သိုးထိန်းခရီးစဉ်တလျှောက် ရရှိခံစားခဲ့ရသော ကျေးဇူးတော်များ အတွက် ပုပ်ရဟန်းမင်းကြီး မှ အမိမယ်တော်ထံ သွားရောက် ကျေးဇူးတင်ခြင်း
စိန့်မေရီ မေရာ ဘာစီလီကာကျောင်းတော်ကြီ
သိုးထိန်းခရီးစဉ်တလျှောက် ရရှိခံစားခဲ့ရသော ကျေးဇူးတော်များ အတွက် ပုပ်ရဟန်းမင်းကြီး မှ အမိမယ်တော်ထံ သွားရောက် ကျေးဇူးတင်ခြင်း
စက်တင်ဘာ ၁၁၊ ၂၀၁၉
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် သူ၏ သိုးထိန်းခရီးစဉ် မတိုင်မှီ သူ၏ ခရီးစဉ်အတွက် မယ်တော်သခင်မ၏ ကူညီစောင်မမူ့ရရှိရန် စိန့်မေရီ မေရာ ဘာစီလီကာကျောင်းတော်ကြီးသို့ သွားရောက်ဆုတောင်းလေ့ ရှိသလို၊ သိုးထိန်းခရီးစဉ် မှ ပြန်လည်ရောက်ရှိ ချိန်တိုင်းလည်း သိုးထိန်းခရီးစဉ်တလျှောက် ရရှိခံစားခဲ့ရသော ကျေးဇူးတော်များအတွက် အမိမယ်တော်ထံ သွားရောက် ကျေးဇူးတင်လေ့ရှိပါသည်။
ယခုတကြိမ် စက်တင်ဘာလ ၄ ရက် ဗုဒ္ဓဟူး နေ့ မှ ၁၀ ရက် အင်္ဂါ နေ့အထိ အိန္ဒိယ သမုဒ္ဒရာ ကျွန်းနိုင်ငံများဖြစ်သော မာဒါဂါစကာ နိုင်ငံ အင်တာနာရီဘို မြို့၊ မိုရေးရှပ် နိုင်ငံ ပေါ့တ် လူးဝစ် မြို့ နှင့် အရှေ့တောင်အာဖရိက မိုဇမ်ဘစ် နိုင်ငံ မာပူတိုမြို့များ သို့ မျှော်လင့်ခြင်း နှင့်ငြိမ်းချမ်းခြင်း ခေါင်းစဉ်ဖြင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သိုးထိန်း ခရီးစဉ်မှ အပြန် အမိမယ်တော်ထံ စိန့်မေရီ မေရာ ဘာစီလီကာကျောင်းတော်ကြီးသို့ သွားရောက်ခဲ့ပြီး သူ၏ ၃၁ ကြိမ်မြောက် သိုးထိန်း ခရီးစဉ်တလျှောက် ရရှိခံစားခဲ့ရသော ကျေးဇူးတော်များအတွက် သွားရောက်ကျေးဇူးတင်ခဲ့ပါသည်။
ကျွနု်ပ်၏ ခရီးစဉ်တစ်လျှောက် ကျွနု်ပ်ရဲ့ဘေးမှာ အမေတစ်ယောက်လိုရှိနေပေးဖို့၊ ကျွနု်ပ်ဘာပြောရမယ်၊ ဘာလုပ်ရမယ်ဆိုတာကို ပြောပေး၊ ကူညီပေးဖို့၊ ကျွန်ုပ်၏ စကားလုံးများနှင့် အပြုအမူများပေါ် တည့်မတ်ပေးဖို့ရန်အတွက် ကျွနု်ပ်၏ ခရီးစဉ်မတိုင်မှီ နှင့် ခရီးစဉ်မှ ပြန်ရောက်ချိန်တွေတိုင်းမှာ အမိမယ်တော်ကို ကျွန်ုပ်သွားရောက် တွေဆုံဆုတောင်းခြင်း ကျေးဇူးတင်ခြင်း အမူ့ကို ပြုလေ့ရှိပါတယ်။ အမိမယ်တော်နဲ့ခရီးသွာခြင်းဟာ တိကျခိုင်မာ သေခြာမူ့နဲ့ သွားလာခြင်းဖြစ်တယ်။ With the Virgin Mary, I go with certainty.
By Kyi Maung
Credit to Vatican News.
https://bit.ly/2kgfnZt
Zawgyi
စက်တင်ဘာ ၁၁၊ ၂၀၁၉
By Kyi Maung
Credit to Vatican News.
https://bit.ly/2kgfnZt
Add new comment
8 + 4 =