သာသနာပြုက​လေးသူငယ်​များ၏ မိဘများပွဲ​နေ့ ပန်းချီနှင့်​ စာစီစာကုံးပြိုင်​ပွဲ ပြုလုပ်ခဲ့ခြင်းသတင်း။

ရန်​ကုန်​ဂိုဏ်းချူပ်​သာသနာ၊ သာသနာပြုက​လေးသူငယ်​များ၏ မိဘများပွဲ​နေ့ ပန်းချီနှင့်​ စာစီစာကုံးပြိုင်​ပွဲ ပြုလုပ်ခဲ့ခြင်းသတင်း။

၃၁၊ဇူလိုင်၊၂၀၁၉။

ရန်​ကုန်​ဂိုဏ်းချုပ်​သာသနာ၊ သာသနာပြုက​လေးသူငယ်​များ၏ မိဘများပွဲ​နေ့ဂုဏ်​ပြု ပန်းချီနှင့်​ စာစီစာကုံးပြိုင်​ပွဲ ဆုပေးပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်​လ ၃၁ရက်​နေ့၊ နံနက်​ ၁၀နာရီက​ စိန်​​မေရီကသီဒြယ်​ဘုရား​ကျောင်း​တော်​ကြီး၌ကျင်းပပြုလုပ်ခဲ့ပါသည်။

ရန်​ကုန်​ဂိုဏ်းချုပ်​သာသနာ လက်ထောက် ဆရာ​တော်​ ဂျွန်​​စော​ယောဟန်​အားလည်းနှုတ်​ဆက်​ဂါရဝပြုခဲ့ကြပါသည်။သာသနာတစ်​ခုလျှင်​ တာဝန်​ခံတစ်​ဦးနှင့်​က​လေးသူငယ်​ကိုယ်​စားလှယ်​ ၅ဦးတက်​​ရောက်ခဲ့ကြပါသည်။

အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ၌ ပထမဆုကို သန့်​ရှင်း​သောအိမ်​​ထောင်​စုဘုရား​ကျောင်း (ဖိုးကံ​ပေး) မှ Rose ခိုင်​မြဲသူ၊ဒုတိယဆု ကို မင်းပညာရှိသုံးပါးဘုရား​ကျောင်း(ခဝဲခြံ) Philomina အိသဇင်​နွယ်၊တတိယဆု ကို စိန်​​မေရီကသီဒြယ်​ Veronica မြတ်​ဖူးပွင့်​ထွန်း၊

အလယ်​တန်းအဆင့်​ စာစီစာကုံးပြိုင်​ပွဲ၌ပထမဆု ကို စိန်​​ဂေးဗြဲလ်​ဘုရား​ကျောင်း(​မြောက်​ဥက္ကလာ)မှ  Faustina ခိုင်​စု​ဝေ၊ဒုတိယဆု ကို ဖာတီမာဘုရား​ကျောင်း(​မြေနီကုန်း) မှ  Maria ရည်​မွန်​​အေး၊တတိယဆု ကို စိန်​အက်​ဒွက်​ဘုရား​ကျောင်း (မင်္ဂလာဒုံ) ခရစ္စတီးနားစမ်း​သော်​တာငြိမ်း၊

မူလတန်းအဆင့်​ပန်းချီပြိုင်​ပွဲ ၌ပထမဆု ကို  စိန်​​ဂေးဗြဲလ်​ဘုရား​ကျောင်း(​မြောက်​ဥက္ကလာ) ဂျွန်​တူးတူး၊

ဒုတိယဆု ကို စိန်​ပီတာနှင့်​စိန်​​ပေါလ်​ဘုရား​ကျောင်း(အင်းစိန်​) ပီတာမင်းချစ်​​အောင်၊တတိယဆု ကို

သန့်​ရှင်း​သောက​လေးသူငယ်​များဘုရား​ကျောင်း (​တောင်​ဒဂုံ)မှ  ချမ်း​မြေ့​နေခြည် ​ အသီးသီးတို့က ရရှိခဲ့ကြပါသည်။

အဆိုပါ ပြိုင်ပွဲပြုလုပ်ပေးရခြင်း ​ ရည်ရွယ်ချက်သည် လက်​ရှိဖြစ်​​နေတဲ့မိသားစု​များ ရဲ့အ​ခြေအ​နေ​များ​ကိုသုံးသပ်​ပြီးဒီပွဲ​ကို လုပ်​ဖြစ်​ကြောင်း ၊ အဓိက  မိဘ​တွေရဲ့​ပေးဆပ်​အနစ်​နာခံတဲ့​မေတ္တာတရား​တွေကို သားသမီး​တွေကိုသိ​စေချင်​ပြီး  မိဘ​များ အ​နေနဲ့လည်း သားသမီး​များ ရဲ့ခံစားချက်​​​တွေကို အ​လေးအနက်​ထား​စေချင်​တာကြောင့် ယခုကဲ့သို့ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းကို  ၊ ရန်​ကုန်​ဂိုဏ်းချုပ်​သာသနာ ရဟန်းမင်းကြီးဆိုင်​ရာ သာသနာပြုက​လေးသူငယ်​များအသင်း ဥက္ကဌ မ Isabella Pyone Pyone Aung က ပြောပြခဲ့ပါသည်။

ဆက်လက်ပြီးလည်း မ Isabella Pyone Pyone Aung က ပြိုင်ပွဲလုပ်ပေးခြင်းအားဖြင့် သူမ အနေနဲ့ မျက်ရည်ကျသည်အထိ ဖြစ်ပျက်ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကိုလည်းပြောပြခဲ့ပါသည်။  ပြိုင်​ပွဲမှာဆုရခဲ့တဲ့ သမီး​လေးတစ်​​ယောက်​ရဲ့အ​ဖေနဲ့အ​မေဟာကွဲ​နေကြောင်း ၊  ထို သမီး​လေးက သူ့ရဲ့ခံစားချက်​​လေး​တွေ ကို ရေးသားပြီး ပြိုင်ပွဲ ၀င်ခဲ့ကြောင်း ၊ သူမ ဟာ ဆုရရှိသူ စာရင်းထဲပါဝင်ခဲ့ပြီး ထိုကလေး၏ မိဘများမှာလည်း ၎င်းတို့ သမီး ရေးသားခဲ့သော ​ပွဲဝင်​စာစီစာကုံး ကိုဖတ်​ပြီး ပြန်​​ပေါင်းသွားခဲ့ကြောင်း  ​ဆုတက်ယူသည့်နေ့၌ ကလေးငယ်၏ ဖခင်နှင့် မိခင်မှာ အတူတကွ တက်ရောက် လာတာကိုတွေ့ခဲ့ရကြောင်းကို  ရန်ကုန်ဂိုဏ်းချုပ် သာသနာ သာသနာပြုက​လေးသူငယ်​များအသင်း ဥက္ကဌ  မ Isabella Pyone Pyone Aung က ပြောပြခဲ့ပါသည်။

ရန်​ကုန်​ဂိုဏ်းချူပ်​သာသနာ၊ သာသနာပြုက​လေးသူငယ်​များ၏ မိဘများပွဲ​နေ့အကြို ပန်းချီနှင့်​ စာစီစာကုံးပြိုင်​ပွဲကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်နေ့က ​ စိန်​ထ​ရေဇားဘုရား​ကျောင်း (အလုံ)၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

 ပြိုင်ပွဲသို့ သာသနာအုပ်စု  ၂၂ခုမှ က​လေးသူငယ်ပေါင်း  ( ၅၉ )ဦးပါဝင်​ယှဉ်​ပြိုင်​ခဲ့ကြပါသည်။ ပန်းချီ ၁၇ဦးနှင့်​ စာစီစာကုံး ၄၂ဦး ဝင်​​ရောက်​ယှဉ်​ပြိုင်​ခဲ့ကြပြီး ဆုရရှိသူ စုစုပေါင်း (၉)ဦး ရှိခဲ့ပါသည် ။

ယခုပြိုင်ပွဲသည် ရန်ကုန်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ သာသနာပြုက​လေးသူငယ်​များအသင်းမှ ကြီးမှုး ကျင်းပသော ပထမဆုံးအကြိမ်မြောက် မိဘများပွဲ​နေ့ဂုဏ်​ပြု ပန်းချီနှင့်​ စာစီစာကုံးပြိုင်​ပွဲ ဖြစ်ကြောင်း  သိရှိရပါသည်။

News By -  Pinky

 

 

 

 

 

Add new comment

2 + 6 =