သီတဂူဆရာတော်ကြီးမှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မတည်ထားသော ကိုဗစ် ၁၉ ကပ်ရောဂါရံပုံငွေအတွက် အမေရိကန် ဒေါ်လာတစ်သောင်း ထည့်ဝင်လှူဒါန်းခြင်း

သီတဂူဆရာတော်ကြီးမှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မတည်ထားသော ကိုဗစ် ၁၉ ကပ်ရောဂါရံပုံငွေအတွက် အမေရိကန် ဒေါ်လာတစ်သောင်း ထည့်ဝင်လှူဒါန်းခြင်း

သီတဂူဆရာတော်ကြီးမှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မတည်ထားသော ကိုဗစ် ၁၉ ကပ်ရောဂါရံပုံငွေအတွက် အမေရိကန် ဒေါ်လာတစ်သောင်း ထည့်ဝင်လှူဒါန်းခြင်းနှင့် မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာသို့ ထောက်ပံ့ရေး ပစ္စည်းများ လာရောက် လှူဒါန်းခြင်း။
(၁၆.၄.၂၀၂၀)
ကိုဗစ် ၁၉ Stay Home ကာလအတွက် မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ ရွှေနှလုံးတော် ကက်သီဒြယ် ကက်သလစ် ဘုရားကျောင်းတော်သို့ သီတဂူဆရာတော်ကြီးမှ ဆန် ၊ ဆီ ၊ဆား ၊ကြက်သွန် ၊ ပဲ စသည်တို့ကို (၁၆.၄.၂၀၂၀) ရက်နေ့ ညနေ (၅း၀၀) နာရီက လာရောက်ထောက်ပံ့ကူညီ လှူဒါန်းခဲ့ပါသည်။
သီတဂူဆရာတော်ကြီးမှ ဆန် (၁၀၀)အိတ် ၊ ဆီတစ်ပိသာ (၁၀၀) ဗူး ၊ ကြက်သွန်နီ (၂)အိတ်၊ ပဲ (၅)အိတ်၊ ၊ပြုတ်စားပဲ (၁)အိတ် ၊ ဆား တို့ကို ကရုဏာ အထောက်အပံ့အဖြစ် လှူဒါန်းခဲ့ပါသည်။
ထို့အပြင် သီတဂူဆရာတော်ကြီးသည် အီတလီ နိုင်ငံ ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီးတည်ထောင် မတည်ခဲ့သော ကိုဗစ် (၁၉) ရံပုံငွေသို့ အမေရိကန်ဒေါ်လာ တစ်သောင်းအား မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး မာကုဉီးတင်ဝင်းမှ တဆင့် လှူဒါန်းခဲ့ပါသည်။
သီတဂူဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုအတွက် မိန့်ကြားရာတွင် ယခုလို ကပ်ရောဂါဘေး အခြေအနေတွင် ဘာသာတရားများ မခွဲခြားဘဲ အတူတကွ ကရုဏာရေး လုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ရန် တိုက်တွန်းခဲ့ပါသည်။
မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး မာကုဉီးတင်ဝင်းမှလည်း ယခုလိုလာရောက်လှူဒါန်းမှုအတွက် ကျေးဇူးအထူးတင်ရှိကြောင်းနှင့် အမှတ်တရပစ္စည်းပြန်လည် ဆက်ကပ်ခဲ့ပါသည်။
Photo by - Pinky
News - Williams James
#COVID19

Add new comment

2 + 1 =