သားအမိနှစ်ဦးသည် နှစ် (၂၀) ကြာ‌ဝေးကွာပြီးမှ ထူးဆန်းစွာ ပြန်လည်ဆုံဆည်းခဲ့ကြ

သားအမိနှစ်ဦးသည် နှစ် (၂၀) ကြာ‌ဝေးကွာပြီးမှ ထူးဆန်းစွာ ပြန်လည်ဆုံဆည်းခဲ့ကြ

ယခုတင်ပြမည့်အကြောင်းအရာသည် နှစ်ပေါင်း (၂၀) ‌ဝေးကွာနေခဲ့ပြီးမှ ‘တွီတာ’ လူမှုကွန်ရက်ကြောင့်ပြန်လည်ဆုံဆည်းနိုင်ခဲ့သောသားအမိအကြောင်းဖြစ်ပါသည်။ သားဖြစ်သူမှာမိခင်အရင်းနှင့်ပြန်လည်ဆုံဆည်းချိန်တွင် အသက် (၂၀) ပင်ရှိပြီဖြစ်သည်။ သားအမိနှစ်ဦး၏ဆုံဆည်းခြင်းကား ဤဆောင်းပါးကိုဖတ်ရသူများပင်လျှင် စိတ်လှုပ်ရှားရင်ခုန်ရသည်။ အဘယ်သို့ဆုံဆည်းရန်အကြောင်းတိုက်ဆိုင်သွားပါသနည်း။

မိခင်ဖြစ်သူ၏အမည်ကား Holly Shearer ဖြစ်ပြီး Utah မှဖြစ်သည်။ သူ့အနေဖြင့်ယခုကဲ့သို့ဖြစ် လာရန်ဆုံးဖြတ်ချက်ချရာတွင်လွန်စွာခက်ခဲခဲ့သည်။ သူအသက် (၁၅) နှစ်၌ကိုယ်၀န်ရသွားပြီး အဆိုပါကိုယ်၀န်အားမမွေးမီကပင်လျှင် ကလေးအားမွေးစားလိုသူများအားမွေးစားခွင့်ပြုမည့်အကြောင်းကိုဆုံးဖြတ်ထားခဲ့သည်။ ကိုယ်၀န် (၆) လပြည့်လာသောအခါ သူ၏ရင်သွေးအားမွေးစားမည့်မိဘကို မွေးစားလိုသောမိဘများအားချိပ်ဆက်ပေးသည့်၀န်ဆောင်မှုကိုပေးသောဌာနနှင့်ချိပ်၍စတင်ရှာဖွေခဲ့သည်။ သူသည် Angela နှင့် Bryan Hulleberg တို့နှင့်ချိပ်ဆက်မိသွားသည်။ အဆိုပါဇနီးမောင်နှံသည် ကိုယ်၀န်မအောင်နိုင်သည့်ပြဿနာကိုနှစ်နှင့်ချီကြာကြုံတွေ့နေခဲ့သည်။ ထို့ကြောင့် ဆယ်ကျော်သက်မိခင်လောင်းသည် တွန့်ဆုတ်မနေတော့ဘဲချက်ချင်းဆက်သွယ်လိုက်သည်။ အဆိုပါဇနီးမောင်နှံသည် မိခင်ရင်းကိုယ်တိုင်မပေးနိုင်သည့်အရာကိုပေးနိုင်လိမ့်မည်ဟုယုံကြည်ခဲ့သည်။ မွေးဖွားလာမည့်ကလေးသည် မိခင်၊ ဖခင်၊ အိမ်၊ ကစားစရာများရရှိပိုင်ခွင့်ရှိရမည်။ ဤအရာများကိုမိခင်ရင်းကိုယ်တိုင်မှာမပေးစွမ်းနိုင်ပေ။ ဤကလေးသည် (နို၀င်ဘာလ ၂၀၀၁) ၌မွေးဖွားခဲ့ကြောင်း၊ သူ့အမည်ကို Benjamin ဟုမှည့်ခေါ်ခဲ့ကြောင်းဖြင့် မိခင်ကိုယ်တိုင်က KSL TV5 အားဖြေကြားခဲ့သည်။

လွန်စွာပြည့်စုံသောကလေးဘ၀

မွေးစားမိဘမောင်နှံတို့သည် မွေးစားသောကလေးအားလိုအပ်သည့်များကိုဖြည့်ဆည်းပေးခဲ့သည်။ ကလေးဘ၀ကိုပြည့်ပြည့်စုံစုံဖြင့်ထားပေးကာကြီးပြင်းလာစေခဲ့သည်။ မွေးစားမိဘနှစ်ပါးသည် စာနာနား လည်စိတ်အပြည့်ဖြင့် မိခင်အရင်းသည်ကလေးအားမချစ်၍မဟုတ်။ မပြည့်စုံသောဘ၀၌ကလေးကိုရောက်မလာစေလို၍ချစ်လျှက်နှင့်ကလေး၏အနာဂတ်ကိုမျှော်တွေး၍ယခုကဲ့သို့မွေးစားမိဘများထံယုံကြည်စွအပ်နှံခဲ့ ခြင်းဖြစ်ကြောင်းကိုအမြဲပြောဆိုတွေးတောနေခဲ့သည်။

အသက် (၂၀) ပြည့်မွေးနေ့အတွက်အကောင်းဆုံးဆုတောင်း

သားဖြစ်သူသည် အသက် (၁၈) ပြည့်သောအခါ သူ၏မွေးမိခင်ရင်းကိုရှာဖွေရန်ဆုံးဖြတ်ခဲ့သည်။ လူသိမခံသောမွေးစားခြင်းဖြစ်၍ မိခင်၏အမည်အရင်းမှလွဲ၍အခြားသောကိုယ်ရေးအချက်အလက်များသိခွင့်မရှိပေ။ မိခင်ရင်းဖြစ်သူမှာလည်းသားကိုအဆက်အသွယ်ပြန်ရရန်စတင်ကြိုးစားခဲ့သည်။ အမျိုးသမီးသည် သားဖြစ်သူဘင်ဂျာမင်ထက်ပို၍ကံကောင်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သားဖြစ်သူ၏အချက်အလက်များစွာကိုခေါင်းမီးတောက်အောင်မစုံစမ်း၊ မရှာဖွေခဲ့ရဘဲ မိခင်ရင်းသည်နှစ်ပေါင်းများစွာ‌ဝေးကွာနေခဲ့သောသားအရင်းအားအင်တာနက်မှပြန်လည်အချိပ်အဆက်ရခဲ့သည်။ နောက်ဆုံး၌ သားဖြစ်သူအားလူချင်းတွေ့ ဆုံရန်အားမွေးခဲ့သည်။

သားဖြစ်သူ၏ (၂၀) နှစ်ပြည့်မွေးနေ့၌အရဲစွန့်၍မွေးနေ့ဆုတောင်းစာပေးသားပေးပို့လိုက်သည်။ မိခင်ရင်းဖြစ်သူသည် သူ့ကိုယ်သူမိတ်ဆက်လိုက်ပြီး ဆုမွန်ကောင်းတောင်းပေးလိုက်သည်။ ထိုအခါသားဖြစ်သူမှာနေမထိထိုင်မသာဖြစ်ပြီး မိခင်ရင်းနှင့်ဆုံဆည်းရန်စိတ်များလှုပ်ရှားနေခဲ့သည်။ မိခင်ရင်းအားတွေ့သည့်အခါ မွေးစားမိဘအားပေးရန်ရဲ၀ံ့စွာဆုံးဖြတ်ခဲ့သည့်အတွက်ကျေးဇူးတင်ကြောင်းပြောကြားလိုသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်ကသူ့အသက်အရွယ်နှင့်သူ့အခြေအနေအရ ရင်သွေးတစ်ဦးအားမွေးဖွားပြုစုပျိုးထောင်ရန်လွန်စွာခက်ခဲခဲ့မည်ကိုသားဖြစ်သူကလည်းနားလည်သည်။ ထို့ကြောင့်သူ၏ မိခင်ရင်းကိုအပြစ်မတင်။ သားဖြစ်သူ၏အသက်ကိုအရှက်ဖြင့်လဲ၍ လုံခြုံသောသူတို့လက်ထဲသို့ရှင်သန်ကြီး ထွားလာရန်အပ်နှံခဲ့ခြင်းဖြစ်သည်ဟုနားလည်သည်။

အလုပ်နေရာတစ်နေရာတည်း၌အတူတူအလုပ်နေကြသည်။

တစ်နေ့ မိခင်အရင်းနှင့်သားအရင်းဖြစ်သူတို့မိသားစုနှစ်စုသည် ညစာထမင်းလက်ဆုံစားရန်စီစဉ်ခဲ့သည်။ ထိုအခါ ဘင်ဂျာမင်သည်မီးဖွားဆောင်၏အထူးကြပ်မတ်ဆောင်၌ လုပ်အား ပေးနေသူဖြစ်ကြောင်း၊ ထို ဆေးရုံ၌ပင်မိခင်ရင်းဖြစ်သူသည်လည်း သူနာပြုအဖြစ်အလုပ်လုပ်နေကြောင်း၊ မိခင်ဖြစ်သူသည် အလုပ်သို့လာတိုင်းနေ့စဉ် မွေးကင်းစကလေးသူငယ်များအားအထူးကြပ်မတ်ဆောင်မှပင်ဖြစ်သန်းသွားလာလေ့ရှိကြောင်း၊ ကားရပ်သည့်နေရာမှာလည်းအတူတူပင်ဖြစ်ကြောင်း၊ တစ်လွှာတည်း၌အလုပ်လုပ်ကြောင်း၊ သား အမိနှစ်ယောက်သည်ဤမျှနီးစပ်နေသည်ကိုပင်မသိခဲ့ရကြောင်း မိခင်ဖြစ်သူက Good Morning America သို့ဖြေကြားခဲ့သည်။ မိခင်နှင့်သားအရင်းတို့သည် (၅) မိုင်ခန့်သာ‌ဝေးသော်လည်းမသိဘဲနှင့်နှစ်ပေါင်းများစွာ ‌ဝေးနေခဲ့သည်။ ယခုပြန်လည်သိရှိဆုံဆည်းခွင့်ရသည့်အတွက်သားအမိတို့သည်အတိုင်းထက်အလွန်ပျော်နေကြရှာသည်။ ၄င်းတို့သည် ယခုကဲ့သို့ပြန်လည်မဆုံဆည်းမချင်း တစ်နေ့ပြန်လည်ဆုံဆည်းရန်ကြိုးစားအားထုတ်နေခဲ့သည်။ အရှုံးမပေး၊ လက်မလျော့ခဲ့ပေ။ နောက်ဆုံး၌ဘင်ဂျာမင်သည် မိခင်ရင်း၏နောက်အိမ် ထောင်မှရထားသောမအေတူဖအေကွဲမောင်နှများကိုလည်းသိရှိဆုံဆည်းခွင့်ရခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/UkPv

Add new comment

3 + 1 =