သာသနာအုပ်စုသည် ဧဝံဂေလိတရားကိုကြေငြာဟောပြောခြင်းအမှုကိုပြုရမည်နေရာ

သာသနာအုပ်စုသည် ဧဝံဂေလိတရားကိုကြေငြာဟောပြောခြင်းအမှုကိုပြုရမည်နေရာ

သာသနာအုပ်စုသည် ဧဝံဂေလိတရားကိုကြေငြာဟောပြောခြင်းအမှုကိုပြုရမည်နေရာ

အမိသာသနာတော်ကြီးသည် ဘာသာတူတစ်ဦးစီ၏မတူညီသောခေါ်တော်မူခြင်းအားလေးစားတန်ဖိုးထားသည့်အနေဖြင့် ၄င်းတို့၏ခေါ်တော်မူခြင်း ကိုပုံဖော်ထုဆစ်နိုင်ရန် ကဏ္ဍများဖွင့်လှစ်ပေးထားပါသည်။ ဤအချက်သည်ပြီးခဲ့သောတနင်္လာနေ့ကဗာတီကန်မှထုတ်ပြန်သော သာသနာအုပ်စုဆိုင်ရာလမ်း ညွှန်ချက်၏အဓိကအချက်ဖြစ်သည်။ ဥပဒေအသစ်ကိုရေးဆွဲထုတ်ပြန်ခြင်းမဟုတ်။ ရှိပြီးသားလမ်းညွှန်ချက်များကို ကာနွန်ဥပဒေနှင့်အညီလွယ်ကူထိရောက်စွာ ဖော်ဆောင်ချဉ်းကပ် သည့်နည်းကိုသာလမ်းညွှန်ထားခြင်းဖြစ်သည်။

ဤသို့လုပ်ဆောင်ရသည့်ရည်ရွယ် ချက်မှာ ဆေးကြောခြင်းခံယူထားသူတိုင်း၌ပေးအပ်ထား သောဝေမျှတာ၀န်ယူမှုကိုအားပေးရန်နှင့်သာသနာအုပ်စုအချင်းချင်း တမန်တော်လုပ်ငန်းများနှင့်စပ်လျင်း၍ နီးကပ်ချိပ်ဆက်လုပ်ကိုင်နိုင်ရန်ရည်ရွယ်သည်။

ဤလမ်းညွှန်ချက်မှအင်အားပြင်း ထန်စွာထွက်ပေါ်လာသောအချက်ကား သာသနာပြုများ၏ လုပ်ထုံး လုပ်နည်းကိုပြန်လည်ဆန်းသစ်ရန်၊ သာသနာ အုပ်စုကိုသာသနာပြုဗဟိုအဖြစ်ပြောင်းလဲလုပ်ဆောင်ရန်၊ သို့မှသာဘာသာတူများအနေဖြင့်အစဉ်ဆန်းသစ်တက်ကြွနေသောဖန်တီးမူဖြင့်သာသနာအုပ်စုသည်ရှေ့ ဆက်သွားနေသည်ကိုထိတွေခံစားရမည်ဖြစ်သည်။ ဆေးကြောခြင်းခံထားသောဘာသာတူများ၏ ပါ၀င်လုပ် ဆောင်မူကိုလည်းရရှိမည်ဖြစ်သည့်အချက်ပင်ဖြစ် သည်။

လမ်းညွှန်ချက်၌ အခန်း (၁၁) ခန်းပါပြီး၊ နှစ်ပိုင်းခွဲခြားနိုင်ပါသည်။ ပထမအပိုင်းကား အခန်း (၁-၆) အထိဖြစ်ပြီး၊ တမန်တော်လုပ်ငန်းအသွင်အဘယ်သို့ ပြောင်းလဲယူရမည်၊ သာသနာပြုများလက်လှမ်းမှီနိုင်မှုနှင့်မျက်မှောက်ကာလ၌ သာသ နာအုပ်စု၏အရေးကြီးသောကဏ္ဍ အကြောင်းတို့ကိုအကျယ်တဝင့်ရှင်းပြထားသည်။ ဒုတိယအပိုင်းကိုမူ အခန်း (၇-၁၁) အထိဖြစ်ပြီး၊ ဤအပိုင်း၌မူ သာသနာအုပ်စုအတွင်း ဘာသာရေးအခြေခံသောအသင်း အဖွဲ့များ ခွဲခြားဖွဲ့စည်းခြင်း၊ ထိုအဖွဲ့စည်းတို့၌ မတူညီသောသိုး ထိန်းတို့၏ အခန်းကဏ္ဍ နှင့်အုပ် ချုပ်သောစည်းမျဉ်းစည်းကမ်းများအကြောင်းဖြစ်သည်။

သာသနာအုပ်စု ‘အိမ်များစွာထဲမှအိမ်တစ်လုံး’
လမ်းညွှန်ချက်၌ သာသနာအုပ်စုကို ‘သာသနာအုပ်စုအတွင်းရှိဘာသာတူအိမ်များစွာအနက်သူလည်းအိမ်တစ်လုံး’ ဖြစ်သည်ဟုဖော်ဆောင်ထားသည်။ ရှင်ပြန်ထမြောက်သော (ယေဇူးသခင်) သူ၏မိမိလူမျိုးနှင့်အစဉ်ရှိနေသည့်သင်္ကေတဖြစ်သည်ဟုပထမအပိုင်းကဖွင့်ဆိုထားသည်။ သာသနာအုပ်စု၏အခြေခံသ ဘောတရား၌ ဧဝံဂေလိတရားဟောကြားရမည့်သဘာဝပါပြီးဖြစ်သည်။ ခေတ်သစ်နည်းပညာများကြောင့် ထိတွေ့၊ သိရှိ၊ ရောက်ရှိရန်ကျဉ်း မြောင်းလာသောကမ္ဘာ ကြီးနှင့်အတူသာသနာအုပ်စု၏နယ်နိမိတ်အ တွင်းရှိနေရာများနှင့်ထိတွေ့မှုပိုရှိရန်ဖန်တီးလာသည်။ ထို့ကြောင့်သာ သနာအုပ်စုသည် မြေပြင်အကျယ်အ၀န်းမျှသာ မဟုတ်တော့ဘဲ၊ အမှန်တကယ်ထိတွေ့ရမည့် တည်နေရာဖြစ်လာသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3fOXyIk

Add new comment

3 + 2 =