေးနွေးခဲ့ ကြသည်။

ဆရာတော်ကြီးများအနေဖြင့်ကန့် ကွက်ရသည့်အကြောင်းအရင်း

ပြီးခဲ့သောပတ်က ဆရာတော်ကြီးများအဖွဲ့ချုပ်၏ လက် အောက်ရှိ အကျဉ်းသားများ ၏ဘာသာရေး ၀တ္ထုရားများ ဖြည့်ဆည်းစောင့်လျှောက်ပေးသောကော်မရှင် ၏ ထုတ်ပြန်ကြေငြာချက်၌ လူတစ်ဦးကိုသေဒဏ်ပေးခြင်းသည်သူ ၏မွေး ရာပါဂုဏ်သိက္ခာကိုဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ ထိုမွေးရာပါဂုဏ် သိက္ခာသည်ရာဇ၀တ်ကျူးသော ကြောင့်ပျောက်ပျက် မသွားကြောင်း၊ ထိုကြေငြာချက်၌ သေ ဒဏ်စီရင်ခြင်းသည်ကျူးလွန်ဖောက် ဖျက်မရသောလူ့အ သက်ကိုသတ်ဖြတ်ခြင်း ဖြစ် ကြောင်း၊ လူ့အသက်သည်လူ့ဂုဏ်သိက္ခာဖြစ် ကြောင်း၊ ဤအပြစ်ဒဏ်ကိုချမှတ်ခြင်းဖြင့်ထိုဂုဏ်သိက္ခာကိုလုံး၀ဆန့် ကျင်နေကြောင်းရဟန်း မင်းကြီးဖရန်စစ်၏မိန့်ကြားချက်ကိုလည်းကိုးကားထား သည်။

ဘုရားသခင်သည်လူတို့အ တွက် အဖွဲ့အစည်းတစ်ခုကိုစီမံထားသည်။ ထိုအဖွဲ့အစည်းသည်တရားမှုကိုမချမှတ်ဘဲ လက်စားချေခြင်းကိုအား ပေးအားမြောက်ပြုနေသည်။ သေ ဒဏ်အပြစ်ပေးခြင်းသည်ပြု ပြင်ပြောင်းလဲရန်အခြေအနေမ ပေးသောအဆုံးသတ်လိုက်သည့်လုပ်ရပ်ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော်မိမိ ၏အပြစ်အမှားအတွက်နောင် တရရန်၊ ပြောင်းလဲလာရန်အချိန်ယူကြိုးစားခွင့်မရှိတော့ပေ။ ထို့အတူမပြည့်စုံသောတရားရေးကြောင့်လည်း မတရားသောအ ပြစ်ဒဏ်စီရင် ချက်မျိုးလည်းချမှတ်ခံရနိုင်ကြောင်း၊ အပြစ်ကျူးလွန်သူကိုပြုပြင်ပြောင်းလည်းရန်အခွင့်အရေးမပေးရာ ရောက်ကြောင်း၊ တရားသောဥပဒေစိုးမိုးရေးသည်အပြစ်ကျူးလွန်သူကိုပြုပြင်နိုင်ခွင့်ကိုပြုပေးလေ့ရှိကြောင်း၊ အပြစ်ပေး ရန်သာမောင်းတင်ထားလေ့မရှိ ကြောင်း၊ အပြစ်ဒဏ်နှင့်အတူပြောင်းလဲရန်ကြိုးစားခွင့်ကိုလည်းပေးသင့်ကြောင်း၊ သေ ဒဏ်အပြစ်ပေးခံရသူအများပိုင်းမှဥစ္စာမဲ့လူမွဲများ၊ အပယ် ခံများသာဖြစ်နေကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့်သေ ဒဏ် အ ပြစ်ပေးခြင်းကိုနောက်နောင်မပြဌာန်းတော့ရန်နိုင်ငံတကာနှင့်လည်းသ ဘောတူထားကြောင်း၊ ဤဥပဒေကိုပြန်လည်အ သက်သွင်းခြင်းသည်ထိုနိုင်ငံတကာသဘောတူညီမူကိုဖောက်ဖျက်ရာရောက်ကြောင်း၊ နိုင်ငံ တ ကာအဆင့်၌နိုင်ငံတော်၏ ပုံရိပ်ကိုလည်းဆိုးရွားစွာထိခိုက်စေနိုင်ကြောင်းထောက်ပြထား သည်။

သေဒဏ်အစားအခြားသေရွေး ချယ်မှု

သေဒဏ်စီရင်ချက်ကိုပြန် လည်အ သက်သွင်းရန်ကြိုး စားခြင်းထက် ကိုဗစ် (၁၉) ကိုထိရောက်စွာကာကွယ်ဟန့် တားနိုင်ရန်ကြိုးစားသင့်ကြောင်း၊ တရားဥပဒေမဏ္ဍိုင်ကိုပြုပြင်ပြောင်းလဲရန်ကြိုး စားသင့်ကြောင်း၊ အကျင့်ပျက်ခြစား ခြင်းကိုအမြစ်ပျက်ချေမုန်းရန်၊ ရာဇ၀တ်မူကိုင်တွယ်ဖြေရှင်းသည့်စနစ်ကိုလည်းပြုပြင်ပြောင်းလဲရန်၊ လူတစ်ဦး၏လွှတ် လပ်ခွင့်ဆုံးရှုံးနေသောသူများအားကာကွယ်စောင့်ရှောက်ပေးရန်၊ ထို့ ကြောင့်လူ့အသက်အတွက်ကျွန်ုပ်တို့အတူတကွရပ် တည်ကြပါစို။ အချင်းချင်းကုစားကြပါစို့ဟုတိုက်တွန်းပြီး၊ ကြေ ငြာချက်ကိုအဆုံးသတ်ထားပါသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2XQWv3y

Add new comment

4 + 15 =