သိကြားတမန်အမိမယ်တော်ထံ အမိန့်တော်ပြန်ကြားသော ရက်ကြီးအခါကြီးနေ့၌ မစ္ဆားတရားအတွင်းပုပ်ဖရန်စစ်ဩဝါဒမြွက်ကြား

သိကြားတမန်အမိမယ်တော်ထံ အမိန့်တော်ပြန်ကြားသော ရက်ကြီးအခါကြီးနေ့၌ မစ္ဆားတရားအတွင်းပုပ်ဖရန်စစ်ဩဝါဒမြွက်ကြား

သိကြားတမန်အမိမယ်တော်ထံ အမိန့်တော်ပြန်ကြားသော ရက်ကြီးအခါကြီးနေ့၌ မစ္ဆားတရားအတွင်းပုပ်ဖရန်စစ်ဩဝါဒမြွက်ကြား

 

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ယမန်နေ့ မတ်လ (၂၅) ရက်နေ့က စိန့်ဘာစီးလီကာဘုရားကျောင်းကြီးအတွင်း၌ ‘သိကြားတမန် အမိမယ်တော်ထံအမိန့် တော်ပြန်တော်မှုသည့်ပွဲ’ နေ့မစ္ဆားကိုဦးဆောင်ပူဇော်ခဲ့သည်။ မစ္ဆာအတွင်း ရဟန်းမင်းကြီးက ကမ္ဘာပေါ်ရှိဆရာတော်ကြီးများ၊ ဘာသာတူများနှင့်အတူ လက်ရှိ၌ ကျွန်ုပ်တို့တွေ့ကြုံနေရသောအခြေအနေအရပ်ရပ်ကို အလွန်စင်ကြယ်တော်မူသောနှလုံးတော်ထံ တင်လှူပူဇော်ပါသည်ဟုအစချီ၍ ထိုနေ့ကဖတ်ကြားခဲ့သောပွဲ နေ့ဧဝံဂေလိကျမ်းကို အောက်ပါအတိုင်းထောက်ရူ၍ ဩ၀ါဒမြွတ်ကြားခဲ့သည်။

            သိကြားမင်းဂါဘရီအဲလ်သည် အမိမယ်တော်အား သုံးကြိမ်စကားပြောခဲ့သည်။ ပထမအကြိမ်၌ ‘ကျေးဇူးတော်နှင့်ပြည့်စုံသူ၊ ဘုရားသခင် သင်နှင့်အတူရှိသူ၊ ၀မ်းမြောက်လော့’ ဟုနုတ်ဆက်ခဲ့သည်။ (သံလုကာ ၁း၂၈) ၀မ်းသာရသည့်အကြောင်းအရင်းမှာ ‘ဘုရားသခင်သည်’ မယ်တော်နှင့်အတူရှိသောကြောင့်ဖြစ်ပါ သည်။ ချစ်လှစွာသော ညီအစ်ကိုမောင်နှအပေါင်းတို့ သိကြားတမန်၏နုတ်ဆက်ခြင်းသည် သင်တို့အားပြောကြားနေပါသည်။ သင်တို့သည် ဘုရားသခင်၏ အပြစ် ခွင့်လွှတ်ခြင်းကိုခံယူတိုင်း ဤနုတ်ဆက်ခြင်းသည် သင်တို့အားနုတ်ဆက်သည့်စကားအဖြစ်ခံယူလိုက်ကြပါ။ ထိုအခါ ဘုရားသခင် ‘ငါသည်သင်တို့နှင့်ရှိပါသည်’ ဟု သင်တို့အားမိန့်ကြားလာလိမ့်မည်။ မကြာခဏကျွန်ုပ်တို့သည် အာပတ်ဖြေခြင်းစက္ကရာမင်တူးကိုခံယူရန်ချဉ်းကပ်သွားလျှင် ဘုရားသခင်ထံသို့ချဉ်းကပ်သွားသည် ဟုခံစားရခြင်း မသက်မသာသောခံစားချက်မျိုးဖြင့်သွားတတ်ကြသည်။ အမှန်မှာ အာပတ်ဖြေခြင်းစက္ကရာမင်တူးကိုခံယူခြင်းသည် ခမည်းတော်ဘုရားအား ပျော် ရွှင်မူကိုပေးသည်။ ကျွန်ုပ်တို့၏အပြစ်ကြီးငယ်ထက် ခမည်းတော်ဘုရား၏ခွင့်လွှတ်ခြင်းကားပိုအလေးထားရမည်။

            စဉ်းစားကြည့်ပါ။ အကယ်၍ ကျွန်ုပ်တို့၏အပြစ်သည် စက္ကရာမင်တူးခံယူရခြင်း၏အဓိကသော့ချက်ဖြစ်နေပါလျှင် အပြစ်ခွင့်လွှတ်ခံရခြင်း၊ မခံရခြင်းသည် ကျွန်ုပ်တို့အပေါ်၊ ကျွန်ုပ်တို့၏နာကျင်ခြင်း၊ ကျွန်ုပ်တို့၏အားထုတ်မှု၊ ကျွန်ုပ်တို့၏ပြတ်သားသောပိုင်းဖြတ်ချက်အပေါ်သာ လုံး၀တည်မှီနေပေတော့မည်။ ထိုသို့လုံး၀ မဟုတ်ပါ။ စက္ကရာမင်တူးသည် ဘုရား၏အပိုင်းဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုလွှတ်မြောက်ခွင့်ကိုပေးသည်။ ကျွန်ုပ်တို့၏ခြေပေါ်၌ မားမားမတ်မတ်၊ ခိုင်ခိုင်ခန့်ခန့်ပြန်လည်ရပ်တည်နိုင်စေသည်။

 

            ကျေးဇူးတော်၏ အဓိကကျမှုကိုပြန်လည်အမှတ်ရကြပါစို့။ ကျေအေးခြင်းသည် ကျွန်ုပ်တို့အားဘုရားသခင်နှင့်နီးကပ်စေခြင်းမဟုတ်သည်ကို နားလည်သ ဘောပေါက်ရမည်။ အခရာကျသောအရာကား ဘုရားသခင်၏နွေးထွေးပျူဌာစွာပွေ့ပိုက်ခြင်းသည် ကျွန်ုပ်တို့ကို အံ့အားသင့်စေပြီး၊ လွှမ်းခြုံသွားစေသည်။ ဘုရား သခင်သည် နာဇရက်ရှိမယ်တော့်အိမ်သို့ ကြွရောက်သကဲ့သို့ ကျွန်ုပ်တို့၏အိမ်ထဲသို့ကြွ၀င်လာသည်။ ကျွန်ုပ်တို့မျှော်လင့်မထားသောအံ့အားသင့်ဖွယ်ပျော်ရွှင်မှုကို ယူဆောင်လာပေးသည်။

            ရှေ့ဦးစွာ ဘုရားသခင်၏အပိုင်းမှကြည့်ကြစို့။ သို့မှသာ အာပတ်ဖြေခြင်းစက္ကရာမင်တူးကို ခံယူချက်မှန်ကန်စွာမြတ်နိုးတတ်ပေမည်။ အတွင်းပိုင်းပြန်လည် မွေးဖွားခြင်း၊ ၀ိညာဉ်ရေးပြန်လည်ရှင်သန်ဆန်းသစ်ခြင်း စသောအခြေအနေများအားလုံးသည် ဘုရားသခင်၏ခွင့်လွှတ်ခြင်းမှအစပြု၍ ကျွန်ုပ်တို့လိုအပ်သည်။ ဤသို့ဆိုသော်ကြောင့် ကျေအေးခြင်းအပိုင်းကိုလစ်လျူရူပထုတ်လိုက်ခြင်းမဟုတ်။ ဤစက္ကရာမင်တူးသည် ၀မ်းသာပျော်ရွှင်မှုကိုပြန်လည်တွေ့စေသည်ကိုသိစေ ရန်ဖြစ်သည်။ အဘယ်ကြောင့်ပျော်ရွှင်ရသနည်း။ ရှက်စရာကောင်းသော၊ ကျွန်ုပ်တို့၏အပြစ်များမှလွှတ်မြောက်စေသောကြောင့်ဖြစ်သည်။ ခမည်းတော်ဘုရား၏ နွေးထွေးလှိုက်လှဲသောပွေ့ပိုက်မှုကိုခံစားရခြင်း၊ ကျွန်ုပ်တို့အား ကုသခြင်းကိုပေးသည့် ယေဇူးသခင်၏နူးညံ့သောအားကိုထိတွေ့ခံစားရ၊ သန့်ရှင်းသော၀ိညာဉ် တော်၏ မိခင်တစ်ဦးနှယ်နူးညံ့သော အထိအတွေ့ကိုခံစားရသည့်အတွေ့အကြုံသည် အလွန်ပျော်စရာကောင်းပါသည်။ ထိုသို့သော် အတွေ့အကြုံကား အာပတ် ဖြေခြင်းစက္ကရာမင်တူး၏ နှလုံးသဲပွတ်ပင်ဖြစ်သည်။ 

            ချစ်လှစွာသောညီအစ်ကိုရဟန်းတော်အပေါင်းတို့ သင်တို့သည် အပြစ်ခွင့်လွှတ်ခြင်း၏အမှုဆောင်များဖြစ်ကြသည်။ ထိုအပြစ်ခွင့်လွှတ်ခြင်းကျေးဇူးကိုခံယူ ရန် သင်တို့ထံသို့ချဉ်းကပ်လာသူများအား ‘၀မ်းမြောက်ပါလော့။ ဘုရားသခင်သည် သင်နှင့်အတူရှိ၏’ ဟူသောပျော်ရွှင်ခြင်းကို ကြေညာပေးကမ်းပါလော့။ တင်း ကြပ်ခက်ထန်မှု၊ အပြစ်ဖြေလျှောက်ရန် အဟန့်အတားဖြစ်မှုများကိုဘေးဖယ်ထားလိုက်ပါ။ သင်တို့သည် သနားခြင်းဆီသို့၀င်ထွက်နိုင်ရန်တံခါးမကြီးအဖြစ် အာပတ် ဖြေခြင်းစက္ကရာမင်တူးကို ကျယ်ပြောစွာဖွင့်ထားပါ။ ကောင်းသောသိုးထိန်းကဲ့သို့ ပြုမှုရန်ခေါ်တော်မူခြင်းခံရသည်။ ကောင်းသောသိုးထိန်းသည် သူ၏ယုယမှု၊ ဂရု စိုက်မှုကိုလိုအပ်နေသောသိုးတို့အား သူ၏လက်ပေါ်တွင်တင်၍ မြှုပေးလေ့ရှိသည်။ ကျွန်ုပ်တို့သည် ခမည်းတော်ဘုရား၏သနားခြင်းခန်း ခြောက်သွားသောနှလုံး သားများဆီသို့ ထာ၀ရအသက်ကိုစီးဆင်းစေသော ကျေးဇူးတော်ရေကို သယ်ဆောင်ပေးသည့် တူးမြောင်းများဖြစ်ကြသည်။     

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3DgPrB6

Add new comment

7 + 11 =