သူငယ်တော်‌ ယေဇူးကဲ့သို့ လူသားများကြား ပေါင်းကူးတံတားငယ်လေးများဖြစ်ကြဖို့ ကလေးသူငယ်များကိုရဟန်းမင်းကြီးတိုက်တွန်းခြင်း

သူငယ်တော်‌ ယေဇူးကဲ့သို့ လူသားများကြား ပေါင်းကူးတံတားငယ်လေးများဖြစ်ကြဖို့ ကလေးသူငယ်များကိုရဟန်းမင်းကြီးတိုက်တွန်းခြင်း

သူငယ်တော်‌ ယေဇူးကဲ့သို့ လူသားများကြား ပေါင်းကူးတံတားငယ်လေးများဖြစ်ကြဖို့ ကလေးသူငယ်များကိုရဟန်းမင်းကြီးတိုက်တွန်းခြင်း
ဒီဇင်ဘာလ ၁၆၊ ၂၀၁၉

ဒီဇင်ဘာလ ၁၆၊ ၂၀၁၉ တနလ်ာနေ့က အီတလီနိုင်ငံ သာမာန် ဘာသာဝင်များ ဖြင့် ၁၉၆၉ ခုနှစ်က လူငယ်များအား ပညာရေးအားဖြင့်ကိုယ်ကျင်တရား၊ ဝိညာဉ်ရေး‌တရားများ ကောင်းမွန်စေရန်ဖွဲ့စည်းထားခဲ့သော အီတလီနိုင်ငံ၏ အတောင်ပံ အာဇီအိုနီ ကာတိုလီကာ Azione Cattolica အဖွဲ့၏ နှစ် ၅၀ပြည့် နေ့တွင် အသက် ၄ မှ ၁၄ နှစ် အတွင်း ပါဝင်သော အဖွဲ့ဝင် ယောကျ်ားလေး မိန်းကလေး ငယ် ၆၄ ဦး နှင့် ရဟန်းမင်းကြီးတွေ့ဆုံခဲ့ပါသည်။

ရဟန်းမင်းကြီးမှ သင်တို့၏အဖွဲ့အစည်းသည်လူငယ်များကို သာသနာပြုနောက်လိုက်များအဖြစ်ခေါ်တော်မူခြင်းစိတ်များ တိုးပွားအောင်လုပ်ဆောင်ပေးနိုင်မူအတွက်ကျေးဇူးတင်ကြောင်း၊

အောက်တိုဘာလ 31 ရက်မှ နိုဝင်ဘာလ 2 ရက်နေ့ထိ ကလေးသူငယ်တစ်ထောင်ကျော်ဖြင့် ကလေးသူငယ်များညီလာခံကိုကျင်းပပေးနိုင်ခြင်း စသည့်နည်းလမ်းသစ်များဖော်ဆောင်ပေးသည့်အတွက်ယင်းအဖွဲ့အစည်းအားကျေးဇူးတင်ကြောင်း၊

ရဟန်းမင်းကြီးမှကလေးငယ်များအားပြောကြားရာတွင် ကမ္ဘာကြီးကိုအသစ် ပြုပြင်ပြောင်းလဲဖို့ ဘုရားရှင်၏ချစ်ခြင်းမေတ္တာကိုဤကမ္ဘာထဲသို့ သယ်ဆောင်လာသောသူငယ်တော်ယေဇူးလေးကို သိုးထိန်းများသည်အံ့ဩစွာဖူးမြင်ခဲ့ကြသကဲ့သို့ အံ့သြစိတ်ဖြင့်အတူတကွဆုတောင်းကြရမည်ဟု ပြောကြားပြီး၊

သူငယ်တော်‌ ယေဇူးလေးသည် ဘုရားရှင်နှင့်လူတို့ကြား ပေါင်းကူးတံတားတည်ဆောက်ပေးသူဖြစ်သကဲ့သို့ သင်တို့ကလေးသူငယ်များသည်လည်း လူတို့အကြားတံတားငယ်လေးများဖြစ်ကြဖို့၊ သခင်ခရစ်တော်နှင့် အရာအားလုံးဖြစ်နိုင်ကြောင်းကိုယုံကြည်ကြဖို့ ကလေးသူငယ်များကိုရဟန်းမင်းကြီးမှပြောကြားခဲ့ပါသည်။
https://bit.ly/2M1ttbK
#rvamyanmarservice

Add new comment

8 + 6 =