သူတော်မြတ်အဖြစ်တင်မြောက် ခံရသူအကြောင်းကို အန်ဂျေလူးမေတ္တာရွတ်ဆိုရာမှာ ပုပ်ဖရန်စစ် မြွက်ကြား

သူတော်မြတ်အဖြစ်တင်မြောက် ခံရသူအကြောင်းကို အန်ဂျေလူးမေတ္တာရွတ်ဆိုရာမှာ ပုပ်ဖရန်စစ် မြွက်ကြား

ဧပြီလ (၃၀) ရက်၊ ပါစကားကာလ စတုတ္ထပတ်ပတ် သော ကြာနေ့၌ ဗင်နီဇွဲလားနိုင်ငံ၊ Caracas မြို့၌ José Gregorio Hernández Cisneros အားသူတော်မြတ်တင်မြောက်ခဲ့သည်ကို အန်ဂျေလူးမေတ္တာရွတ်ဆိုချိန်တွင် ပုပ်ဖရန်စစ်က ပြန်ပြောင်း ဝေမျှခဲ့သည်။

သူသည် ဆေးဒေါက်တာတစ်ဦးဖြစ်ပြီး၊သိပ္ပံပညာ၌ ကျွမ်း ကျင်နှံ့စပ် သကဲ့သို့ ယုံကြည်ခြင်း၌လည်းအလွန်မြဲသူဖြစ်သည်။ သူသည် ကောင်း သောဆာမာရီတန်ကဲ့သို့ပင် မကျန်းမာသူများ၌ ယေဇူးသခင် ၏မျက်နှာတော်ကိုမြင်တွေ့နိုင်သူဖြစ်သည်။ သူသည်၄င်းတို့အားမည်သည့်အကျိုးအမြတ်မျှမမျှော်ကိုးဘဲ ဧဝံဂေလိတရားကို ချစ် မြတ် နိုးသောစိတ်ဖြင့်သာ သူ၏ ဘ၀ တစ် သက်လုံးကို ဆက် ကပ်ရှင်သန်ခဲ့သူဖြစ်သည်။

သူ၏စံပြုထိုက်သောအသက်တာ သည် ကျွန်ုပ်တို့အားလည်း ၀ိညာဉ်ကာယ မကျန်းမာသူများအားကူညီတတ်‌သောစိတ်များမွေးဖွားလာစေတော်မူပါဟုတောင်းလျှောက် ရင်း သူတော်မြတ်အား လက်ခုပ်ဩဘာဖြင့်ဂုဏ်ပြုပြီး၊ အန်ဂျေလူးဆုတောင်းခြင်းအစီအစဉ်ကိုအဆုံးသတ်ခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3b1kmUS

Add new comment

1 + 8 =