သူတော်မြတ်လေး ကားလ်လိုအကူးတစ်၏အကြောင်းရိုက်ကူးထားသောရုပ်ရှင်

သူတော်မြတ်လေး ကားလ်လိုအကူးတစ်၏အကြောင်းရိုက်ကူးထားသောရုပ်ရှင်

သူတော်မြတ်လေး ကားလ်လိုအာကူးတစ်၏အကြောင်းရိုက်ကူးပုံဖော်ထားသောရုပ်ရှင်သည်မကြာမီရုံတင်တော့မည်ဖြစ်သည်။

ထိုဇာတ်ကားအား 'Heaven Can't Wait' (ကောင်းကင်နိုင်ငံတော်သည် မစောင့်နိုင်တော့ပြီ) ဟုအမည်ပေးထားသည်။

ဤရုပ်ရှင်ကိုဒါရိုက်တာအဖြစ် José María Zavala ကဆောင်ရွက်ထားသည်။ ဤဆယ်ကျော်သက်သူတော်မြတ်အား (အောက်တိုဘာလ ၂၀၂၀) ကသူတော်မြတ်အဖြစ်တင်မြောက်ခဲ့သည်။ သူသည် ပျံလွန်ချိန်၌ သက်တော် (၁၅) နှစ်သာရှိသေးသည်။

ဤရုပ်ရှင်ကိုရိုက်ကူးရသည့်ရည်ရွယ်ချက်မှာ သာမန်လူငယ်တစ်ဦး၏ဘ၀ကိုရိုက်ပြထားခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်ရှိ ယနေ့ခေတ်လူငယ်များအတွက် ဤသူတော်မြတ်၏အသက်တာသည်အရေးကြီးသည်။ ယနေ့ခေတ်လူငယ်များသည် သူတို့၏ဘ၀ကိုထင်ဟပ်စေမည့် ကြည့်မှန်တစ်ချပ်လိုအပ်နေသည်။ ထိုကြည့်မှန်သည် သူတော်မြတ်ကားလ်လိုအကူးတစ်ပင်ဖြစ်သည်။

သူတော်မြတ်၏အသက်တာသည်သာမန်လူငယ်တစ်ဦး ၏အသက်တာဟုဆိုခဲ့သော်လည်း ထိုသာမန်အသက်တာ၌သူသည်ထူးခြားသည်။ ထိုထူးခြား နေမှုသည်သူ့အားသာမန်လူငယ်တစ်ဦးဖြစ်စေသည်။ သူသည်လည်း လူငယ်များနည်းတူ ၀ါသနာရှိသည်။

သူစိတ်၀င်စားသောအားသန်ရာများရှိသည်။ သို့‌သော် သူ၏ဘ၀ကိုအဓိပ္ပါယ်ရှိစွာဖြတ်သန်းသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ဤလောက၌ရှိစဉ်၌ပင်ပျော်ရွှင်စေလိုသည်။ သူသည်‌ေ၀ဒနာကိုခံစားရသော်လည်း မညည်းမငြူဘဲသာသနာကိုချစ်သောစိတ်၊ အခြားသူများကိုချစ်သောစိတ်ဖြင့် အကောင်းဆုံးပူဇော်ခံထမ်းခဲ့သည်။ ထိုအချက်နှင့်ပင်ပြည့်စုံပြီးမြောက်နေပြီဖြစ်သည်။

သူသည် လူကီးမီးယားရောဂါဖြင့် (၂၀၀၆) ခုနှစ်တွင်ကွယ်လွန်သွားခဲ့သည်။ သူသက်ရှိထင်ရှားရှိစဉ်က ခေတ်သစ်နည်းပညာများကို ဧ၀ံဂေလိတရားပြန့်ပွှားစေရန်အသုံးပြုခဲ့သည်။ သူ၏စံပြုထိုက်သောအသက်တာသည် ယနေ့ကမ္ဘာကြီးအတွက်အလွန်အခရာကျသည်။ အထူးသဖြင့် လူငယ်များအတွက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတော်မြတ်လေးသည် အင်တာနက်၊ ဂိမ်းစ်များအားစွဲလန်းနေသော ယနေ့ခေတ်လူငယ်များအတွက် ဤနည်းပညာများကိုအကျိုးရှိအောင်အဘယ်သို့အသုံးပြုရမည်ကို စံပြုထိုက်သူတစ်ဦးဖြစ်သည်။

သူတော်မြတ်သည် ခေတ်သစ်နည်းပညာများကိုအလွဲသုံးစွဲနေသော ယနေ့ခေတ်လူငယ်များအတွက်သင်ယူအားကျဖွယ်အလွန်အရေးကြီးသော အရင်းအမြစ်တစ်ခုဖြစ်သည်။ ဤနည်းပညာများကြောင့် ယနေ့လူငယ်များစွာလမ်းမှားနေကြသည်။ စိတ်မွန်းကြပ်ဖိစီးနေကြသည်။ အပျက်သဘောဆောင်သော အခြေအနေများဆီသို့ဦးထိုးနေကြသည်။ မည်သည့်အရာကိုမျှအကောင်းမမြင်နိုင်တော့ဘဲ မျှော်လင့်ချက်ကင်းမဲ့သည့်သတင်းများကြား စိတ်ဓာတ်များပျက်ပြားနေကြသည်။ သူတော်မြတ်မှာမူထိုသို့မဟုတ်။ သူသည် အကောင်းမြင်သည်။ သာမန်အဖြစ်လက်ခံသည်။ မျှော်လင့်ချက်ထားရှိသည်။

အချုပ်ဆိုရမည်ဆိုပါလျှင် သူတော် မြတ်လေး၏ခေတ်သစ်နည်းပညာများအပေါ်ထားရှိသောစိတ်နေသဘောထားသည် ယနေ့ခေတ်လူငယ်များအတွက်အလွန်အရေးပါလှသည်။

ဤရုပ်ရှင်သည် သူတော်မြတ်လေး၏ ဘ၀ ဖြစ်စဉ်အမှန်ကိုမီးမောင်းထိုးပြနေသည်။ သူ၏ဘ၀၌မိခင်ဖြစ်သူ၏အကြောင်းအရာသည်လည်းစိတ်၀င်စားဖွယ်ပါလာသည်။ မိသားစုများအတွက်ပညာပေး၊ တရားပေးသောရုပ်ရှင်ဖြစ်သည်။

ရုပ်ရှင်ကြည်မည့်သူများအားလုံး မိဘများ၊ ဖိုးဘွားများ၊ ကလေးသူငယ်များ၊ မြေးများ၊ မိသားစုများအနေဖြင့် ရုပ်ရှင်မှပေးသောသင်ခန်းစာသည် မျှော်လင့်ခြင်းကိုလည်းကောင်း၊ စစ်မှန်သောဘ၀အနစ်သာရကိုလည်းကောင်း၊ ခရစ္စတူး၏ချစ်ခြင်းအကြောင်းနှင့်အခြားသူများ၌လည်းခရစ္စတူး၏ချစ်ခြင်းရှိနေကြောင်းကိုလည်း ကောင်းသိရှိလာရပေမည်။ ဤတရားအသိသည် သင့်ကိုယ်သင်သာငဲ့စောင်းကြည့်နေခြင်းမှသင်နှင့်နီးစပ်သူများအားဂရုစိုက်တတ်လာစေမည်ဖြစ်သည်။

ဤရုပ်ရှင်မှပေးသောတရားကိုချုပ်ဆိုရမည်ဆိုပါလျှင် 'to be happy making others happy' (ပျော်ရွှင်လိုလျှင် သူတစ်ပါးကိုပျော်ရွှင်အောင်ထားပါ) ဟုဖြစ်သည်။

ဤရုပ်ရှင်အား ရိုက်ကွင်းနှစ်နေရာတွင်ရိုက်ကူးခဲ့သည်။ ၄င်းတို့မှာ မာဒရစ်နှင့်အာစီးစီတို့တွင်ဖြစ်သည်။ အာစီးစီ သည် သူတော်မြတ်၏အုတ်ဂူရှိသောနေရာဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3Dn0B8w

 

Add new comment

4 + 15 =