သီချင်းဆိုသောကက်သလစ်သီလရှင် သက်တော် (၈၄) နှစ်တွင်ကွယ်လွန်

သီချင်းဆိုသောကက်သလစ်သီလရှင် သက်တော် (၈၄) နှစ်တွင်ကွယ်လွန်

သီချင်းဆိုသောကက်သလစ်သီလရှင် သက်တော် (၈၄) နှစ်တွင်ကွယ်လွန်

            ကမ္ဘာကြီးသည် ကက်သလစ် ရော့ခ်အဆိုတော်သီလရှင်တစ်ပါးဖြစ်သော စစ္စတာရ် Janet Mead ကိုဆုံးရှုံးလိုက်ရပြီဖြစ်သည်။ သူသည် ‘ကောင်းကင်ဘုံ’ ဆု တောင်းမေတ္တာကို disco-rock ပုံစံဖြင့် သီဆိုခဲ့ခြင်းဖြင့်၊ သူ့အားလူသိများကျော်ကြားလာခဲ့ပြီး ယခုအခါသူသည် ဖန်ဆင်းရှင်ထာ၀ရဘုရားသခင်ထံပြန်သွားပြီဖြစ်သည်။ သူသည် ‘Sister of Mercy’ ဟုခေါ်သော ‘သနားခြင်း၏သီလရှင်’ အသင်း၀င်တစ်ပါးဖြစ်သည်။ သူသည် (ဇန္န၀ါရီလ၊ ၂၆၊ ၂၀၂၂) ခုနှစ်၊ သက်တော် (၈၃) ၌ ကင်ဆာရောဂါဖြင့်ဆုံး ပါးသွားခဲ့သည်။ ဤသတင်းသည် သူ့အားသိသူ၊ သူ၏တမန်တော်လုပ်ငန်းများကိုသိသူတို့အဖို့ အလွန်ကြီးမားသောဆုံးရှုံးမှုကြီးဖြစ်ခဲ့သည်။ စစ္စတာရ်သည် ဘ၀ပေးအကျိုး နည်းသော သူများအတွက် မနားမနေလုပ်ဆောင်ပေးခဲ့သူဖြစ်သည်။ အလွန်ကြီးမားသောဆုံးရှုံးမှုဟုဆိုရမည်ဖြစ်သော်လည်း သူချန်ထားပေးခဲ့သော ခြေရာလက်ရာအ မွေများသည် ဆက်လက်၍ရှင်သန်လှုပ်ရှားနေဦးမည်ဖြစ်သည်။ စစ္စတာရ်ကိုဆုံးရှုံးလိုက်ရသော အသင်းအားသော်လည်းကောင်း၊ သူ၏သွေးတော်သားစပ်သောမိသားစု အားသော်လည်းကောင်း၊ ထို့အတူ စစ္စတာရ်ဦးစီးပေးခဲ့သော ‘Adelaide Day Cetre’ မှမိသားစုများအားလုံးနှင့်ထပ်တူ၀မ်းနည်းရပါကြောင်းဖြင့် Peter Malinauskas က သ၀ဏ်လွှာပေးပို့ထားသည်။

            သူ၏လူသိများကျော်ကြားသွားစေခဲ့သော သီချင်းထွက်ရှိပြီးနောက် နှစ် (၅၀) ခန့်အကြာ၌ပင် စစ္စတာရ်သည် အလွန်အောင်မြင်သော ကက်သလစ်မြူးစိပညာရှင် အဖြစ် ဆက်လက်၍လူများလက်ခံခဲ့ကြသည်။ သူသည် စစ္စတာရ်ဖြစ်ပါလျှက် အကောင်းဆုံးအဆိုရှင် (၁၀) ဦးစာရင်း၀င်ခဲ့သော ဒုတိယမြောက်စစ္စတာရ်ဖြစ်သည်။ သူ့ ထက်စောခဲ့သောစစ္စတာရ်မှာ  Sister Luc-Gabrielle ဖြစ်သည်။ သူ့အား ‘the Singing Nun’ (သီချင်းဆိုသောစစ္စတာရ်) ဟုလည်းလူသိများပြီး၊ သူသည် (၁၉၆၃) ခုနှစ် များ၌ ‘Dominique’ သီချင်းဖြင့်အောင်မြင်ခဲ့သည်။

            စစ္စတာရ် Mead ၏ကိုယ်ရေးရာဇ၀င်အရ ဘ၀တစ်လျှောက်လုံး၌မြူးစိကိုလေ့လာလိုက်စားခဲ့သည်။ မြူးစိကို အသက် (၁၇) နှစ်မှစတင်၍ လေ့လာလိုက် စားခဲ့သည်။  ဘုရားကျောင်း၌ ရော့ခ်တီး၀ိုင်းတစ်၀ိုင်းကိုစတင်တည်ထောင်ခဲ့သည်။ ဤပညာကိုလည်း စစ္စတာရ်ဖြစ်ရန်အတွက် ‘သနားခြင်း၏သီလရှင်’ အသင်းသို့ ၀င်ရောက်သွားချိန်၌လည်း အသင်းအတွင်း၌သင်ကြားဖြန့်‌ဝေခဲ့သည်။ အသင်အပြကိုလုပ်ရသောဆရာမတစ်ဦးအနေဖြင့် ရော့ခ်မြူးစိကိုသင်ကြားပေးခြင်းသည် သူ၏ ကျောင်းသူကျောင်းသားများအား အလုပ်တစ်ခုအဖြစ်ပေးထားနိုင်ကြောင်းသိလိုက်ရသောအခါ မစ္ဆားအတွင်းသီဆိုသောသီချင်းများကို ရော့ခ်သံစဉ်ဖြင့်သီကုံးရေးစပ်ပါ တော့သည်။

            (၁၉၇၃) ခုနှစ်၌ သူ၏ရောင်းတန်း၀င် ကိုယ်ပိုင်သီချင်းခွေကိုထုတ်လုပ်ဖြန့်ချီခဲ့ပြီး၊ ချက်ချင်းပင် အဆိုပြိုင်ပွဲစီစဉ်သူများက ပြိုင်ပွဲ၀င်ရန်ဖိတ်ခေါ်ခံခဲ့ရသည်။ သီချင်းခွေ၏ ‘အေ’ ဆိုက်၌ စိန့်ဖရန်စစ်အစီးစီနှင့်စိန့်ကလဲတို့၏ဘ၀ကိုသီကုံးရေးစပ်ထားသော ‘Brother Sun, Sister Moon’ ‘ဘီ’ ဆိုက်ကိုမူ ‘The Lord’s Prayer’ (ကောင်းကင်ဘုံမေတ္တာ) ကိုသီချင်းအဖြစ်သီကုံးထားသည်။ ပရိသတ်အလွန်လက်ခံခဲ့ကြသည်။ ထိုသီချင်းသည် ဩစတေးလျားနိုင်ငံသူတစ်ဦး၏ခွေကို အမေရိကန်ပြည် ထောင်စု၌ ခွေပေါင်း (၁) သန်းကျော်ရောင်းချနိုင်သည်မှာ အလွန်ရောင်းကောင်းသည် အဆိုရှင်အဖြစ် စစ္စတာရ်အတွက် မှတ်တမ်း၀င်ခဲ့သည်။ စစ္စတာရ်၏သီချင်းခွေ သည် ‘Grammy’ ဆုပေးရန်ဆန်ကာတင်အဆင့်အထိပါခဲ့သည်။ သို့သော် ထိုခေတ်အခါက ‘ရော့ခ်အန်ရိုး’ ဘုရင် Elvis ၏ ‘How Great Thou Art’ သီချင်းကဆွတ်ခူးသွား ခဲ့သည်။ သူတော်စင်တို့၏ ကတိသစ္စာအတိုင်းပင် စစ္စတာရ်သည် သူရရှိသောဆုတံဆိပ်၊ ဆုကြေားငွေများအားလုံးကို ကရုဏာရေးလုပ်ငန်းအတွက် ပေးလှူခဲ့သည်။

အောင်မြင်မှုရရှိပြီးနောက်၊ လူမသိသူမသိဖြင့် အနုပညာလောကမှစွန့်ခွာခဲ့

            သူ၏ပထမဦးဆုံးထုတ်လုပ်သော သီချင်းဖြင့် အလွန်အောင်မြင်ကျော်ကြားခဲ့သောစစ္စတာရ်သည် သီးချင်းတစ်ခွေလုံးကို ‘With You I Am’ ခေါင်းစဉ်ဖြင့် ထပ်မံ ထုတ်လုပ်ခဲ့သည်။ ထိုသီချင်းသည်လည်း အဆင့် (၁၉) ၌ချိပ်ခဲ့သည်။ ပထမတစ်ခွေလောက်မပေါက်ခဲ့ပေ။ သို့သော် သူရရှိထားသောအောင်မြင်မှုကြောင့် သူသည် မစ္ဆား တရားအတွင်း၌သီဆိုသောရော့ခ်ဓမ္မသီချင်းများကိုအသံသွင်းယူခဲ့သည်။

            သူသည်ထိုမျှ လောကဇာတ်ခုံ၌ အောင်မြင်ကျော်ကြားခဲ့သူဖြစ်သော်လည်း ထင်ထင်ပေါ်ပေါ်နေထိုင်လေ့မရှိခဲ့ပေ။ သူမြူစိလောကကိုပြန်ပြောင်းပြောခိုင်းလျှင် သူ့အတွက် အလွန်ထိတ်လန့်ဖွယ်ကောင်းသောအချိန်ဖြစ်သည်ဟုပြောလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ယုံကြည်ခြင်းကိုမေးခွန်ထုတ်စရာဖြစ်လာစေခဲ့ဖူးသည်။ သူ၏တတိယသီချင်းခွေသွင်းပြီးသောအခါ သူသည် ဤလောကကိုအလွန်ငြီးငွေ့လာခဲ့သည်။ လူအမြင်ခံသည့် ဘ၀မှနောက်ဆုတ်သွားခဲ့ပြီး၊ သိုသိုသိတ်သိတ်နေခဲ့သည်။ ထိုတတိယသီချင်းခွေသည် (၁၉၉၉) ခုနှစ်အထိမဖြန့်ချီနိုင်ဘဲရှိနေခဲ့သည်။ ထိုနှစ်သည် သူ၏ပထမသီချင်းခွေထုတ်သည့် (၂၅) နှစ်မြောက်နှစ်နှင့်တိုက်ဆိုက်နေခဲ့သည်။

            သူသည် သူ၏အသက်မွေး၀မ်းကျောင်းအလုပ်ကိုစွန့်ခဲ့သော်လည်း မြူးစိပညာကို ကက်သလစ်ကျောင်းများ၌ သူ၏ဘ၀တစ်လျှောက်လုံး၌ သင်ကြားခဲ့သည်။ သူ သည်အသံသွင်းသည့်အလုပ်များဖြင့်သာအချိန်ကုန်မခံဘဲ ချို့တဲ့နွမ်းပါးသူများ၊ အိုးမဲ့အိမ်မဲ့နေသူများအား ကူညီစောင့်ရှောက်ပေးသည့် ကရုဏာရေးလုပ်ငန်းများ၌လည်း ပါ၀င်လုပ်ဆောင်ခဲ့သည်။ ဤအလွန်ထိရောက်အကျိုးရှိသောကရုဏာရေးလုပ်ငန်းကြောင်း စစ္စတာရ်အား ဩစတေးလျားတောင်ပိုင်းမှ (၂၀၁၄) ခုနှစ်၏ထူးချွန်သူအဖြစ် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ထိုနှစ်၌ပင် ‘Yamaha Golden Gospel’ (ရွှေယာမာဟာဧ၀ံဂေလိသီချင်း) ဆုကိုလည်းချီးမြှင့်ခံခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဩစတေးလျား မြူးစိလောကဖွံ့ဖြိုးရန်လုပ်ဆောင်ပေးခဲ့သောကြောင့်ဖြစ်သည်။

            ၀မ်းနည်းစရာကောင်းသော ရက်စွဲတစ်ခုဖြစ်လာခဲ့ရသည့် ဇန္န၀ါရီလ (၂၆) ရက်၌ ‘Guardian’ သတင်းစာ၌ Adelaide ဂိုဏ်းချုပ်သာသနာက စစ္စတာရ် Janet Mead ကင်ဆာဖြင့်ကွယ်လွန်သွားသည့်သတင်းကိုအတည်ပြုလာပါသည်။ သူ၏မြူးစိနှင့်သူ၏အကြောင်းသည် သူနှင့်ထိတွေ့ရင်းနှီးခဲ့သူများအားလုံးအတွက် အလင်းရစရာ အဖြစ်ကျန်နေခဲ့ပေမည်။ ထို့အတူ ဤမျှအောင်မြင်ကျော်ကြားခဲ့သော်လည်း သူ၏ သူတော်စင်ဘ၀နှင့်သူတော်စင်အသင်းကို လောက၏မည်သည့်အရာနှင့်မျှမလဲ လည် ခဲ့သည့်တန်ဖိုးထားမှုမှာ အားလုံးအတွက်သင်ယူစရာဖြစ်ကျန်ရစ်နေမည်ဖြစ်ပါသည်။ 

 

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of NewsBreak

https://bit.ly/3LB4Y24

Add new comment

5 + 3 =