သီရိလင်္ကာနိုင်ငံ ကက်သလိခ် ဘုရားကျောင်းများ ဗုံးခွဲးတိုက်ခိုက်ခံခဲ့ရသော ဖြစ်ရပ်၌ ကက်သလိခ်သာသနာတော်ကြီး၏ စည်းလုံးမှု ပိုမိုပေါ်လွင်ခံစားရ

သီရိလင်္ကာနိုင်ငံ ကက်သလိခ် ဘုရားကျောင်းများ ဗုံးခွဲးတိုက်ခိုက်ခံခဲ့ရသော ဖြစ်ရပ်၌ ကက်သလိခ်သာသနာတော်ကြီး၏ စည်းလုံးမှု ပိုမိုပေါ်လွင်ခံစားရ
မေလ ၂၀၊ ၂၀၁၉

တစ်​ကမ္ဘာလုံးကို တုန်လှုပ် ခြောက်ခြားစေခဲ့သည် လူ ၂၅၀ ကျော်သေဆုံးပြီး လူပေါင်း ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့သည့် ၂၀၁၉ ဧပြီလ ၂၁ ရက် သခင်ယေဇူးရှင်ပြန်ထမြောက်တော်မူသော ပါစကား တနင်္ဂနွေနေ့က သီရီလင်္ကာ နိုင်ငံရှိ ကက်သလိခ် ခရစ်ယာန် ဘုရားကျောင်း သုံးကျောင်း၊ ဟိုတယ် သုံးခုတွင် အသေခံ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ရပ်ကြောင့် ကက်သလိခ် သာသနာတော်ကြီး၏ စည်းလုံးမှု၊ တလုံးတဝတည်းရှိမှုကို ပိုမိုပေါ်လွင်ခံစားရကြောင်း သီရိလင်္ကာ နိုင်ငံ ကိုလံဘိုမြို့စိန့် အန်ထော်နီထံ ဝတ်ပြုစုတောင်းရာနေရာ တာဝန်ခံ ဘုန်းတော်ကြီး ဂျူ့ ရပ်ဂ်ျ ဖနန်းဒို (Fr. Jude Raj Fernando) မှ ဗာတီကန် သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ 

ကျွန်ုပ်တို့ကိုးကွယ်ယုံကြည်သော ဘုရားသည် ကလဲ့စားချေတပ်​သော ဘုရားမဟုတ် ခွင့်လွှတ်တတ်​သော ဘုရား ချစ်ခြင်းမေတ္တာ ဖြစ်တော်မူသော ဘုရားဖြစ်ကြောင်း နှင့် ယုံကြည်သူကက်သလိခ် ဘာသာဝင်များမှလည်း ယင်းဖြစ်ရပ်ကြောင့် ယုံကြည်ခြင်း ပျက်ပြားမှုမရှိပဲ မေစ္ဆားတရားပူဇော်ခြင်း၊ ဝတ်ပြုစုတောင်းခြင်း အခန်းအနားများကို ဆက်လက်​ပါဝင် လုပ်ဆောင်နေကြကြောင်း၊ အိုအဖ သူတို့ပြုသော အမှုကို သူတို့မသိသောကြောင့် သူတို့ကို ခွင့်လွတ်တော်မူပါ ဟူသော သခင်ခရစ်တော်ရဲ့ နုတ်တော်ထွက်စကားဟာ ဒီအဖြစ်အပျက်မှာ သီရိလင်္ကာ နိုင်ငံမှာရှိတဲ့ဘာသာဝင်တွေအတွက် တစ်ထပ်တည်းကျခဲ့သလို၊ ကျွန်ုပ်တို့ရဲ့ခွင့်လွှတ်ခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ ခရစ်တော်​ရဲ့နောက်လိုက်တွေဖြစ်တယ်ဆိုတာပြသလိုက်ခြင်းပါပဲ။ ။ ကက်သလိခ် ခရစ်ယာန် ဘာသာဝင်များဟာ ဆုတောင်းမေတ္တာပြု ခြင်း၊ စိပ်ပုတီးစိပ်ခြင်း၊ မေစ္ဆားတရား ပါဝင်ပူဇော်ခြင်းအမူ၌ ဘုရားရှင်၏ ဘုန်းတံခိုးတော်ကို ပိုမိုပြသလာကြကြောင်း ကိုလည်း ဘုန်းတော်ကြီး ရပ်ဂ်ျ ဖနန်းဒို မှ ပြောကြားခဲ့ပါသည်။

ယင်းကဲ့သို့ ဝမ်းနည်းကြေကွဲးဖွယ်ရာအချိန်၌ ကက်သလိခ် အသင်းတော်တစ်ခုလုံး၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် နှင့် အတူ သီရိလင်္ကာ နိုင်ငံ၌ရှိသော ကက်သလိခ် အသင်းတော်သည် တလုံးတဝတည်း တည်ရှိနေကြောင်းကို ပိုမိုသိရှိခံစားလာရကြောင်း အသင်းတော်၏ စည်းလုံးမှုကို တကယ်လက်တွေ့ခံစားခဲ့ရကြောင်း နှင့်
သီရိလင်္ကာ နိုင်ငံ၌ရှိသော ကက်သလိခ် အသင်းတော်အတွက် တစ်​ကမ္ဘာလုံးရှိ အသင်းတော်မှ ဆုတောင်းပေးနေကြောင်း၊ ကမ္ဘာပေါ်ရှိ သာသနာနယ် အသီးသီးမှလည်း သီရိလင်္ကာ နိုင်ငံ၌ရှိသော ကက်သလိခ် အသင်းတော် နှင့် တစ်လုံးတဝတည်းရှိကြောင်း ထုတ်ဖော်ခဲ့ခြင်းများကို သိရှိခဲ့ရကြောင်း သီရိလင်္ကာ နိုင်ငံ ကိုလံဘိုမြို့ စိန့် အန်ထော်နီထံ ဝတ်ပြုစုတောင်းရာ နေရာ တာဝန်ခံ ဘုန်းတော်ကြီး ဂျူ့ ရပ်ဂ်ျ ဖနန်းဒို (Fr. Jude Raj Fernando) မှ ဗာတီကန် သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/church/news/2019-05/sri-lanka-anthony-shrine-colombo-interview-raj.html

#pope, #catholic, #unity, #srilanka, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

15 + 2 =