သူငယ်တော်အိမ်ပြခန်း (၁၀၀) ကိုစိန့်ပီတာရင်ပြင်၌ ခင်းကျင်းပြသထား

သူငယ်တော်အိမ်ပြခန်း (၁၀၀) ကိုစိန့်ပီတာရင်ပြင်၌ ခင်းကျင်းပြသထား

ပြီးခဲ့သောတနင်္ဂနွေနေ့ အန်ဂျေလူးမေတ္တာရွတ်ဆိုပူဇော်စဉ်အတွင်း ရဟန်းမင်းကြီးက ကိုဗစ်ကြောင့် ခရစ္စမတ် ကာလ၌ မိမိတို့၏မိသားစုနှင့်ဆုံဆည်းရန်ပြန်ရောက်မလာနိုင်သော ပင်လယ်ရေလုပ်သားများအတွက်ဆုတောင်းပေးခဲ့ သည်။

ကမ္ဘာတစ်ဝှမ်း၌ ပင်လယ်ရေလုပ်သား (၄၀၀၀၀၀) ဦးခန့်အိမ်မပြန်နိုင်ဘဲ ပင်လယ်ပြင်၌သောင်တင်နေကြ ကြောင်း၊ အချို့သည်အလုပ်သက်တမ်းတိုးရမည့်အချိန်လည်းလွန်ကုန်ပြီဖြစ်ကြောင်း၊ ပင်လယ်၌သောင်တင်ကျန်နေသော ရေလုပ်သားများဘေးကင်းရန်နှင့်အခက်အခဲများကြားနှစ်သိမ့်မူရရှိစေရန်အ တွက် ပင်လယ်ကြယ်တော်ဖြစ်သောကညာစင် မယ်ထံတောင်း လျှောက်ပေးမည်ဖြစ် ကြောင်း၊ ထို့အတူသက်ဆိုင် ရာနိုင်ငံ၏အစိုးရများအားလည်း မိမိတို့၏နိုင်ငံသားများ ဖြစ်သောရေလုပ်သားများအား အမြန်ဆုံးကူညီကယ်ထုတ်၍ ချစ်ခင်ရသောမိသားစုများနှင့်အမြန်ဆုံးပြန်လည်ဆုံဆည်းနိုင် ရန်တိုက်တွန်းမည်ဖြစ် ကြောင်း၊ ဘာသာတူများအားလည်းခရစ္စမတ်အတွက်ဝိညာဉ် ရေးရာပြင်ဆင်မူများပြုလုပ်ထားကြ ရန်၊ ၀ိညာဉ်ရေးအတွက်ပြင်ဆင်ရာ၌မိမိတို့၀န်းကျင်၌ရှိနေသူများအား ဂရုစိုက်စောင့်ရှောက်ပေးခြင်း၊ ယေဇူးသူငယ်တော် ၏မွေးဖွားခြင်းကိုဆင်ခြင်နိုင်သည်။ ဒုက္ခဆင်းရဲခြင်းကျရောက်နေသောညီအစ်ကိုမောင်နှမတစ်ဦးဦးသည် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ အနီး အနား ၌ဖြစ်စေ၊ မည်သည့်နေရာ၌ရှိသည်ဖြစ်စေ ကျွန်ုပ်တို့အား လုံး၏နာကျင်ခြင်း၊ အတိဒုက္ခ ရောက်ခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည်နွားစားခွက်ထဲ၌မလှုံမလဲအေးချမ်းစွာသိပ်ထားသောယေဇူးသ ခင်ဖြစ်သည်။ ယေဇူးသခင်၌အတိဒုက္ခရောက်နေခြင်းဖြစ်သည်။ ထိုအခြေအနေသည် သူငယ်တော်၏မွေးဖွားခြင်းကိုဆင် ခြင်၍တစ်စိတ်တစ်၀မ်းတည်းထားကာသွား ရောက်ကူညီပေးရမည်ဖြစ်သည်။

(သူငယ်တော်အိမ်ပြခန်း (၁၀၀) ကိုခင်းကျင်းပြသထား)

ရဟန်းမင်းကြီးကလည်း ရောမမြို့၌ဘုရားဖူးရောက်ရှိနေကြသောဘာသာတူများအား ‘သူငယ်တော်အိမ်ပြခန်း ၁၀၀’ ကိုပြသထားသည်ကိုလည်းသွားရောက်ကြည့်ရူကြရန်တိုက်တွန်းခဲ့သည်။ ဤပြခန်းများကိုစိန့်ပီတာရင်ပြင် ၌ပင်ခင် ကျင်းထားသည်။ ဤပြခန်းများအားသွားရောက်လည်ပတ်ကြည့်ရူခြင်းဖြင့် တင်ဆက်ထားသောအနုပညာလက်ရာများဖြင့် ယေဇူးသခင်သည် လွန်ခဲ့သော နှစ် (၂၀၂၀) ကျော်ကမည်သို့မည်ပုံဖွား သန့်စင်ခဲ့ပုံကိုနားလည်နိုင်မည်။ ဤသူငယ်တော် အိမ်ပြခန်းများသည် မိမိတို့၏ ယုံ ကြည်ခြင်းကိုခိုင်မြဲစေမည့် ဘုရားစကားတန်းတစ်ခုဖြစ် သည်။ ဤသူငယ်တော်အိမ် ပေါင်း (၁၀၀) ပြခန်းကို နေ့စဉ်နံနက် (၁၀) နာရီမှည (၈) နာရီအထိဖွင့်လှစ်ပေးထားပြီး၊ ဒီဇင်ဘာလ (၁၃) ရက်နေ့မှလာမည့်ဇန္န ၀ါရီလ (၁၀၊ ၂၀၂၁) ရက်နေ့အထိဖွင့်လှစ်ပြသထားမည်ဖြစ်ပါ သည်။ ထိုနေ့သည် ‘ယေဇူးသခင်ဆေးကြောခြင်းခံယူတော် မူသောပွဲနေ့’ ဖြစ်ပြီး၊ ခရစ္စမတ်ကာလပြီးဆုံးသောနေ့ဖြစ်ပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: CNA

https://bit.ly/3aKGgN0

Add new comment

10 + 3 =