သီရိလက်ာ ကာဒီနယ်က သမ္မတအား ရာထူးမှဆင်းပေးရန်တောင်းဆို

သီရိလက်ာ ကာဒီနယ်က သမ္မတအား ရာထူးမှဆင်းပေးရန်တောင်းဆို

ဇူလိုင်လ (၅) ရက်နေ့ သတင်းစာရှင်းလင်းပွဲ၌ သီရိလက်ာ နိုင်ငံ၏ ကာဒီနယ် Ranjith က နိုင်ငံ၏သမ္မတနှင့်အစိုးရ အားရာထူးမှဆင်းပေးရန်နှင့်ပြည်သူ့အာဏာကိုပြည်သူအားပြန်အပ်နှင်းရန်တောင်းဆိုလိုက်သည်။

နိုင်ငံအတွင်းဖြစ်ပျက် နေသောအခြေအနေကြောင့် မလိုလားအပ်သော နောက်ဆက်တွဲပဋိပက္ခများနိုင်ငံအတွင်း ဆက်လက်မဖြစ်ပေါ်စေရန် အစိုးရ၏အုပ်ချုပ်ရေး ညံ့ဖျင်းမှုကိုလက်ခံကာ အေးချမ်းစွာရာထူးမှဖယ်ရှားပေးရန်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ပြည်သူတို့ သည် နိုင်ငံရေးပါတီများစုဖွဲ့၍ ယုံကြည်ရသော၊ ပွင့်လင်းမြင်သာသောယာယီအစိုးရကိုဖွဲ့စည်းရန် စိုင်းပြင်နေကြသည်။ နည်းပညာရှင်များနှင့်ကျွမ်းကျင်ပညာရှင်အစုအဖွဲ့များအနေဖြင့် ယာယီအစိုးရဖွဲ့စည်း၍ထိန်းကျောင်းပေးနိုင်မည်ဖြစ်ကြောင်း၊ နှစ်အတော်ကြာ ပြည်သူတို့၏ယုံကြည်မှုကိုမရဘဲဖြစ်ခဲ့ရသော ပြိုလဲသွားသည့်အစိုးရသည် (၂၂) သန်းကြွေးမှီ တင်ကျန်စေခဲ့ကြောင်း၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုသည် ပြီးခဲ့သောနှစ်နှစ်မှစ၍ (၇၀) ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ရာ လွတ်လပ်ရေးရပြီးနောက်ပိုင်း၌ အဆိုရွားဆုံးစီးပွားရေးကပ်ပျက်မှုကြီးဖြစ်ခဲ့ကြောင်း၊ လျှပ်စစ်မီးဖြတ်တောက်မှုကို တစ်ရက်လျှင် (၁၃) နာရီအထိလည်းကောင်း၊ အစားအစာ၊ လောင်စာ၊ ဓာတ်ငွေ့၊ ဆေး၀ါး၊ ငွေကြေးဖောင်းပွမှုစသည့်အကြောင်းပေါင်းစုံဖြစ်လာခဲ့သည်။

ငွေကြေးဖောင်းပွမှုသည် ဖေဖော်၀ါရီလမှစ၍ (၁၇.၅) အထိရှိလာခဲ့ရာ နိုင်ငံ၏ငွေကြေး သည်တန်ဖိုးမရှိဖြစ်လာခြင်း၊ စီးပွားရေးလုပ်ငန်းများလည်ပတ်ရန်ခက်ခဲလာခြင်း၊ သွင်းကုန်၊ ထုတ်ကုန်များအတွက် လည်းကောင်း၊ ပြည်သူများအတွက်လည်းကောင်း အခက်ကြုံလာခဲ့ရသည်။

ကျွန်ုပ်တို့အနေဖြင့် ဖိနှိပ်မှုကိုဆန့်ကျင်သည်။ အလွန်တင်းမာလွန်းသောအစိုးရသည် ပြည်သူအပေါ် ဖိနှိပ်လွန်း သည်။ နိုင်ငံအတွင်းမှပြည်သူအများစုသည် Rajapaksas ကိုမယုံကြပေ။ အဆိုးရွားဆုံးကား ပါတီစုံအမည်ခံပြီး ၄င်းတို့ ၏ပါတီ အာဏာဆက်ခံအုပ်ချုပ်ခွင့်ရရေးဖြစ်သည်။ အာဏာရ Rajapaksas ပါတီက ၄င်းတို့အာဏာတည်မြဲရေးသည် ပြည်သူများဖွံ့ဖြိုးတိုးတက်ရေးထက်အရေးကြီးသည်ဟုခံယူထားသည်။ ပြည်သူများအား အလုပ်အကျွေးပြုရမည့်အစိုးရ သည် အလုပ်မလုပ်ကြ။ ၀န်ကြီးချုပ်အသစ်ကိုပြည်သူများက ခန့်အပ်ထားပြီး ယိုယွင်းပျက်စီးခဲ့သည်များ ကိုပြန်လည် တည်ဆောက်ဆွဲထူနိုင်မည်ဟုမျှော်လင့်လျှက် ပြည်သူများအားလုံးတိတ်ဆိတ်စွာဖြင့် အကောင်းဆုံးဖြေရှင်း ချက်ကိုရေးဆွဲနိုင်ရန်စောင့်စားနေကြသည်။

လတ်တလော၌ အခြေအနေများသည် မောင်ပိုင်စီးထားသည့်အခြေအနေ ထက်ပိုမသာပေ။ သမ္မတနှင့်သူ၏အစိုးရသည် ၄င်းတို့၏ရာထူးများကို ဆက်လက်ဖက်တွယ်ရန် သိက္ခာတရားလုံး၀မရှိ တော့ကြောင်း၊ ဒုက္ခအ၀၀ကိုရင်စီးခံနေရသောပြည်သူများကိုယ်စား တာ၀န်ယူမှု၊ တာ၀န်ခံမှုအပြည့်ဖြင့် မိမိတို့၏လက်ရှိ ရာထူးမှနုတ်ထွက်ပေးရန်တောင်းဆိုလိုက်ပါသည်ဟု ကာဒီနယ်က ရဲရင့်ပြတ်သားစွာပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3b9c94v

Add new comment

16 + 0 =