သီရိလက်ာသို့ ယူရိုငွေ (၄၆၅၀၀၀) ကူညီခဲ့ဟု လိုအပ်သောသာသနာနယ်များသို့ကူညီပေးနေသော အဖွဲ့အစည်းဆို

သီရိလက်ာသို့ ယူရိုငွေ (၄၆၅၀၀၀) ကူညီခဲ့ဟု လိုအပ်သောသာသနာနယ်များသို့ကူညီပေးနေသော အဖွဲ့အစည်းဆို

ကက်သလစ်ကရုဏာရေးအဖွဲ့အစည်းကြီးတစ်ခုဖြစ်သော ‘Aid to Church in Need’ (ACN) အဖွဲ့အစည်းက နိုင်ငံရေးအကြပ်အတည်းနှင့်ရင်ဆိုင်နေရသော သီရိလက်ာနိုင်ငံသို့ ယူရိုငွေ (၄၆၅၀၀၀) ကို နိုင်ငံအတွင်း ဘုရားအမှုတော် ဆောင်နေသော ကက်သလစ်ဘာသာရေးခေါင်းဆောင်များထံသို့ပေးပို့ခဲ့ကြောင်းဖော်ပြထားသည်။

ထိုအကူအညီများ အားဖြင့် ကက်သလစ်ဘုန်းတော်ကြီးများသည် မစ္ဆားအလှူများရမည်။ ဓမ္မအမှုတော်ဆောင်များ၊ ဘုရားအမှုတော်ဆောင် များသည်လည်း လက်ရှိနိုင်ငံရေးအခြေအနေ၌ ၄င်းတို့၏တမန်တော်လုပ်ငန်းများကိုကောင်းစွာဆောင်ရွက်နိုင်ရန် အ ထောက်အပံ့များရရှိမည်။ နိုင်ငံအတွင်းစီးပွားရေးကိုင်တွယ်မှုလွဲမှားချွတ်ချော်မှုများ၊ ရေစီးကမ်းပြိုလိုက်သောအကျင့် ပျက်ခြစားခြင်း၊ ကြွေးမှီသံသရာကြောင့် အာရှနိုင်ငံများသည် လောင်စာဆီ၊ ရိက္ခာ၊ ဆေး၀ါးပြတ်လပ်မှုများသည် လူတို့ ၏ဘ၀နေထိုင်မှုနှင့်အခြေခံလို့အပ်ချက်များကိုထိုခိုက်စေသည်။ သာသနာအနေဖြင့် ငွေကြေးမလုံလောက်မှုကြောင့်သာသနာကိုအကူအညီတောင်းခံလာသော်လည်း ထိရောက်စွာမကူညီနိုင်ကြောင်း၊ ဤစီးပွားအရေးအကြပ်အတည်းသည် သာသနာပြုများအားလည်းရိုက်ခတ်ကြောင်း၊ ပြည်သူထောင်သောင်းတို့သည် လောင်စာဆီ၊ ဓာတ်ငွေ့၊ နို့မှုန့်၊ သကြား၊ ဆန်၊ ဆေးများ၀ယ်ယူရန်တန်းစီနေကြရသည်။ ပြည်သူအတော်များများအလုပ်လက်မဲ့ဖြစ်ကုန်ကြသည်။ ကုန်စျေးနှုန်း များလည်းမတရားထိုးတက်သွာခဲ့ကြောင်း Kandy မှဆရာတော် Valence Mendis ကကက်သလစ်ဘာသာကရုဏာ ရေးအဖွဲ့အစည်း ACN အားပြောကြားခဲ့သည်။

လက်ရှိ၌ သီရိလက်ာနိုင်ငံ၌ စားသုံးကုန်၏တန်ဖိုးမှာ ယခင်နှစ်ကထက် စာလျှင် (၈၀) ရာခိုင်နှုန်းအထိမြင့်တက်လျှက်ရှိသည်။ လက်ရှိအခြေနေအထိ ငွေကြေးဖောင်းပွမှု (၅၄) ရာခိုင်နှုန်းရှိကြောင်း၊ မကြာမီအချိန်၌ ငွေကြေးဖောင်းပွမှုသည် (၇၀) အထိရှိနိုင်ကြောင်း ဗဟိုဘဏ်ကကြိုတင်ခန့်မှန်းထားသည်။

ပြီးခဲ့သောတနဂ်နွေနေ့အန်ဂျေလုစ်ဆုတောင်းမေတ္တာရွတ်ဆိုချိန်၌ ပုပ်ရဟန်းမင်းကြီးကလည်း သီရိ လက်ာမှဘာသာရေးခေါင်းဆောင်များအား ဘုံကောင်းကျိုးအတွက် တွေ့ဆုံဆွေးနွေးကြရန်နှင့်သီရိလက်ာပြည်သူများနှင့် လည်းတစ်သားတည်းရှိကြောင်းကိုလည်း မိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3J97iN2

Add new comment

10 + 10 =