သာသနာပြု သီလရှင် တစ်ပါး ခေါင်းဖြတ်၊ ခန္ဓာကိုယ် အပိုင်းပိုင်းဖြတ် အသတ်ခံရ

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်း

သာသနာပြု သီလရှင် တစ်ပါး ခေါင်းဖြတ်၊ ခန္ဓာကိုယ် အပိုင်းပိုင်းဖြတ် အသတ်ခံရ
မေလ ၂၂၊ ၂၀၁၉

၂၀၁၉ ခု မေလ ၂၀ ရက် တနင်္လာနေ့ အာဖရိက အလယ်ပိုင်း နိုင်ငံ ( Central African Republic) ဘာဘာရာတီ (Berberati) သာသနာနယ် နိုလာ ရွာလေးတွင် သာသနာပြု တာဝန်ထမ်းဆောင်နေသော စပိန်လူမျိုး အသက် ၇၇ နှစ် အရွယ် စစ္စတာ Ines Nieves Sancho ကို စက်ချုပ်သင်ပေးသော သူ၏ အလုပ်ရုံတွင် ခေါင်းပြတ်၊ ခန္ဓာကိုယ် အပိုင်းပိုင်းပြတ် လျှက် အသတ်ခံထားရသည်ကို တနင်္လာ နေ့မနက်က တွေ့ရှိခဲ့ကြပါသည်။

မည့်သည့်အဖွဲ့အစည်းမှ ဟု သိရှိရခြင်းမရှိသေး​သော သတ်ဖြတ်သူများမှ တနင်္ဂနွေနေ့ည ပိုင်းက စစ္စတာ Ines နေထိုင်သော နေရာသို့ ရောက်ရှိလာပြီး အမျိုးသမီးများ အသက်မွေးဝမ်းကျောင်း ပညာရပ်အဖြစ် စက်​ချုပ်ပညာသင်ကြားပေးသော သူမ၏ အလုပ်ရုံသို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခြင်းခံရပြီး ခန္ဓာကိုယ် အပိုင်းပိုင်းဖြတ် အသတ်ခံခဲ့ရကြောင်း ကို ဖော်ပြထားပါသည်။

ကိုယ်ခန္ဓာ အစိတ်အပိုင်း ရောင်းဝယ်လုပ်ကိုင်သော အဖွဲ့အစည်းများ နှင့် ဆက်စပ်နိုင်ကြောင်းကိုလည်း စုံစမ်းထောက်လှမ်းရေးအဖွဲ့များမှ ဖော်ပြထားပါသည်။ သခင်ခရစ်တော်၏ သမီးများ အသင်းဂိုဏ်းဝင် စစ္စတာ Ines သည် ဆယ်စု နှစ်တော်တော်များများ သူမဘဝတစ်လျှောက်လုံးကို ဘာဘာရာတီ (Berberati) သာသနာနယ် နိုလာ ရွာလေးတွင် ဆင်းရဲ​သော အမျိုးသမီးငယ်များအား အသက်မွေးဝမ်းကြောင်း ပညာအဖြစ် စစ်ချုပ်ပညာသင်ကြားပေးခြင်းဖြင့် သာသနာပြု နေသော စစ္စတာ တပါးဖြစ်ပါသည်။ အသတ်မခံရမီ ရက်များက သူမသည် တစ်ယောက်တည်းမဟုတ် အမျိုးသမီးငယ်လေးများ သူမနှင့်အတူရှိကြောင်း အသင်းဂိုဏ်းဝင် စစ္စတာ များကို ပြောကြားခဲ့ကြောင်းလည်း ဖော်ပြထားပါသည်။ သူမ၏ ဈာပန အခမ်း​အနားကို မေလ ၂၁ အင်္ဂါနေ့က ပြုလုပ် သင်္ဂြိလ်​ခဲ့ပါသည်။

 

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်း တွင် အသက်းတော်အတွက် အသက်ပေးနေကြသော ဓမ္မအာဇာနည်းများ အတွက်နှင့် ညှင်းပန်းနှိပ်စက်ခံနေရသော သာသနာတော် အတွက် ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ တောင်းဆိုခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-missionary-sister-killed-priest-mozambique.html

#religiuos, #sister, #killed, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

8 + 7 =