Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
သီလရှင် အသင်းဂိုဏ်များအကြား ကိုဗစ် ပြန့်နှံ့လာ သည့်အတွက် အီတလီ သီလရှင် ကျောင်း တစ်ကျောင်းတွင် စစ္စတာရ် ခြောက်ပါး ကွန်လွန် ခြင်း သတင်း
သီလရှင် အသင်းဂိုဏ်များအကြား ကိုဗစ် ပြန့်နှံ့လာ သည့်အတွက် အီတလီ သီလရှင် ကျောင်း တစ်ကျောင်းတွင် စစ္စတာရ် ခြောက်ပါး ကွန်လွန် ခြင်း သတင်း
အီတလီ ကပ်သလစ် သီလရှင်ကျောင်းတစ်ကျောင်းမှ သီလရှင် စစ္စတာရ် ခြောက်ပါးမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်ကွယ်လွန် သွားပါတယ်။နောက်ထပ် သီလရှင် ၉ ပါး တွင်လည်း ကိုရိုနာ ဗိုင်းရပ်စ် တွေ့ရှိရ၍ ကုသမူခံယူနေ ကြောင်း
အီတလီ တွင် ကိုရိုနာ ဗိုင်းရပ်စ် ပိုးသည် သူတော်စင် ကျောင်းများတွင် ပြန့်နှံ့လျက် ရှိသည်ဟု အီတာလျံ မီဒီယာ က ဆိုပါသည် အီတလီ နိုင်ငံ၊ Tortona ရှိ သီလရှင် ကျောင်းတစ်ကျောင်းတွင် သီလရှင် အပါး ၄၀ ရှိရာ ၌ အပါး ၂၀ မှာ ဗိုင်းရပ်စ် ပိုးတွေ့ရှိရကြောင်း ၊
အီတလျံ La stampa သတင်းစာအရ ကျန်ခဲ့သည့် ၉ ပါးတွင် ၄ပါးသည် ဆေးရုံက ဆင်းရပြီဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ဟာ သူတော်စင် အသင်းအဖွဲ့တွေမှာ ကူးစက်နိုင်ခြေပိုများကြောင်း ဘာလို့ဆို အဖွဲ့အစည်းနဲ့ နီးနီးကပ်ကပ်နေကြရ၍ဖြစ်ကြောင်း၊
ရောမားမြို့မှ ကွန်ဗင့် ၂ ခု တွင် ၅၈ ပါး ပိုးတွေ့ထားပြီဖြစ်ကြောင်း၊ Angelic Sisters များတွင်တော့ ၂၁ ပါးရှိသည်တွင် ၁၉ ပါးပိုးတွေ့ထားသည်ဟုဆိုပါသည်။
Parma က စိန့်ဇေးဗီးယားသာသနာပြု အသင်းတွင် ဖေဖော်ဝါရီ လကထဲက သက်ကြီး ဘုန်းတော်ကြီး များနှင့် ကိုရင်ကြီးများ စုစုပေါင်း ၁၆ ပါးသေဆုံးပြီးဖြစ်ကြောင်း သို့သော် သူတော်စင်ဂိုဏ်းများမှ သေစာရင်းသည် ကိုဗစ်ကြောင့် သေဆုံးတာလား ဆိုသည် ကိုတော့ မသေချာဟု CNA သတင်းအရသိရှိရပါတယ်ယ်။
By Sr.Lucia Thandar Aung,SJA
Photo Credit: Alexey Gotovskiy/CNA
Add new comment