သားသမီး (၁၄)ဦးကိုမွေးဖွားပြုစုပျိုးထောင်ခဲ့သောဇနှီးမောင်နှံတို့၏လျှို၀ှက်ချက်

သားသမီး (၁၄)ဦးကိုမွေးဖွားပြုစုပျိုးထောင်ခဲ့သောဇနှီးမောင်နှံတို့၏လျှို၀ှက်ချက်

ဤမိသားစုသည် ကနေဒါနိုင်ငံမှဖြစ်သည်။ သားသမီး (၁၄) ဦးကိုမွေးဖွားခဲ့ပြီး၊ ပြုစုပျိုးထောင် ပေးခဲ့သောမိဘနှစ်ပါးတို့ မှာ Carissa နှင့် Patrick Douglas တို့ဖြစ်ကြသည်။ သူတို့နှစ်ဦးသည် သက်ဆုံး တိုင်အောင်မိဘများဖြစ်ချင်ကြသည်။ Patrick သည်အသက် (၁၂) နှစ်သာရှိသေးသော်လည်း မိသားစုကြီး ကိုတည်ဆောက်လိုကြောင်းကို အိုင်ယာလန်သို့ခရီးသွားစဉ်ကထုတ် ဖော်ပြောခဲ့ဖူးသည်။
 

အိုင်ယာလန်၌နေထိုင်သောPatrickဖခင်၏တစ်၀မ်းကွဲထံသို့သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။ ထိုမိသားစု ၌ သားသမီး (၁၄) ယောက်ရှိသည်ကိုသတိထားမိလိုက်သည်။ ထိုမိသားစုကPatrickအား မိသားစုကြီးပိုင်ဆိုင်ရန်အတွေးမွေးဖွားလာခဲ့သည်။ကလေးများနှင့်အလွန်ပျော်ရွှင်ခဲ့ရသည်။ ညီအစ်ကို မောင်နှမများထဲမှ အကြီးဆုံးသည်အငယ်များအားပြန်လည်ကူညီပေးနေကြသည်။ ၄င်းတို့နှင့်ကစား ကြသည်ကိုအားကျမိသွားသည်။ထိုမိသားစုသည် ကျွန်ုပ်တို့၏အာရုံများကိုဖမ်းစားသွားခဲ့သည်။
ထိုထိတွေ့မှုသည် Patrick၏စိတ်ထဲ၌စွဲမြဲစွာရှင်သန်နေခဲ့သည်။
 

Patrick တို့ဇနီးမောင်နှံသည် သူတို့၏ရင်သွေးများကို ကျွေးမွေးခြင်း၊ ပညာသင်ကြားစေခြင်း၊ သားသမီးများကိုပြုစုပျိုးထောင်ပေးရုံမျှသာမကဘဲ ကက်သလစ်သာသနာတော်ကြီး၏ယုံကြည်ချက် များ ကိုလည်းသင်ကြားပေးခြင်းများသည်မိသားစုကြင်အင်လက္ခာ၏အဓိကအချက်ဖြစ်သည်။ ဇနီးဖြစ်သူ Carissa ကလည်းသူ၏မိသားစုကိုအခြေခံ၍ ကက်သလစ်ကလေးများအားပြုစုပျိုးထောင်နည်း စာအုပ် ကိုရေးသားထုတ်‌ဝေ နိုင်ခဲ့သည်။ Douglasသေးသေးများသည် အလွန်ကူညီတတ်သူ များဖြစ်ကြပြီး၊ နေရာတိုင်း၌ဘုရားသခင်နှင့်ဆက်ဆံရေးပြေပြစ်အောင်ကြိုးစားကြသည်။
 

ကျွန်ုပ်တို့အနေဖြင့် သားသမီးများကို သူတို့၏နည်းဟန်အတိုင်းယေဇူးသခင်ကို ထိတွေ့လက်ခံ စေချင်သည်။ မိဘများ ဖြစ်သောကျွန်တော်တို့သည် သားသမီးများအား တန်ဖိုးကိုနားလည်လာစေရန် အလွန်ကြိုးစားခဲ့ရသည်။သားသမီးများအတွက် စံပြဖြစ်အောင်ကြိုးစားနေထိုင်ခဲ့ကြသည်။ယုံကြည် ခြင်းအသက်တာကိုရှင်သန်ရန်နှင့်အမိသာသနာ၏သွန်သင်ချက်များကိုသင်ကြားပေးခဲ့သည်။ ကျွန် တော်တို့လိုချင်သောပုံစံ၀င်အောင်အဘယ်မျှကြိုးစားပုံသွင်းစေကာမူ နောက်ဆုံး၌ သူတို့၏ပင်ကိုယ် စ ရိုက်အတိုင်းယေဇူးသခင်အပေါ်ခင်တွယ်သွားကြသည်။ ထို့ကြောင့်ကျွန်တော်တို့လိုချင်သော ပုံစံမျိုး၀င် ရန် ပုံသွင်းခြင်းထက်၄င်းတို့၏ပုံစံအတိုင်း နည်းလမ်းမှန်ကန်စွာဘာသာတရားကိုသက်၀င်ယုံကြည် ကိုးစားတတ်ရန် ကူညီသင်ကြားပေးခဲ့သည်။

မိသားစုအရေး၌သော်လည်းကောင်း၊ ယုံကြည်ခြင်းအရေး၌သော်လည်းကောင်းသားသမီးတို့၏ သန်ရာကိုသာအားပေးအား မြောက်ပြုလုပ်ကြောင်း၊ ဤသို့ဖြင့်မိသားစုသည်နှစ်ပေါင်းများစွာအတူတကွ ကြီးထွားလာခဲ့ရကြောင်း၊ ထိုသို့သော်အခြေအနေ ၏ရလာဒ်ကားအလွန်ပြင်းထန်သော မိသားစုစိတ် ဓာတ်ရှိလာခြင်းဖြစ်ပြီး၊ ထိုစိတ်ဓာတ်သည်အလွန်အဓွန့်ရှည်ကြာသည်။
 

ယနေ့ခေတ်အခါသမယ၏ယဉ်ကျေးမူကြောင့် တစ်ကိုယ်ထီးရှိနေခြင်းသည်အလွန်အင်အားကောင်း လာနေသော လူမှု နေထိုင်မူဘ၀ဖြစ်လာနေသည်။ ထို့ကြောင့်မိသားစုနှင့်၊ အဖွဲ့အစည်းနှင့် တွေ့ဆုံရေး သည် ခေတ်လူငယ်များအတွက် အခွင့်အရေးနည်းသည်ထက်နည်းလာနေကြ သည်။ကျွန်တော်တို့ဖန်တီး နေသည့်ပုံစံမှာအသင်းအဖွဲ့နှင့်နေထိုင်တွေ့ဆုံနိုင်ရေးကို မိသားစုညီအစ်ကို မောင်နှအချင်းချင်းကြား ဖန်တီးပေးလိုက်ခြင်းဖြစ်သည်။သားသမီးများနှင့်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းသည် ကျွန် တော်တို့ တစ်သက်အဓွန့်ရှည်မည့်အဖွဲ့အစည်းဖြစ်ပေမည်ဟုယုံကြည်သည်။ သားသမီး (၁၄)ယောက်ကိုမွေးဖွား ပျိုးထောင်ခဲ့ရ ခြင်းသည်ခေတ်သင်ပုန်ကြီး၏သင်ခန်းစာနှင့်လားလားမျှမဆိုင်သကဲ့သို့ဖြစ်နေပေမည်။ သို့သော်Douglas ၏မိသားစုအဖို့မှာမူ ပိုကောင်းသောရလာဒ်ကိုရရှိစေပါသည်။

ဘာသာပြန် - ဖာသာရ် ကလေးမင်းအားတယ် 

https://youtu.be/L37x3mIyTYk

Add new comment

12 + 1 =