သူပုန်အဖွဲ့နှင့် ငြိမ်းချမ်းရေးလမ်းစဉ်ပြုရန် ဖိလစ်ပိုင် ကက်သလစ် ဆရာတော်ကြီး ၃ ပါး အားရွေးချယ်ခြင်း

သူပုန်အဖွဲ့နှင့် ငြိမ်းချမ်းရေးလမ်းစဉ်ပြုရန် ဖိလစ်ပိုင် ကက်သလစ် ဆရာတော်ကြီး ၃ ပါး အားရွေးချယ်ခြင်း

သူပုန်အဖွဲ့နှင့် ငြိမ်းချမ်းရေးလမ်းစဉ်ပြုရန် ဖိလစ်ပိုင် ကက်သလစ် ဆရာတော်ကြီး ၃ ပါး အားရွေးချယ်ခြင်း

ဖိလစ်ပိုင်နိုင်ငံ ဆာမာကျွန်း ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းခြင်းဆိုင်ရာ အဖွဲ့အစည်းမှ ကွန်မြူနစ်၀ါဒီ သူပုန်အဖွဲ့ နှင့် ငြိမ်းချမ်းရေးလက်ကမ်း စကားစတင်ပြောဆို ဖလှယ်ရန်အတွက် ထိုဒေသ ဇာတိဖွား ကက်သလစ်ဆရာတော်ကြီး ၃ပါးအား ရွေးချယ်လိုက်ခြင်းတွင် ဆရာတော်ကြီးများကလည်း ဒီစိန်ခေါ်မှုအား လိုလိုလားလား လက်ခံခဲ့ကြပါတယ်။
The New People Army,NPA ဟူသည့် သူပုန်အဖွဲ့ သည် ၄င်းတို့ အလင်း၀င်လိုကြောင်းကို ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သို့သော် နိုင်ငံရေးသမားများနှင့်မဟုတ်ပဲ ဘာသာရေးခေါင်းဆောင်များနှင့်သာ ဆွေးနွေးစကားပြောလိုကြောင်း
ဆာမာဒေသ ဖွံဖ​ြိုးရေးနှင့် စီးပွားရေးအား အလွန်ထိခိုက်စေသည့် သောင်းကျန်းသူများအား ဒီငြိမ်းချမ်းရေးစကားဝိုင်းက အထောက်အကူပေးနိုင်ပါလိမ့်မယ်လို့ ဆရာတော်ကြီး Varquez က ဆိုပါသည်။
အသစ်သော ဆက်သွယ် ဆင်ဆံရေးကို ဉီးတည်စေမည့် အထက်ပါ ငြိမ်းချမ်းရေး စကားဝိုင်း အတွက် ဆရာတော်ကြီး ၃ ပါး အား ဉီးဆောင်စေရန် ရွေးချယ်ခြင်းဆုံးဖြတ်ချက်ကို အစိုးရအဖွဲ့ခေါင်းဆောင်များ၊ အသင်းတော်နှင့် လူ့အဖွဲ့အစည်းတို့က ဖေဖော်၀ါရီ ၂၀ ရက်နေ့က သဘောတူအတည်ပြုခဲ့ကြသည်ဟု ဆိုပါသည်။
NGO အဖွဲ့ ၏ပြောပြချက်အရဆိုရင် NPA သူပုန်အဖွဲ့၀င် ၃၇၀၀ ခန့်ရှိမည်ဖြစ်ကာ ဖိလစ်ပိုင်ရဲ့ ဗဟိုကျွန်းဖြစ်တဲ့
ဗီဆားယာ့စ် ကျွန်းမှာ ၄င်းတို့ဟာ ပျံ့နှံ့လျှက်ရှိကြသည်ဆိုခြင်း ကို ဗာတီကန်သတင်းအရ သိရှိရပါတယ်။

အာဗီအေမြန်မာဗာတီကန်သတင်း
#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

Photo Credit: AFP or Licensors

http://bit.ly/335RqWx

Add new comment

6 + 2 =