သာသနာသည်ကယ်တင်ခြင်းအတွက်အရေးပါသည်ဟုဗာတီကန်မှမိန့်ကြား

သာသနာသည်ကယ်တင်ခြင်းအတွက်အရေးပါသည်ဟုဗာတီကန်မှမိန့်ကြား

သာသနာသည်ကယ်တင်ခြင်းအတွက်အရေးပါသည်ဟုဗာတီကန်မှမိန့်ကြား

Rome Has Spoken! The Church Is Necessary For Salvation!

ကယ်တင်ခြင်းရရန်သာသနာတော်မလိုဟုပြောဆိုကြသူများ

ပရိုတက် စတင်တို့၏ဝါဒဖြန့်ပြောဆို၊ ရေးသားချက်များသည်၊ ကက်သလစ်များ၏အတွေးအခေါ်အား ထိခိုက်မူရှိလာပါသည်။ ၄င်းတို့ အနေဖြင့်ကယ်တင်ခြင်းရရန်၊ သာသနာ (ကောင်းရာမွန်ရာ ကိုသွန်သင် ညွှန်ပြသောနေ ရာ) သည်မလိုအပ်ဟုယုံကြည်ပါသည်။ အဘယ်ကြောင့် ဆိုသော်၊ ဘုရားသခင်အားယုံကြည်၍၊ ကောင်းမူကုသိုလ်များ ကိုပြုပါက၊ ကယ်တင်ခြင်းကိုမုချရမည်ဟုယုံကြည်သည်။

ကယ်တင်ခြင်းရရန်သာသနာတော်လိုအပ်

အမှန်တရားနှင့်ထိပ်တိုက်ရင်ဆိုင်မည်ဆိုလျှင်၊ သာသနာသည် ကယ်တင်ခြင်းအတွက်လိုအပ်ပါသည်။ ဤအချက်ကို၄င်းတို့သည်အလျင် စလိုမေ့ပစ်လိုက်ကြသည်။ ကက်သလစ်သာသနာကိုလည်း၊ ဤသွန်သင် ချက်နှင့်စပ် လျင်း၍နှုတ်ဆိတ်နေသည်ဟုလည်းစွပ်စွဲကြသည်။ ကက်သ လစ်သာသနာသည်ဤသွန်သင်ချက်နှင့်ပတ်သက်လာ လျှင်၊ နှုတ်ဆိတ် မနေပါ။ အောက်ပါအချက်အလက်များသည်၊ ကက်သ လစ်သာသနာ အနေဖြင့်ကယ်တင်ခြင်းရရန်၊ သာသနာသည်လိုအပ်ကြောင်းထုတ်ဖော်ပြော ကြားထားသောသက်သေများဖြစ်ပါသည်။
ကက်သလစ်ဘာသာ၀င်တိုင်း သည်၊ မိမိတို့အမိသာသနာ၏ တရား၀င်သွန်သင်ချက်အမှန်ကိုသိရှိနား လည်ရမည်။ သို့မှသာလွှဲမှားစွာသွန်သင်သော အယူအဆ၏လွှမ်းမိုးခြင်း ကိုတွန်းလှန်နိုင်မည်ဖြစ်သည်။

ဗာတီကန်
သာသနာတော်သည်လူတည်ထောင်ခြင်းမဟုတ်သာသနာသည်လူသားမှတည်ထောင်ခဲ့ခြင်းမဟုတ်။ သာသနာ သည်ထာ၀ရဘုရားသခင်မှ၊ ကျစ်လစ် ခိုင်မာသောကျောက်ပေါ်တွင် တည် ထောင်ခဲ့ပါသည်။ အမြင့်ဆုံးသောဘုရားသခင်သည်သာ သနာကိုတည် ထောင်ခဲ့သည်ဟုပရောဖက်မမိန့်မြွတ်ထားပါသည်။ ထို့ကြောင့်သာသနာသည်ဘုရားသခင်၏အမွေတော်ကိုဆက်ခံသူ၊ ဘုရား သခင်၏လူ မျိုး တော်ဖြစ်ပါသည်။ သာသနာမှပိုင်ဆိုင်ထားသောအာဏာစက်သည်၊ လူ မှပေးအပ်ထားခြင်းမဟုတ်။ ဘု ရားသခင်ထံမှပေးအပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့်သန့်ရှင်းသော၊ ကက်သလစ်သာသနာတော်တစ်ခုတည်းရှိသည် ကိုယုံကြည် ရမည်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် တည်းဟူသောပုဂိုလ်သုံးပါးတစ်ဆူဘုရားရှိ သည်ကိုသာယုံကြည် သည်မ ဟုတ်။ ပုဂိုလ်သုံးပါးတစ်ဆူဘုရားကိုလည်းယုံကြည်ပါသည်။ (ထရင့်ကောင် စီ၏ဘုရားစ ကားစာအုပ်၊ နံပါတ် (၉) မှ ကောက် နုတ်ချက်)

သမ္မာကျမ်းစာအထောက်အထားနှင့်သာသနာ၏ဖခင်ကြီးများ၏သွန်သင်ချက်များ

ရှင်မာတေဦး ၁၆:၁၈ တွင်ယေဇူးသခင်၏မိန့်မှာချက်၌၊ သာသနာတည်ထောင်သည့်အကြောင်း ကိုရှင်းလင်းပြတ် သားစွာဖော်ပြ ထားပါသည်။ ထို့အတူစိန်သြဂုဏ်စတင်းကလည်း ဘုရား သခင်၏ သာသ နာတော် သည်တမန်တော်အစုအဖွဲ့၏အရိုက်အရာကိုဆက်ခံဦးစီးသူ များ အပေါ်တွင်တည်မှီနေပါသည်။ မည်သူမဆိုဤတမန် တော်ကြီးများမှ ဆက် ဆံခဲ့သောသူများနှင့်ပေါင်းစည်းခြင်းမပြုဘဲ၊ သီးသန့်ခွဲထွက်မည်ဆိုပါက အသင်းအဖွဲ့မှကွဲထွက် သူများဖြစ်ကြသည်ဟုရှင်းပြထားပါသည်။

အကယ် ၍သင်တို့သည်လည်းခရစ်တော်၏နာမ၌၊ အသင်းအဖွဲနှင့်ချိပ် ဆက်ခြင်းမှ ဖြတ်တောက်ခံရလျှင်သင်တို့သည်လည်းရှင်သန်နိုင်ကြမည်မဟုတ်။ ခရစ် တော်၏ နောက်လိုက်များအ လယ်၌ ခရစ်တော်အတွက်ခံထမ်းရင်း ခန္ဓာ တော်နှင့်တွဲဆက်နေရန်အားထုတ်ပါ။ ဦးခေါင်းနှင့်အတူရှိနေရန်ရုန်း ကန်ပါ ဟုတိုက်တွန်းနိုးဆော်ခဲ့ပါသည်။ [Dilectionis vestrae to the schismatic bishops of Istria, 585]
ချစ်လှစွာသောသားများနှင့်လေးစားရသောညီအစ်ကိုများတို့၊ အချို့သောကက်သလစ်ဘာသာ၀င်များ သည်မှန်ကန်သော ယုံကြည်ချက်နှင့် ကက်သလစ်၏အနက်ကိုဖော်ဆောင်ခြင်းမရှိဘဲရပ်တည်ခြင်းဖြင့်လည်းထာ၀ရအသက်ကိုရမည်ဟုမှားယွင်းစွာယုံကြည်နေခြင်းကိုကျွန်ုပ်တို့အနေဖြင့် ထပ်လောင်းသတိပေးခြင်းနှင့်မှားယွင်းကြောင်းကိုသိရှိအောင်ပြောပြရမည်။ ဤယုံကြည်ချက်သည်ကက်သလစ်သာသနာ၏ သွန်သင်ချက်လုံး၀ကွဲ လွှဲ နေပါသည်။

ကက်သလစ်သာသနာ၏ယုံကြည်ခြင်းဆိုင်ရာသွန်သင်ချက်တွင် ကက်သလစ်သာသနာတော်၏ပြင်ပတွင်ကယ်တင် ခြင်းလုံး၀မ ရနိုင်ဆို သည့်သွန်သင်ချက်သည်အလွန်လူသိများလှပါသည်။ တမန်တော်ပေ တြူး မှဆင့်ကဲဆင်းသက် လာ သောရဟန်းမင်းကြီးနှင့်ပူးပေါင်းခြင်းမပြုဘဲ၊ တင်းခံသူ၊ စည်းလုံးခြင်းကိုပျက်ပြားအောင်ပြုလုပ်သူများသည်၊ ထာ၀ရအ သက်ကိုမရနိုင်။ အဘယ်ကြောင့်ဆိုသော်၄င်းအား စပျစ်ခြံကိုစောင့်ရှောက်ခွင့် အာ ဏာကိုယေဇူးသခင်ကလွှဲအပ်ထား ပေးခဲ့သောကြောင့်ဖြစ်ပါသည် ဟုရဟန်းမင်းကြီးပီအုစ့် (၉) က Quanto Conficiamur Moerore စာစောင် တွင်အီတ လီဆရာတော်များအားမိန့်ကြားခဲ့ပါသည်။ [Pius IX, Quanto Conficiamur Moerore, to the bishops of Italy]

ဗာတီကန်ကောင်းစီ၏သွန်သင်ချက်

ဒုတိယဗာတီကန်ကောင်စီသည်ကက်သလစ်ဘာသာ၀င်များ
အပေါ်အာရုံစူးစိုက်ထားသည်။ သမ္မာ ကျမ်းစာနှင့်ရှေးထုံးသက်သေ များပေါ်အခြေခံလျှက်၊ကမ္ဘာပေါ်တွင်ဘုရားဖူးခရီးပြုနေကြသူများအနေဖြင့် ကယ်တင် ခြင်းရရှိရန်လိုအပ်ပါသည်။ ခရစ်တော်သခင် သည်ပေါင်းကူးတံ တားဖြစ်ပြီး၊ကယ်တင်ခြင်းသို့ပို့သောလမ်းလည်းဖြစ်ပါ သည်။ သူ၏ ခန္ဓာတော်ဖြစ်သောသာသနာတော်အားဖြင့်သူသည်ကျွန်ုပ်တို့နှင့်အတူရှိနေပါသည်။ ယုံကြည်ခြင်းနှင့်ဆေး ကြောခြင်းမင်္ဂလာသည် မရှိမဖြစ်လိုအပ် ကြောင်းကိုလည်းယေဇူးသခင်ကိုယ်တော်တိုင်မြွတ်ကြားခဲ့ပါသည်။ထို့အတူ သာသနာတော်သို့၀င်ရောက်ရန်တံခါးမကဲ့သို့ဖြစ်သောဆေးကြောခြင်း စက္ကရာမင်းတူသည် မရှိမဖြစ်လိုအပ်ကြောင်း သွန်သင်ပါသည်။ [Second Vatican Council, Lumen Gentium No.14]

ယေဇူးသခင်၏ကက်သလစ်သာသနာတော်တစ်ခုတည်းအားဖြင့်သာလျှင်၊ ကမ္ဘာကြီးအားကယ်တင် ခြင်းသိုရောက်အောင်ပို့ဆောင် ပေးနိုင်ပါသည်။ ကယ်တင်ခြင်းကိုရရှိနိုင်သောပြည့်စုံလှသည့်နည်း လမ်းများ ကိုပြသ ပေး နိုင်ပါသည်။ [Second Vatican Council, Decree on Ecumenism No3]

ဤအချက်များသည်သာသနာ၏သွန်သင်ပိုင်ခွင့်အာဏာစက် (Magisterial) အားဖြင့်သာသနာသည် ကယ်တင်ခြင်းသို့ရောက်ရန်လို အပ်ကြောင်းကက်သလစ်သာသနာ၏သွန်သင်ချက်ဖြစ်ပါသည်။ ကယ် တင် ခြင်းရရှိရန် အဘယ်ကြောင့်သာသနာတော်လို အပ်ကြောင်းကက် သလစ် သာသနာကအကြောင်းအရင်း (၃) ချက်ကိုပေးပါသည်။

၁) ကက်သလစ်သာသနာသည်၊ ယေဇူးခရစ္စတူးကတည်ထောင်ခဲ့သည်။ ထို့ကြာင့်သူ၏နောက်လိုက်များသည်သူ တည်ထောင်ခဲ့သောသာသ နာ အတွင်းတွင်ရှိနေရမည်။ (တမန်တော်၀တ္ထု ၂း၄၇၊ ဧဖက်ဆူ ၅း၂၃)

၂) ကက်သလစ်သာသနာတော်၏ မူလအာဏာစက်တော်သည်လူသား မှဆင်းသက်လာခြင်းမဟုတ်။ ဘုရားသခင်ထံမှ ဆင်းသက်လာခြင်းဖြစ် သည်။ (ရှင်မာတေဦး ၁၆:၁၇-၁၉)

၃) သာသနာတော်အားဖြင့်သာ လျှင်၊ ဖြောင့်မတ်ခြင်းကျေးဇူးတော်သည် စက္ကရာမင်းတူမှတစ်
ဆင့်ဝေဌပေးလျှက်ရှိပါ သည်။
ကယ်တင်ခြင်းရရှိရန်သာသနာတော်သည်လိုအပ်သည်ဆိုသည့် သွန်သင်ချက်သည်၊ သာသနာတော်၏ ဖခင်ကြီးများမှကြံဖန်ခဲ့ခြင်း မဟုတ် ဘဲ၊ သမ္မာကျမ်းစာနှင့်ရှေးထုံးသက်သေများ အပေါ်တွင်အခြေခံ၍ သွန်သင် လျှက်ရှိ ပါသည်။

သာသနာသည်ကယ်တင်ခြင်းအတွက်အရေးပါသည်ဟုဗာ တီကန်မှမိန့်ကြား (၆)သာသနာသည်ကယ် တင်ခြင်းအ တွက်အရေးပါ သည်ဟု ဗာတီကန်မှမိန့်ကြားလိုက်သည့်အကြောင်းကိုဖတ် လိုက်ရသော အခါအလွန်ကျေ နပ်သွားပါသည်။ အဘယ်ကြောင့်ဆိုသော်အ ချို့သောခ ရစ်ယာန်ညီအစ်ကိုတရားဟောဆရာများဟောပြောသကဲ့သို့ သာသနာ သည်ကယ်တင်ခြင်းအတွက်အရေးမပါလေရော့သလားဟုတွေးတောနေ မိပါသည်။

သဘာ၀ကျကျစဉ်းစားကြည့်လျှင်ထိုပြောဟော ချက်သည် လက်တွေ့မကျပေ။ အဘယ်ကြောင့်ဆို သော်လူဖြစ်လာလျှင်မိသား စု ဟုသည်မရှိ၍မဖြစ်။ မိသားစုဖြစ်လာလျှင်မိသားစုအိမ်ဟူသည် ရှိမှဖြစ် ပေမည်။ သို့မွသာ လုံခြုံမည်။ မိဘများကလည်းမိမိတို့၏သားသမီးများ ကိုမိမိတို့ လိုလားသောပုံစံ၀င်အောင်သင်ကြားပေးနိုင်မည်။ အိုး
ပိုင်၊ အိမ်ပိုင်မရှိ။ ခြေတစ်လုံးအိမ်တိုင်၊ ရောက်ရာအိမ်၊ အရပ္တကာ၏ ထမင်းအိုးသည်ကိုယ်ထမင်းအိုးနှယ် သေဘာ ထားခြင်းမျိုးသည် လူ့ဂုဏ် သိက္ခာရှိပါမည်လော။ မသနားသော်လည်းအိုးပိုင်အိမ်ပိုင်ရှိလိုကြ သည်။ ဂုဏ်ယူစွာဖြင့် 'ဒါ ငါတို့ (ကျွန်တော့်တို့) အိမ်လေ' ဟုထုတ်ဖော်ဂုဏ် ယူလိုကြပါသည်။

ခြေတစ်လုံးအိမ်တိုင်သွားလာခြင်းသည်လွှတ်လပ်၏။ တာ ၀န်ပေါ့၏ (သို့) တာဝန်လုံးဝမရှိ။ တည်ခင်း သည်ကိုစားမည်။ ခိုင်းသည်ကို လုပ်မည်။ ထို့နောက်ဆက်သွားမည်။
အိမ်ပိုင်ရာပိုင်ရှိခြင်းသည်တာ၀န်ကြီးသည်။ စောင့်ရှောက်ရ၊ ကာကွယ်ပေးရ၊ စီမံပေးရပါသည်။ မိမဲ့ဖမဲ့ သကဲ့သို့နေထိုင်ခြင်းသည်တာ ၀န်လိုသောကြောင့်ဖြစ်ပါသည်။ တစ်အူတုံဆင်းညီအစ် ကိုမောင်နှမများ စုစည်းနေထိုင်သောနေရာကိုမိသားစု၏ အိမ်ဟုခေါ်ပါသည်။ ပုဂိုလ်သုံး ပါးတစ်ဆူဘု ရား၏ နာမ တော်၌တူညီသော၊ တစ်ခုတည်း သောဆေးကြော ခြင်းကိုခံယူသူ အားလုံးသည်လည်းညီအစ်ကိုမောင်နှများဖြစ်ကြ၍၊ သာသ နာသည်ကျွန်ုပ်တို့၏မိ သားစုဖြစ်ပါသည်။ မိသားစုမလို၊ အိုးအိမ်မဲ့၊ မိဘမဲ့ များနှယ်ကြုံရာအိပ်၊ ရရာစားသောဘ၀မျိုးဖြစ်ချင်ပါသလော။ ထို့အတူ သာသနာသည်လည်းကယ်တင်ခြင်း (လုံခြုံမူ၊ အကာအကွယ်ပေးရန်) ကိုရရန်မရှိမဖြစ်လိုအပ်ပါသည်။ မွား ယွင်းသောအတွေးအခေါ် မ်ား၏ ဖြားယောင်းရာသို့မရောက်မိစေရန်အားထုတ် ကြပါစို့။ သို့မဟုတ်လျှင် သင်နှင့် ကျွန်ုပ်သည်အုတ်ကြား မြက်ပေါက်၊ ကလေကချေ၊ အခြေအမြစ် မရှိသောသူဖြစ်ပေလိမ့်မည်။

 

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

Add new comment

2 + 2 =