သူမ၏ယုံကြည်ခြင်းသည် ပြန်ပေး ဆွဲသူများ၏လက်မှလွတ်မြောက်စေခဲ့သည်ဟု စစ္စတာရ် Narváez ပြော

သူမ၏ယုံကြည်ခြင်းသည် ပြန်ပေး ဆွဲသူများ၏လက်မှလွတ်မြောက်စေခဲ့သည်ဟု စစ္စတာရ် Narváez ပြော

သူမ၏ယုံကြည်ခြင်းသည် ပြန်ပေး ဆွဲသူများ၏လက်မှလွတ်မြောက်စေခဲ့သည်ဟု စစ္စတာရ် Narváez ပြော

စစ္စတာရ် Narváez သည် ‘အလွန်စင်ကြယ်တော်မူသောမာရီယာ ဖရန်စ္စကင်’ သီလရှင်သာသနာပြု အသင်း၀င် မှဖြစ်သည်။ လွန်ခဲ့သော (၅) နှစ်ခန့်က သူသည် မာလီနိုင်ငံ၌သာသနာပြုနေစဉ် အီစ္စလာမ်အကြမ်းဖက်တို့၏ ပြန်ပေးဆွဲ ခံခဲ့ရာမှ ပြန်လွတ်လာခဲ့သူဖြစ်သည်။ ယုံကြည်ခြင်းနှင့်ဆုတောင်းခြင်းသည် သူ့ အားလွတ်မြောက်စေခဲ့သည်ဟုဆိုပါသည်။

စစ္စတာရ်သည် ကိုလံဘီယာနိုင်ငံမှဖြစ်ပြီး၊ (၂၀၁၇၊ ဖေဖော်၀ါရီလ၊ ၇) ရက် နေ့၌ဖမ်းဆီးခံခဲ့ရပြီး၊ အောက်တိုဘာလ (၉) ရက်နေ့တွင်ပြန်လွတ်လာခဲ့သည်။ ပြန်လည်လွတ်မြောက်လာရန် ဗာတီကန် နှင့်ကိုလံဘီယာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်တို့မှတွေ့ဆုံညှိနှိုင်းပေးခဲ့သည်။ သူသည် ရောမသို့ရောက်ရှိနေစဉ် ရဟန်းမင်းကြီး၏ဗုဒ္ဓဟူးနေ့တိုင်း ဘုရားဖူးဘာသာတူများနှင့်တွေ့ဆုံသည့်အစီအစဉ်သို့တက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်လာစဉ် ဗာတီကန်သတင်းဌာနမှဖမ်းဆီးခံထားရစဉ် တွေ့ကြုံခဲ့ရသည့်အခြေအနေကို တွေ့ဆုံမေးမြန်းခဲ့ သည်။ သူလွတ်မြောက်ခဲ့ရ၍ ဘုရားသခင်ကိုကျေးဇူးတင်ကြောင်း၊ လွ တ်မြောက်စေရန်ကြိုးစားပေးခဲ့သော သာသနာတော်ကြီး၊ ရဟန်းမင်းကြီး၊ အီတလီအာဏာပိုင်များကိုကျေးဇူးတင်ပါကြောင်း၊ ဖမ်းဆီးခံနေရစဉ် ကိုလံဘီယာ ကက်သ လစ်သာသနာနှင့်သူ၏ဘ၀တူသီလရှင်ညီအစ်မများ အဆက်မပြတ်ဆုတောင်းပေးခဲ့ကြကြောင်း၊ ထို့အတူ နိုင်ငံတကာမှ လည်းအာရုံစိုက်လာစေရန်ကြိုးစားခဲ့ကြကြောင်းပြောကြားခဲ့ပါသည်။

ပြန်ပေးဆွဲသူများနှင့်အဆင်ပြေခဲ့သည်။

စစ္စတာရ်သည် ဖမ်းဆီးခံနေရစဉ်၌ မိမိအားဖမ်းဆီးသွားသူများနှင့်ဆက်ဆံရေးပြေပြစ်ခဲ့ကြောင်း၊ အဘယ် ကြောင့်ဆိုသော် သူတို့အားလည်းလေးစားသမှုပြုသောကြောင့် ၄င်းတို့၏လေးစားမှုလည်းရောင်ပြန်ဟပ်လာကြောင်း၊ သူသည် ကက်သလစ်ဘာသာ၀င်တစ်ဦးသာမက၊ သာသနာပြုသီလရှင်တစ်ပါးလည်းဖြစ်သောကြောင့် ဘာသာရေးနှင့် ပတ်သက်လာလျှင် သူစိမ်းကဲ့သို့လည်းကောင်း၊ ပြန်ပေးဆွဲသူများသက်၀င်ယုံကြည်သောဘာသာသည်သာ စစ်မှန်သော ဘာသာဖြစ်ကြောင်း၊ သူတို့အားအငြင်းအခုန်မပြုလုပ်ဘဲ ပြောသမျှကိုသာလေးလေစားစားနှင့်နားထောင်ခဲ့သည်။

ဘုရားသခင်ကိုလုံး၀ယုံကြည်ထားခဲ့သည်။

စစ္စတာရ်သည် ပြန်ပေးဆွဲသွားသူများ၏ကွပ်မျက်မည်ကိုလုံး၀ ကြောက်ရွံ့စိတ်မရှိခဲ့ကြောင်း၊ အဘယ်ကြောင့်ဆို သော် ဘုရားသခင်ကိုလုံး၀ယုံကြည်အပ်နှံထားကြောင်း၊ ဖြစ်လာသမျှသည် ဖြစ်လာပါစေ ဟုမိမိကိုယ်ကိုသတိသွင်းဆင် ခြင်ခဲ့ကြောင်း၊ ဆုတောင်း၊ ဆာလံကျမ်းများရွတ်ဖတ်ပူဇော်ခြင်းများကိုမပြတ်ဆည်းကပ်ခဲ့ခြင်းသည် သူ့အား၀ိညာဉ်ရေး ခွန်အားများစွာပေးခဲ့ကြောင်းနှင့်လုံခြုံမှုကိုခံစားစေခဲ့ကြောင်း၊ ပြန်လည်လွတ်မြောက်လာသောအခါ ခေါင်းထဲ၌ရောက် လာသော ပထမဦးဆုံးသောအတွေးကား ဘုရားသခင်ကိုကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှနှင့်ကျေးဇူးတင်ရန်ဖြစ်သည်ဟုဆိုသည်။

မာလီနိုင်ငံ၌ လုပ်ဆောင်နေသော ဖရန်စ္စကင်သီလရှင်တို့၏အမှုတော်များ

သူပြန်ပေးဆွဲခံရချိန်၌ မာလီနိုင်ငံ၊ Karangasso ခရိုင်မှ ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်ပေးနေချိန် ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအပြင် မီးတွင်း၌ပင်မိခင်ဆုံးပါးသွားကြသော မိဘမဲ့ကလေး တစ်ဒါဇင်ခန့်ကို လည်းစောင့်ရှောက်ထားပြီး၊ စာရေးစာဖတ်ခြင်း၊ ဇာထိုးပန်းထိုးအတတ်၊ စက်ချုပ်များသင်ကြားပေးကြောင်း၊ ထို့အတူ ပြည်သူများ၀င်ငွေရရှိစေရန် အသေးစားလုပ်ငန်းများအတွက် ချေးငွေလုပ်ငန်းများကိုလည်းလုပ်ပေးကြောင်း၊ အထူးသ ဖြင့် အမျိုးသမီးများဦးစီးလုပ်ကိုင်နိုင်သော အသေးစားစီးပွားရေးလုပ်ငန်းများကိုကူညီပေးကြောင်း၊ သို့ဖြင့် မိသားစုစား ၀တ်နေရေးကိုတစ်ဖက်တစ်လှမ်းမှကူညီပေးနိုင်စေရန်ရည်ရွယ်ကြောင်း၊ ယခုကဲ့သို့ပြန်ပေးဆွဲခံရပြီးနောက်ပိုင်း အဆိုပါ ကျောင်းကိုလည်းစွန့်ထားခဲ့ရကြောင်း၊ သို့သော် ယုံကြည်အားထားရသောအမျိုးသမီးတို့၏အကူအညီအဖြင့် ဒေသခံများ အားကူညီပံ့ပိုးပေးသောအစီအစဉ်များကိုမူ ဆက်လက်လုပ်ဆောင်လျှက်ရှိပါသည်ဟုဆိုသည်။

မာလီနိုင်ငံ၌ လုံခြုံမှုကင်းမဲ့လာမှုကြီးထွားလာနေသည်။

လွန်ခဲ့သောနှစ်များက မာလီနိုင်ငံအတွင်း ခရစ်ယာန်သာသနာပြုလုပ်ငန်းစဉ်များသည် အခြားသောအကြမ်းဖက် မွတ်စလင်များအားကောင်းသောနိုင်ငံများ၌ကဲ့သို့ အနှောက်အယှက်များစွာကြုံလာနေရသည်။ ဤမွတ်စလင်အကြမ်းဖက်အုပ်စုသည် ‘အဲလ်ကေဒါနှင့်အိုင်အက်စ်’ အစွန်းရောက် မွတ်စလင်အကြမ်းဖက်အုပ်စုကြီးတို့နှင့်ချိပ်ဆက်နေသည်။ ထို့ကြောင့်လည်း ဆာဟာရဒေသအစွန်အဖျားအထိပင် ဖြန့်ကျက်လှုပ်ရှားနိုင်ကြခြင်းဖြစ်သည်။ ၄င်းတို့သည် ဒေသခံများ ကြား သွေးကွဲအောင်ဖန်တီးပြီး ၄င်းတို့၏ဘာသာရေးမူ၀ါဒကိုလက်မခံသောသူများကား ဆက်လက်မနေထိုင်နိုင်သော ကြောင့် ဒေသကိုစွန့်ခွာရန်ဖိအားများရှိလာသည်။ ပြီးခဲ့သောတစ်နှစ်ကျော်ကာလကလည်း အာဖရိကသာသနာပြုအ သင်း၀င်ဘုန်းတော်ကြီး Pierluigi Maccalli ပင်လျှင် မာလီနိုင်ငံ၌ ဖမ်းဆီးခံရပြီး နှစ်နှစ်အကြာတွင်ပြန်လည်လွတ်မြောက် လာခဲ့သည်ဟုသိရသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3vQuOI7

Add new comment

3 + 1 =