သူငယ်တော်အိမ်အတွက် ဖမ်းထားသော ကုလားအုတ်အစစ်ထွက်ပြေးသည့်အတွက်  ခက်ခက် ခဲခဲ ပြန်လည် ဖမ်းဆီးခဲ့ရဟုဆို

သူငယ်တော်အိမ်အတွက် ဖမ်းထားသော ကုလားအုတ်အစစ်ထွက်ပြေးသည့်အတွက်  ခက်ခက် ခဲခဲ ပြန်လည် ဖမ်းဆီးခဲ့ရဟုဆို

သူငယ်တော်အိမ်အတွက် ဖမ်းထားသော ကုလားအုတ်အစစ်ထွက်ပြေးသည့်အတွက်  ခက်ခက် ခဲခဲ ပြန်လည် ဖမ်းဆီးခဲ့ရဟုဆို

 

            ဒီဇင်ဘာ (၅) ရက်နေ့သည် အမေရိကန်နိုင်ငံ၊ ကင်းဆာစ်ပြည်နယ်၊ Bonner Springs မြို့၏ ရဲများအတော်အလုပ် ရှုပ်သွားခဲ့သော တနင်္ဂနွေနေ့ တစ်နေ့ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လွတ်မြောက်နေသော ကုလားအုတ်တစ်ကောင် ကိုသဲကြီးမဲကြီးလိုက်လံဖမ်းဆီးရသောကြောင့်ဖြစ်သည်။ ထိုကုလားအုတ်မှာ အခြားသောနေရာမှလွတ်မြောက်နေခြင်းမ ဟုတ်ဘဲ ယေဇူးသူငယ်တော်အိမ်ကို တိရစ္ဆာန် အစစ်များ ဖြင့်ခင်းကျင်းပြသရန် ဖမ်းထားရာမှလွတ်မြောက်သွားခြင်းဖြစ် သည်။

တာ၀န်ရှိသူများနှင့်ရဲများက အဆိုပါကုလားအုတ်အား ဂေါက်ကွင်းမှဖြတ်ပြေး၍ ဖမ်းဆီးရန် ကြိုးစား ခဲ့သည်။ အတန်ကြာကြိုးစားပြီးနောက် အခါအခွင့်သင့်ချိန် အနီးအနား လူနေအိမ်များ ကြား၌ပြန် လည်ဖမ်းဆီးနိုင်ခဲ့သည်။ ထိုကုလားအုတ်ကို ‘Forrest Hump’ ဟုအမြင်ကပ်ကပ်နှင့် အမည်တပ်ပေးလိုက်သည်ဟုဆိုသည်။ ဤအမည်ကို ‘Forrest Gump’ ရုပ်ရှင်ဇာတ်ကားမှသရုပ်ဆောင်၏ အပြုအမူကိုအစွဲပြု၍မှည့်ပေးခဲ့သည်။ အဘယ် ကြောင့်ဆို‌သော် ရုပ်ရှင်ဇာတ် ကားထဲမှ သရုပ်ဆောင်ကဲ့သို့ မထင်လျှင်မထင်သလို စိတ်ကူးပေါက်ပေါက်ဖြင့် ရှည်လျာသောခရီးကိုပြေးထွက်သွား တတ်သောကြောင့်ဖြစ်သည်။

            ဤကုလာအုတ်သည် အရိုင်းမဟုတ်။ အမျိုးသားစိုက်ပျိုးရေးဗဟို၌မွေးမြူထားခြင်းဖြစ်သည်။ ကုလား အုတ်သည် အဘယ်သို့လွတ်မြောက်သွားသည်ကိုမသိသော်လည်း အာရေးဘီးယားမှကုလားအုတ်များသည် ၄င်း တို့ အားချည်ထား သောကြိုးများကိုကိုက်ဖျက်၍ ထွက်ပြေးသွားနိုင်သည်။ တာ၀န်ရှိသူများသည်လည်း ယခုမှသာ ကုလားအုတ်အဘယ် မျှအပြေးလျင်ကြောင်းကိုကိုယ်တွေ့ကြု့တွေ့လိုက်ရကြောင်း၊ ၄င်းတို့သည် အပြေးပြိုင်ပွဲ များ အတွက်မွေးမြူလေ့ရှိပြီး၊ တစ်နာရီလျှင် မိုင် (၄၀) အထိပြေးနိုင်စွမ်းရှိသည်။ ကုလားအုတ်ကိုဖမ်းဆီးရာ၌ အတော် ဗြောင်းဆန်သွားပြီး၊ အုတ်အုတ် ကျက်ကျက်ဖြစ်ခဲ့သော်လည်း အနီးအနားရှိပြည်သူများလည်း ပျော်ရွှင် ခဲ့ရသည်။ အချို့သည် ထိုမြင်ကွင်းကို မိမိတို့၏ဖုန်းကင်မရာများ ဖြင့်ဗွီဒီယိုများပင် ရိုက်တင်ခဲ့ကြသည်။

            ကုလားအုတ်အား ပြန်လည်ထိန်းသိမ်းနိုင်ရန် ပြေးတမ်းလိုက်တမ်းလုံးပန်းခဲ့ရသော ကိုယ်တိုင် ပါ၀င် ခဲ့သည့် တာ ၀န်ရှိရဲတစ်ဦး၏ပြောကြားချက်အရ ထိုနေ့တစ်နေ့လုံး ကုလားအုတ်အား ပြန်လည်ထိန်း သိမ်းနိုင် ရန်ကြိုး စားခဲ့ရကြောင်း၊ နောက်ဆုံး၌ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး၊ သူ၏သခင်ထံ ပြန်လည် အပ်နှံပေးခဲ့ကြောင်း၊ ကုလား အုတ်၏လုပ်ရိုးလုပ်စဉ်ကိုပြန် လုပ်ရတော့မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ကုလားအုတ်၌ ထွက်ပြေး နေစဉ် တွေ့ရာအပေါက်များ၌ တိုး‌ဝှေ့ခဲ့ရ သောကြောင့်ပွန်းပဲ့ရာများရရှိခဲ့ကြောင်း၊ သို့သော်ဒဏ်ရာကြီး ကြီး မား မား မရှိကြောင်း သဲထိတ်ရင်ဖိုစရာကောင်းသကဲ့သို့၊ သူငယ်တော် အိမ်အစစ် ကဲ့သို့တင် ဆက်မည့် အစီ အစဉ်မှာလည်း စိတ်၀င်စားစရာအလွန်ကောင်းနေပါသည်ဟုဆိုသည်။  

    

RVA ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of Sky News

https://bit.ly/3eaiaf6

Add new comment

5 + 2 =