သီလရှင် ၁၂ပါး ကိုဗစ် ကူးစက်ခံရအပြီးမှာ အိန္ဒိယ ကက်သလစ်ဆေးရုံတခု ပိတ်လိုက်ခြင်း

သီလရှင် ၁၂ပါး ကိုဗစ် ကူးစက်ခံရအပြီးမှာ အိန္ဒိယ ကက်သလစ်ဆေးရုံတခု ပိတ်လိုက်ခြင်း

သီလရှင် ၁၂ပါး ကိုဗစ် ကူးစက်ခံရအပြီးမှာ အိန္ဒိယ ကက်သလစ်ဆေးရုံတခု ပိတ်လိုက်ခြင်း

အိန္ဒိယ နိုင်ငံ Dibrugarh နယ်မှာရှိတဲ့ Vincenza Gerosa ဆေးရုံသည် ထိုဒေသရှိ ဆင်းရဲသားများအတွက် နှစ် ၅၀ ကျော် ရပ်တည်လာခဲ့သော ကက်သလစ် သီလရှင် အသင်းဂိုဏ်း ၂ ခုမှ ဉီးစီးနေသည့်ဆေးရုံတခု ဖြစ်ပါတယ်။

၄င်းအသင်းဂိုဏ်း၏ အကြီးအကဲသီလရှင်သည် မြို့ကြီးတခု ဖြစ်သည့် ASSAM မှ ပြန်လာခဲ့ပြီး အဖျားရှိခြင်း နှင့် ဗိုက်နာခြင်းဝေဒနာ ခံစားရ၍ စစ်ဆေးကြည့်ရာမှ ဂျုလိုင် ၃ ရက်နေ့တွင် ကိုဗစ် ပိုးတွေ့ရှိရကြောင်း

၄င်းနယ် စီရင်စု တာ၀န်ခံ ဘုန်းတော်ကြီးမှ ပြောကြားရာတွင် သီလရှင်အကြီးအကဲ ကိုတွေ့ရှိအပြီး ဆေးရုံမှ ကျန်ရှိသူများကို စစ်ဆေးရာ သီလရှင် ၁၂ ပါးနှင့် ဝန်ထမ်း ၁ ဉီး စုစုပေါင်း ၁၃ ဉီး တို့တွင် ကိုဗစ် ပိုးတွေ့ရှိခဲ့ရ​ခြင်းကြောင့် နယ်မြေတာဝန်ခံများမှ ဆေးရုံကို ခေတ္တပိတ်ထားလိုက်ကြောင်း

Dibrugarh သာသနာပိုင် ဆလေးရှင်းဆရာတော်ကြီးမှ ထိုသတင်းကိုကြားသိရခြင်းအတွက် ၄င်းအနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း နှင့် လူနာများ အမြန်ဆုံးသက်သာကာ ဆေးရုံလည်းအမြန်ပြန်လည်ဖွင့်နိုင်ဘို့ ဆုတောင်းပေးနေကြောင်း ဆုတောင်းပေးကြရန်ကိုလည်း တိုက်တွန်းထားတယ်လို့ဆိုပါတယ်။

Assam ဒေသဟာ ကိုဗစ် အဖြစ်ဆုံးဒေသ ဖြစ်ကြောင်း၊ ကူးစက်ခံရသူ ၁၁၇၃၆၊ သေဆုံးသူ ၁၄ ဉီး နှင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၇၃၅ ဉီး ကူးစက်ခံရသူများတွေ့ ရှိခဲ့သည်ဆိုခြင်းကို ဗာတီကန် သတင်းအရသိရှိရပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/2Z61Wgb

Add new comment

14 + 5 =