သူ့အားနုပျိုစေသောလှို့၀ှက်ချက်အချို့ကို ပုပ်ရဟန်းမင်းကြီးဖရန်စစ် ဖွင့်ဟ

သူ့အားနုပျိုစေသောလှို့၀ှက်ချက်အချို့ကို ပုပ်ရဟန်းမင်းကြီးဖရန်စစ် ဖွင့်ဟ

သူ့အားနုပျိုစေသောလှို့၀ှက်ချက်အချို့ကို ပုပ်ရဟန်းမင်းကြီးဖရန်စစ် ဖွင့်ဟ

 

             နှစ်စဉ် ဒီဇင်ဘာ (၁၇) ရက်‌နေ့သည် ရဟန်းမင်းကြီးဖရန်စစ်၏ မင်္ဂလာ မွေးနေ့မြတ်ဖြစ်သည်  ထို့ကြောင့်ရဟန်းမင်းကြီးအား ဘာသာတူများက ဆုတောင်းနှုတ် ဆက်ရင်းသူ၏လန်းဆန်းတက်ကြွနေမှု၊ နုပျိုနေမှုနှင့်စပ်   လျင်း၍မေးမြန်းခဲ့ကြရာ ရဟန်းမင်းကြီးက ယခုကဲ့သို့ပြန်လည် ဖြေကြားပေးခဲ့သည်။ ရဟန်းမင်းကြီးသည် ငြိမ်းငြိမ်းချမ်းချမ်းနေလေ့ရှိကြောင်း၊ ဤကျင့်စဉ်ကိုနှစ်ပေါင်းများစွာ အဘယ် သို့ထိန်းသိမ်းကျင့်ကြံခဲ့ရကြောင်းကိုအောက်ပါအတိုင်းရှင်းပြခဲ့သည်။

            ရဟန်းမင်းသည် ရိုးရှင်းစွာနေထိုင်သည်။ အရာရာကိုပျော်တတ်အောင်ဖန်တီးယူလေ့ရှိသည်။ ဘုရားသ ခင်နှင့် သော်လည်းကောင်း၊ ကိုယ်တိုင်သော်လည်းကောင်း အေးဆေးစွာနေထိုင်သည်။ ဤကျင့်စဉ်သည် ‘နုပျို ခြင်း ၏အနှစ်ပင် ဖြစ်သည်။ ဤအချက်များသည် ရဟန်းမင်းကြီးဖရန်စစ်အားသန်မာစေသည်။ ထို့ကြောင့် ရဟန်း မင်း ကြီး များ၏ အမူ တော်ထမ်းခဲ့သည့်မှတ်တမ်း၌ သက်တော် အကြီးဆုံး ရဟန်းမင်း ကြီး အဖြစ် သမိုင်း စာမျက် နှာသစ်ဖွင့်ထားသည်။

            ရဟန်းမင်းကြီးဖရန်စစ်အား (၁၉၃၆၊ ဒီဇင်ဘာ ၁၇) ရက်‌နေ့ကမွေးဖွားသန့်စင်ခဲ့သည်။ ဂျက်ဆွီစ်ရ ဟန်း အသင်း သို့ သက်တော် (၂၁) နှစ်တွင်၀င်ရောက်ခဲ့ပြီး၊ ထာ၀ရ ရဟန်းသိက္ခာကို သက်တော် (၃၃) နှစ်မပြည့် မီခံယူ ခဲ့သည်။ သက်တော် (၅၅) နှစ်၌ လက်ထောက်ဆရာတော်အဖြစ် သိက္ခာထပ်ခဲ့ပြီး၊ သက်တော် (၆၁) နှစ်၌ Buenos Aires ၏ဂိုဏ် ချုပ်ဆရာတော်ဖြစ်လာခဲ့သည်။ ကာဒီနယ်အဖြစ် ရွေးချယ်ခံရချိန်၌ သူ၏သက်တော်မှာ (၆၄) နှစ်ရှိပြီ ဖြစ်သည်။ စိန့်ပီတာ၏အရိုက်အရာကိုဆက်ခံသော (၂၆၆) ပါးမြောက်ရဟန်းမင်းကြီးအဖြစ်ရွေချယ်ခံရချိန်၌ သူ၏ သက်တော်မှာ (၇၆) နှစ်ရှိပြီဖြစ်သည်။ လက်ရှိ၌ သာသနာတော်ကြီး၏အမြင့်ဆုံးအမှုတော်ဆောင် ရဟန်း မင်းကြီး အဖြစ် အလွန်ရှုပ်ထွေးပွေ လီပြီး၊ စိန်ခေါ်မူမြင့်မား‌သောအမှုကိစ္စများကိုကိုင်တွယ်ဖြေရှင်းနေရသည်။ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးခေါင်းဆောင်၊ အဖွဲ့အစည်းများနှင့်လည်း မအားမလပ်နိုင်အောင်လက်ခံတွေ့ဆုံနေရသည်။ သို့ သော် ရဟန်းမင်းကြီးသည် တက်ကြွမြဲ တက်ကြွဆဲဖြစ်နေပါသည်။ ကျွန်ုပ်တို့အတွက်လည်း သင်ယူစရာအဖြစ် ရဟန်းမင်းကြီးဖရန်စစ်က အောက်ပါလျှို့၀ှက် ချက်အချို့ကို ထုတ်ဖော်ပြောပြလာပါသည်။                   

၁။ ပထမဦးဆုံး ဘုရားသခင်၏လက်ဆောင်တော်ကိုအသိအမှတ်ပြုပါ။

            ‘ကျွန်ုပ်၏ငြိမ်ချမ်းခြင်းသည် ဘုရားသခင်၏ကောင်းကြီးတော်ဖြစ်သည်။ ကျွန်ုပ်ကိုစွန့်ထားခဲ့မည် မဟုတ် ဟုမျှော် လင့်ပါသည်’ ဟုမိန့်ကြားခဲ့သည်။

၂။ ကြုံတွေ့ရင်ဆိုင်ရသော ပြဿနာတိုင်းကို စိန့်ဂျိုးဇက်ထံ အပ်နှံထားလိုက်ပါ။

            ရဟန်းမင်းကြီးဖရန်စစ်သည် စိန့်ဂျိုးဇက်ကို တစ်ထူးတစ်ခြားကြည်ညိုခြင်းရှိသည်ကို လူတိုင်းသိကြသည်။ စိန့် ဂျိုးဇက်သည် သူ၏အလွန်အစွမ်းတန်ခိုးကြီးမားသော အကာအကွယ်၌ သာသနာတော်ကြီးသည် ငြိမ်းချမ်း စွာရှိ သည်။ အကယ်၍ အခက်အခဲပြဿနာတစ်ခုရှိပြီဆိုလျှင် စက္ကူစတစ်စပေါ်၌ရေးချ၍ စိန့်ဂျိုး ဇက်၏ ဆင်းတု တော် အောက်၌သွား ထည့်ထားလိုက်ကြောင်းကို (၂၀၁၇) နှစ်က အီတလီဘာသာစကားဖြင့်ထုတ်ဝေဖြန့်ချီသော Corriere della Sera သ တင်းစာနှင့်တွေ့ဆုံမြေးမြန်းချက်၌ဖြေကြားခဲ့ဖူးသည်။ ရဟန်းမင်းကြီး ဆောင်ထား လေ့ရှိ သော စိန့်ဂျိုးဇက်ရုပ်တုတော်မှာ လျောင်းနေသော စိန့်ဂျိုးဇက်ဖြစ်သည်။ ထိုအခါ စိန့်ဂျိုးဇက်သည် ပျော့ပြောင်း သော စက္ကူခေါင်း၌မှီခွင့်ရသွားသည်။         

            လျှောင်းနေသော စိန့်ဂျိုးဇက်၏ဆင်းတုတော်၏ဆိုလိုရင်းမှာ ဧဝံဂေလိကျမ်းစား၌ သူသည် ဘုရား သခင် ၏ဗျာ ဒိတ်တော်ကို လျှောင်းနေစဉ်ခံယူရရှိခြံသည်ကိုအမှတ်ရရန်ဖြစ်သည်။ အိမ်မက်ထဲ၌ ဘုရားသခင် ၏အလို ကိုသိ ခွင့်ရခဲ့သည်။ အမိမယ်တော်နှင့်သူငယ်တော်ကို မင်းယုတ်ဟေရုဒ်ထံမှတိမ်းရှောင်ရန်ကိုလည်း အိမ်မက် ၌ဗျာဒိတ်ရခဲ့သည်။ (သံမာတေဦး ၁း၂၀၊ ၁၃၊ ၁၉-၂၀) ရဟန်းမင်းကြီးဖရန်စစ်၏ စိန့်ဂျိုးဇက်အား သဒ္ဓါကြည် ညိုခြင်းသည် ရဟန်းမင်းကြီး ဖြစ်လာပြီးနောက်ပိုင်းမှသာမဟုတ်။ လူငယ်ဘ၀ အသက် (၁၇) နှစ်ကပင်ရှိခဲ့သည်။ သူ၏ခေါ်တော်မူခြင်းသည်လည်း စိန့်ဂျိုးဇက်ဘာစီးလီကာဘုရားကျောင်းကြီး၌ပင် အလင်းရရှိခဲ့ခြင်းဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်က ‘လျှောင်းစက် နေသောစိန့်ဂျိုးဇက်ကို သူ၏ကုတင်ဘေးရှိစင်၌ထားရှိခြင်းသည် အိပ်ဆေးထက်ပိုကောင်းသည်’ ဟုလည်းမိန့်ကြားသည်။

၃။ ဘုရားသခင်၌ နားစက်တတ်ပါစေ။

            ရဟန်းမင်းကြီးဖရန်စစ်သည် ဘုရားသခင်နှင့်နေ့စဉ်နားစက်နိုင်ရန်အချိန်ပေးလေ့ရှိသည်။ ဤသို့ ဘုရားနှင့် ပေါင်း စပ်အနားယူနေချိန် ကိုယ်ရှင်ကိုယ်ပြန်လည်စမ်းစစ်လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ၏ အကြံ အစည်တော်ကို ကျွန်ုပ်တို့၏စိတ္တ၊ ကာယနားစက်နေချိန်မျိုး၌ အလင်းပေးဖော်ပြလေ့ရှိသည်။ ဤ အနား ယူခြင်းသည် ကျွန်ုပ်တို့၏ကာယ၊ ၀ိညာဉ်နှစ်ဖြာအတွက်အလွန်လိုအပ်သည်။ ဘုရား သခင်နှင့် ကောင်းစွာ ပေါင်းစပ်နိုင်ရန်အတွက် တိတ်ဆိတ်မှုကိုဖန်တီးယူရန်မှာ ခက်ခဲပါသည်။ သို့သော် ဘုရားသခင်၏ အသံ တော် ကိုကြား ပြီး၊ သူ၏မိန့်ကြားချက်ကို နားလည်သဘောပေါက်ရန်မှာလည်း အရေးကြီးသည်။    

၄။ စောစောအိပ်၍ စောစောနိုးထပါ။

            ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏တစ်နေ့တာ ပုံမှန်အစီအစဉ်များကို မပျက်ကွက်အောင် အမြဲသတိ ဆောင် သည်။ ည (၉) နာရီမထိုးမီအိမ်ယာ၀င်လေ့ရှိပြီး၊ မနက် (၄) နာရီ၌ အိပ်ယာမှနိုးထလေ့ရှိသည်။ နေ့လယ် ဆွမ်းဘုဉ်း ပြီး နောက်လည်း ခေတ္တခဏ နားစက်လေ့ရှိသည်။ တစ်ခါတစ်ရံ ဆုတောင်းနေစဉ် ငိုက်မြည်း သွားသည် လည်းကြုံဖူးခဲ့ကြောင်းကို (၂၀၁၇) တွေ့ဆုံမေးမြန်းချက်၌ ရိုးသားစွာ၀န်ခံထားသည်။ သူငယ်တော်ယေဇူး၏ စိန့်ထရေဇားကလည်း ဆုတောင်းချိန်၌ သူလည်းငိုက်မြည်းတတ်ကြောင်း၊ ထိုငိုက်မြည်းခြင်းဖြင့် ဘုရား သခင် အားနှစ် သက်စေရန်ကြိုးစားအား ထုတ်ကြောင်းပြောကြားခဲ့သည်ဟုဆိုပါသည်။ ဘုရားသခင်ကို ယုံကြည် သူ အစစ် အမှန်ဖြစ်လျှင် ဘုရားသခင်နှင့်ရှိရန်လို အပ်သည်။ ခလေးသူငယ်သည် မိဘတို့၏ ရင်ခွင်၌ရှိနေ သင့်သ ကဲ့သို့ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်၏နာမတော် ကိုချီးမွမ်း သည့်နည်း လမ်းများစွာ အနက် တစ် လမ်းဖြစ်သည်။ မိဘ၏လက်ထဲ၌ရှိသော ခလေးသူငယ်ကဲ့သို့ လုံခြုံမူကိုခံ စားရန်ဖြစ်သည်။   

၅။ စိတ်ဖိစီးမူကို ဆုတောင်းခြင်းဖြင့်ဖြေဖျောက်ယူပါ။

            စိတ်ဖိစီးမှုကိုလျော့ချရန် အကောင်းဆုံးနည်းလမ်းမှာ ဆုတောင်းခြင်းဖြစ်သည်။ ရဟန်းမင်းကြီးသည် သူ့ နည်းသူ ဟန်ဖြင့် ဆုတောင်းခြင်းကိုအထူးပြုလုပ်လေ့ရှိသည်။ သူတော်စင်တို့ရွတ်ဆိုပူဇော်ရသော ပရိတ် မေတ္တာ ရွတ် ဆိုရသည်ကို လည်းနှစ်ခြိုက်ပြီး၊ အစဉ်ဆောင်ထားလေ့ရှိသည်။ မစ္ဆားတရားကို ကြည်ညိုစွာဖြင့် နေ့စဉ်ပူ ဇော် လေ့ရှိသည်။ စိတ်ပုတီး ကိုလည်းမလစ်ဟင်းစေရ။ ဆုတောင်းသည့်အခါတိုင် ကျမ်းစာနှင့် ဆုတောင်း လေ့ ရှိ သည်။ ထိုအခါငြိမ်းချမ်းခြင်းသည် အတွင်းစိတ်ထဲ၌ ရှင်သန်ကြီးထွားလာသည်။ စိုးရိမ်စိတ်များကိုလည်း ဆု တောင်းခြင်းဖြင့်တည်ငြိမ်အောင်တည်ဆောက် ရသည်။ ရဟန်းမင်းကြီးသည် စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်းရှိရန် တိုးမြှင့်လုပ်ဆောင်နေသူဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖွံ့ဖြိုးမှုသည် သူ၏ဘ၀၌အလွန်အခရာကျသည်။     

            (၂၀၂၁) ခုနှစ်က တွေ့ဆုံမေးမြန်းမှုတစ်ခု၌ ဆရာ၀န်သတင်းထောက်နှင့်စကားပြောရင်း ရဟန်းမင်းကြီးသည် သူ ၏အာရုံပိုင်းဆိုင်ရာကျန်းမာရေးကိုအထူးဂရုစိုက်သည့်အကြောင်းကိုပြောကြားခဲ့သည်။ သူသည် အာဂျင် တီးနားနိုင်ငံရှိ ဂျက်ဆွီစ်အသင်း၏တာ၀န်ခံအဖြစ်အမှုထမ်းစဉ်က အကြောင်းကိုပြောပြလာပါသည်။ ထိုအချိန်က အာဏာရှင်၏အုပ်ချုပ်မှုကိုခံနေရသောနေ့ရက်များကဖြစ်သည်။ ပြည်သူများစွာကို နိုင်ငံအတွင်း မှထွက်ခွာ နိုင်အောင် ကူညီ၍လူ့အသက်ကို ကယ်ပေးခဲ့ကြောင်း၊ သူသည် အဘယ်သို့ကိုင်တွယ်ဖြေရှင်းရမည်ကိုမသိသော နိုင်ငံရေး အခြေအနေတစ်ခုနှင့်ရင်ဆိုင် ကြုံတွေ့ခဲ့ရကြောင်း၊ ထိုအခြေအနေ၌ အမျိုးသမီး တစ်ဦးထံသို့ သွား ရောက် တွေ့ဆုံခဲ့ကြောင်း၊ အလွန်ကြီးမြတ်သောအ မျိုးသမီးဖြစ်ကြောင်း၊ ထိုအမျိုးသမီးက ဂျက်ဆွီစ် ရဟန်း လောင်း ကိုရင် များ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေများကို နား လည်အောင် အဘယ်သို့စမ်း သပ်ရ မည်ကို သင် ကြား ပေးခဲ့သည်။ ထို့နောက် (၆) လကြာပြီးနောက် သူနှင့်တစ်လတစ်ကြိမ် တွေ့ဆုံ၍ ရဟန်း လောင်း ကိုရင် များ၏ စိတ် ပိုင်း၊ အာရုံပိုင်းဆိုင်ရာအခြေအနေများနှင့်စပ်လျင်း၍ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ သည်။ ရဟန်းမင်း ကြီးကိုယ် တိုင် သည်လည်း အာဏာရှင်စနစ်၏ဆိုးရွားရက်စက်ယုတ်မာမှုများကိုမြင်တွေ့ရပြီး ထိတ် လန့် ကြောက် ရွံ့စိတ် များကြောင့် စိတ်ပိုင်းဆိုင်ရာဆရာ၀န်နှင့်ဖိဖိစီးစီးကုသခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် အပြစ်မဲ့ ပြည်သူ များ အား ပြည်ပသို့ထွက်ပေးနိုင်ရန်ကူညီရာ၌ စောင်တစ်ထည်ဖြင့်သာအုပ်ထားသော လူများကိုကားထဲ၌၀ှက် ထားပြီး၊ စစ်တပ်၏စစ်ဆေးရေးဂိတ်သုံးခုကိုဖြတ်မောင်းကူညီသယ်ထုတ်ပေးခဲ့ရသည်မှာ အဘယ်မျှစွန့်စားခဲ့ရသည်ကို တွေး ကြည့်နိုင်ပါသည်။ အာဏာရှင်းများကတွေ့ရှိသွားလျှင်လည်း အခြေအနေသည် အဘယ်မျှဆိုးရွား သွားမည် ကိုလည်း တွေးကြည့်နိုင်ပါသည်။ ထိုအခြေအနေ၌ အလွန်စိတ်လှုပ်ရှားခဲ့ရသကဲ့သို့ စိုးရိမ်စိတ်များလည်း အရှိန်အမြင့်ဆုံးသို့ရောက် ရှိနေခဲ့သည်။ သို့သော် ထိုခြောက်ခြားသောစိတ်၊ ကြောက်စိတ်များ၊ ဂယောင် ခြောက် ခြား သောစိတ်များသည် စိတ်ပိုင်း ဆိုင်ရာဆရာ၀န်နှင့်ပုံမှန်တွေ့ပြီး၊ ထိုအခြေအနေကို ကျော်ဖြတ် နိုင်ခဲ့ ကြောင်း ဖြင့် သူ၏ကျန်းမာရေးကိုအဘယ်သို့ စောင့် ရှောက်ခဲ့ရကြောင်းကိုရှင်းပြခဲ့သည်။           

 

RVA ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

 https://bit.ly/32hkmyA

Add new comment

17 + 0 =