သီလရှင်များမှ ဆုတောင်းရင်းပြုလုပ်သော ဒိန်ခဲများ လူကြိုက်များနေ

သီလရှင်များမှ ဆုတောင်းရင်းပြုလုပ်သော ဒိန်ခဲများ လူကြိုက်များနေ

ကောင်းကင်တမန်များ၏ သ ခင်မသီလရှင်ကျောင်းမှ သီလ ရှင်များမှ ဆုတောင်းရင်း ပြု လုပ်သော ချိစ်များသည် ခရစ္စ မတ်အချိန်ကာလတွင် လူကြိုက်များလျက်ရှိသည်။ သူတို့သည် အမေရိကန်၊ဗာဂျီးနီးယားပြည်နယ် Charlottesville တွင် သီ တင်းသုံးကြပြီး ထိုဒေသသို့ စတင်အခြေချခဲ့စဉ်က ဒိန်ခဲလုပ် နည်းကိုပင် မသိခဲ့ကြချေ။

စစ္စတာရ်ဗာဗရာ၏ပြောကြားချက်အရ "ဒိန်ခဲများ သည် သူတို့ကိုသူတို့ကြော် ငြာသည်"ဟုဆိုသည်။တစ်စုံ တစ်ယောက်က ဤဒိန်ခဲများကို လက်ဆောင်ရ၍ စားသောက်မိသောအခါ သီလရှင်ကျောင်းကို ဖုန်းဆက်၍ မှာယူကြတော့သည်ဟုဆိုသည်။ စစ္စတာရ်များကမူ" ဤဒိန်ခဲတစ် ပိုင်းစီတွင် မိမိတို့၏ဆု တောင်း ခြင်းများပါဝင်သည်" ဟုဆိုသည်။

ကိုဗစ်ကာလတွင် ဒိန်ခဲမှာယူမှုအပြင် ဆုတောင်းရန်အ ကူအညီတောင်းမှုတွေပါ များ ပြားလာခဲ့သည်။စစ္စတာရ်များသည် ဒိန်ခဲလုပ်နေစဉ် ဤဒိန်ခဲကိုစားသောက်မည့် လူတိုင်းအတွက် ဆုတောင်းပေးလေ့ရှိကြသည်။

ဤသီလရှင်များမှာ စိန်ဘယ်နဒစ်၏ လမ်း စဉ်ကိုကျင့်သုံးကြပြီး မနက် ၃:၁၅ တွင် အိပ်ယာထသည်။ တစ်နေ့ ခုနှစ်ကြိမ်ဝတ်ပြုဆုတောင်းပြီး စည်းမျဉ်းဥပဒေအတိုင်း တစ် သဝေမတိမ်းလိုက်နာကျင့်ဆောက်တည်ကြသည်။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of: The Connexion

https://bit.ly/3r0p3Vv

Add new comment

11 + 2 =