သီရိလင်္ကာ နိုင်ငံတွင် သခင်ယေဇူးရှင်ပြန်ထမြောက်တော်မူသော ပါစကားပွဲ​တော် တနင်္ဂနွေနေ့ က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရမူများအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ စိတ်ထိခိုက်ကြေကွဲရကြောင်း မိန်​့ကြား
ကိုလံဘိုမြို့ Kochchikade အရပ်ရှိ စိန့် အန်ထော်နီ ထံဝတ်ြ​ပုဆုတောင်းရာ ဘုရားကျောင်း၊
သီရိလင်္ကာ နိုင်ငံတွင် သခင်ယေဇူးရှင်ပြန်ထမြောက်တော်မူသော ပါစကားပွဲ​တော် တနင်္ဂနွေနေ့ က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရမူများအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ စိတ်ထိခိုက်ကြေကွဲရကြောင်း မိန်​့ကြား
ဧပြီလ ၂၁၊ ၂၀၁၉
သီရိလင်္ကာ နိုင်ငံတွင် သခင်ယေဇူးရှင်ပြန်ထမြောက်တော်မူသော ပါစကားပွဲ​တော် တနင်္ဂနွေနေ့ က ဘုရားကျောင်းများ နှင် ဟိုတယ်များ တွင် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရမူများကြောင့် အနည်းဆုံးလူ ၂၀၇ ဦးသေဆုံးပြီး လူပေါင်း ၄၅၀ ကျော် ဒဏ်ရရှိသွာကြောင်းဖော်ပြထားပါသည်။ ပြင်းထန်သော အကြမ်းဖက်တိုက်ခိုက်မူ​ကြောင့် ဒဏ်ရာရရှိသူများ သေဆုံးသွားသူများအတွက် ဆုတောင်းပေးနေကြောင်း၊ သေဆုံးသွားကြသော ဝိညာဉ်များအတွက် ဘုရားသခင်ထံအပ်နှံပူဇော် ပေးကြောင်း၊ ဆိုးဝါးသော တိုက်ခိုက်မူ​ကြောင့် ဒဏ်ရာရကြရသူများအတွက်လည်း ဆုတောင်းပေးနေကြောင်း၊ သိီရိလင်္ကာတွင်ရှိသော ခရစ်ယာန်များနှင့်အတူ ရှိကြောင်း သခင်ယေဇူးရှင်ပြန်ထမြောက်တော်မူသော ပါစကားပွဲ​တော် တနင်္ဂနွေနေ့ စိန့်ပီတာရင်ပြင် ရောမမြို့၌ ရဟန်းမင်းကြီး၏ တစ်ကမ္ဘာလစိန့်ပီတာရင် ပါစကားကောင်းကြီးတော်ပေးခြင်း အခမ်း​အနားတွင်ပြောကြားခဲ့ပါသည်။
ကိုလံဘိုမြို့ Kochchikade အရပ်ရှိ စိန့် အန်ထော်နီ ထံဝတ်ြ​ပုဆုတောင်းရာ ဘုရားကျောင်း၊ ကိုလံဘိုမြို့Negombo အရပ်ရှိ စိန့် စေဘက်စတင်း ဘုရားကျောင်း စသည့် ကက်သလစ်ခရစ်ယာန် ဘုရားကျောင်း နှစ်ကျောင်းနှင့် အရှေ့ဘက်အရပ် Batticaloa တွင်ရှိသော ကက်သလစ် ခရစ်ယာန်မဟုတ်သော evangelical ခရစ်ယာန်ဘုရားကျောင်း နှင့် ကိုလမ်ဘို မြို့တွင်ရှိ ဟိုတယ် လေးခုတွင် ယင်း တနင်္ဂနွေနေ့ တွင်ဗုံး ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပါသည်။ ယင်းတိုက်ခိုက်ခံရမူ​ကြောင့် သေဆုံးသွားကြသောသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း ဖော်ပြထားပါသည်။
ကိုလမ်ဘိုမြို့ ဂိုဏ်းချုပ်ဆရာတော် ရဟန်းမင်းအမတ် ကာဒီနယ် Ranjith မှ (ဒီနေဟာ ကျွန်တော်တို့အတွက် အလွန်အင်မတန် ဝမ်းနည်းစရာကောင်းတဲ့နေ့ပါ)၊ ယင်းတိုက်ခိုက်ခံရမူ​ကြောင့် ထိခိုက်ဒဏ်ရာရသူများ၊ သေဆုံးသွားကြသူများ အတွက် ​လွန်စွာဝမ်းနည်းရကြောင်း၊ ထိုကဲ့သို့ လူမြောက်များစွာသေကြေပျက်စီး အောင်လုပ်ဆောင်သောသူများ နှင့် သူတို့ရဲ့လုပ်ရပ်ကို ရူတ်ချကြောင်း၊ ယင်း လုပ်ရပ်ကိုပြုမူကြသောသူများကို အစိုးရမှစုံစမ်းဖော်ထုတ်ပေးရန် ပြောကြားခဲ့ပါသည်။
https://www.vaticannews.va/en/pope/news/2019-04/pope-francis-laments-sri...
#pope, #lament, #srilanka, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Zawgyi
ဧပြီလ ၂၁၊ ၂၀၁၉
https://www.vaticannews.va/en/pope/news/2019-04/pope-francis-laments-sri-lanka-attacks-on-easter.html
Add new comment
16 + 0 =