သာသနာရေး၀န်ကြီးက ရဟန်းမင်းကြီးဖရန်စစ်အား အင်ဒိုနီးရှားသို့ကြွရောက်ရန်ဖိတ်ကြားလို

သာသနာရေး၀န်ကြီးက ရဟန်းမင်းကြီးဖရန်စစ်အား အင်ဒိုနီးရှားသို့ကြွရောက်ရန်ဖိတ်ကြားလို

သာသနာရေး၀န်ကြီးက ရဟန်းမင်းကြီးဖရန်စစ်အား အင်ဒိုနီးရှားသို့ကြွရောက်ရန်ဖိတ်ကြားလို

 

            အင်ဒိုနီးရှားနိုင်ငံ၏ သာသနာရေး၀န်ကြီး Yaqut Cholil Qoumas က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အား အင်ဒိုနီးရှားသို့ဖိတ်ကြား၍ မတူညီသောအင်ဒိုနီး ရှားနိုင်ငံ၏အလှအပနှင့်အင်ဒိုနီးရှားနိုင်ငံမှကက်သလစ်ဘာသာ၀င်များကို တိုက်ရိုက် နုတ်ဆက်စေလိုကြောင်း၊ လက်ရှိ၌မူ ကပ်ရောဂါဆိုးကြောင့်မကြွရောက်နိုင် သေးသော်လည်း အခြေအနေပုံမှန်ပြန်ဖြစ်သွားသောအခါကြွလာနိုင်ကြောင်း၊ အင်ဒိုနီးရှားမှ ကက်သလစ် သာသနာ၏တာ၀န်ရှိသောအကြီးအကဲအားလည်း ရဟန်းမင်းကြီးအား အင်ဒိုနီးရှားသို့ဖိတ်ကြားရန် မေတ္တာရပ်ခံထားကြောင်း၊ ၀န်ကြီးသည် ရဟန်းမင်းကြီးဖရန်စစ်နှင့် (၂၀၁၉) ခုနှစ်ကတွေ့ဆုံခဲ့ပြီး၊ သူနှင့်တွေ့ဆုံ ခဲ့ရခြင်းကို ယနေ့တိုင်မမေ့နိုင်ဖြစ်ရကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ်၏ ခင်မင်ရင်းနှီးမှု၊ ပွင့်လင်းရိုးသားမှု၊ မတူညီမှုကိုလက်ခံနိုင်မှုကိုချီးကျူးခဲ့သည်။ ထိုတွေ့ဆုံစဉ် ၌ ၀န်ကြီးက အင်ဒိုနီးရှားနိုင်ငံ၌ကျင်းသုံးနေသော အချင်းချင်းနားလည် လက်ခံတတ်ခြင်း အကြောင်းကို ပြောပြသောအခါ ရဟန်းမင်းကြီးက အင်ဒိုနီးရှားကိုချစ်ကြောင်းမိန့်ကြားခဲ့သည်ဟုဆိုပါသည်။

          ၀န်ကြီးချုပ်၏ဆန္ဒကို အင်ဒိုနီးရှားတစ်နိုင်ငံလုံးရှိ သက်၀င်ယုံကြည်မှုမတူသော ဘာသာအ ချင်းချင်းချစ်ကြည်ရင်းနှီးမှုရှိရန်၊ ငြိမ်းချမ်းရေးနှင့်အသင်းအဖွဲ့ တိုင်းပါ၀င်ရေးအတွက် ဘာသာရေးမှ ထိန်းညှိလုပ်ဆောင်ပေးရေးခေါင်းစဉ်ဖြင့်အင်ဒိုနီးရှား ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် မှ ဘာလီကျွန်း၊ Nusa Dua ၌ ကြီးမှူးကျင်းပသောတွေ့ဆုံဆွေးနွေးပွဲ၌အသိပေးနိုင်ခဲ့ကြောင်း၊  မတ်လ (၈) ရက်နေ့၊ အဂ်ါနေ့ကပြောကြားခဲ့သည်။ ယခုတွေ့ဆုံပွဲကျင်းပခြင်းကို သာသနာရေး၀န်ကြီးသည် အလွန်ကျေနပ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးအကြောင်းမျှသာမဟုတ်ဘဲ နည်းဗျူဟာကျသော၊ စနစ်ကျသော၊ မည်သည့် အ ရောင်အသွေးမခွဲခြားသော ညီအစ်ကိုမောင်နှမစိတ်နှင့်သဟဇာတရှိစွာနေထိုင်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးနိုင်ခဲ့သည်။ ရဟန်းမင်းကြီးသည် ကမ္ဘာကြီး ကသိသူဖြစ်ပြီး၊ ဤသို့သောပုဂ္ဂိုလ်မျိုးကို အင်ဒိုနီးရှားသို့ပင့်ဖိတ်ခြင်းဖြင့် အင်ဒိုနီးရှားသည် လူသားမျိုးနွယ်ပေါင်းများစွာနေထိုင်သောနိုင်ငံဖြစ်သည်ကို ကမ္ဘာက သို့နားဖောက်ပြီး သားဖြစ်ပေမည်။ ထို့ကြောင့် မည်သည့်ကမ္ဘာ့ဘာသာရေးခေါင်းဖြစ်စေ အင်ဒိုနီးရှားသို့ ကြွရောက်ခြင်း ကိုလက်ခံသင့်ကြောင်း၊ ဤပင့်ဖိတ်ခြင်း သည် ကွဲပြားသောပုံစံ ဖြင့်စည်းလုံးခြင်း ကိုလေးစား ကြောင်းပြ သရာလည်းရောက်သည်ဖြစ်၍ ကြိုဆိုကြောင်းပြောပါသည်။ ရဟန်းမင်းကြီးအပြင်၊ Grand Sheikh Al-Azhar Ahmed Al-Tayeb ကဲ့သို့သော ကမ္ဘာသိသော ဘာသာရေးခေါင်းဆောင်ကို လည်းဖိတ်ခေါ်ရန် အစီအစဉ်ရှိကြောင်း၊ ၄င်းတို့နှစ် ဦးသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မဆုတ်မနစ်သော ဇွဲလုံ့လ ဖြင့်လုပ်ဆောင်နေသူများဖြစ်ကြောင်း၊ (၂၀၁၉) ၌ ဤခေါင်းဆောင်နှစ်ဦးလုံးသည် အာရပ်ဇော်ဘွား များ၏အဖွဲ့၀င်ဖြစ်သော အာဘူဒါဘီ၌ ‘Human Fraternity for Peace and Living’ (ငြိမ်းချမ်းရေးနှင့်ရှင်သန်ရေးအတွက်လူသားညီအစ်ကိုများ) အမည် ပေးထားသော ကြေညာ ချက်တစ်ခုကိုလည်းအတူတကွထုတ်ပြန်ခဲ့ကြသည်။

            အင်ဒိုနီးရှားနိုင်ငံ၏ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏အတွင်းရေးမှူးဖြစ်သော ဖာသာရ် Paulus Christian Siswantoko ကသူ့အနေဖြင့် ရဟန်းမင်းကြီးဖရန်စစ် အင်ဒိုနီးရှား နိုင်ငံသို့ ကြွရောက်မည့်သတင်းအသစ်နှင့်ပတ်သက်၍မကြားမိလိုက်ကြောင်း၊ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်အနေ ဖြင့်လည်း အကြောင်းကြားစာလက်ခံရရှိခြင်းမရှိကြောင်း၊ ဤသတင်းသည် အင်ဒိုနီး ရှားနိုင်ငံ၏ သာသနာရေး၀န်ကြီးထံမှထွက်ပေါ်လာခြင်းသာဖြစ် ကြောင်းပြောကြားခဲ့သည်။ ရဟန်းမင်းကြီးများအနက် အင်ဒိုနီးရှားသို့ကြွရောက်ခဲ့သောဖူးသူမှာ (၁၉၈၉) ခုနှစ်က ရဟန်းမင်း ကြီးစိန့်ဂျွန်ပေါလ် (၂) ဖြစ် သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ကိုးဗစ် (၁၉) ကပ်ရော ဂါဆိုးမ ဖြစ်ပွားမီက အာရှနိုင်ငံများဖြစ်သော အရှေ့တီမော၊ ပါပူအာနူးဂီနီနှင့်အင်ဒိုနီးရှားသို့ကြွရောက် ရန်အစီအစဉ်ရှိခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် မွတ်စလင် (၈၀) ရာခိုင်နှုန်းကျော်ရှိသောနိုင်ငံဖြစ်ပြီး၊ လူဦးရေ၏ (၂၇၃) သန်းခန့်ရှိသည်။ ကျန်လူဦးရေများ အ (၂၈.၈၂) သန်းမှာ ခရစ်ယာန်များဖြစ်ကြောင်း (ဇွန်၊ ၂၀၂၁) ၏စစ်တမ်းအရသိရသည်။ ခရစ်ယာန်လူဦးရေများအနက် (၂၀.၄) သန်းမှာ သင်းကွဲခရစ်ယာန်များ ဖြစ်ပြီး၊ (၈.၄၁) သန်းမှာ ကက်သလစ်ဘာသာ၀င်များဖြစ်ကြသည်။        

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3D2oCAr

 

Add new comment

6 + 6 =