သာသနာပြုလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမည့်သတင်း

သာသနာပြုလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမည့်သတင်း

သာသနာပြုလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမည့်သတင်း
RVA Myanmar (18.10.2021)

#သာသနာပြုလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအစီအစဉ်အား အောက်တိုဘာလ (၂၄) ရက်နေ့ ၊ မွန်းလွဲ (၃း၀၀) နာရီမှ (၄း၃၅) နာရီထိ ပြုလုပ်သွားမည်ဟု သိရပါသည်။

အဆိုပါ အစီအစဉ်တွင်
Theme 1: အနေဖြင့် “ Mission Priority : Today and Tomorrow “ (ပစ္စုပ္ပန် နှင့် အနာဂတ် သာသနာပြုခရီး၌ ဦးစားပေးရမည့် ကဏ္ဍများ ) ခေါင်းစဉ်ဖြင့် ရန်ကုန်ဂိုဏ်းချုပ်သာသနာမှ H. E . Most. Rev. John Saw Yaw Han က ပို့ချမည်ဖြစ်ပါသည်။
Theme 2: အနေဖြင့် “ Synodality and Mission ‘’ ( ညီလာခံ သဘောထားနှင့် သာသနာပြုခြင်း ) ခေါင်းစဉ်ဖြင့် ပုသိမ်ဂိုဏ်းအုပ်သာသနာမှ Rev. Fr. Maurice Nyunt Wai တို့က အသီးသီးဆွေးနွေးပို့ချသွားမည်ဟုသိရပါသည်။

Fr. Bernardino Ne Ne (PMS National Director) က
“ မျက်မှောက်ကာလ၌ လူအများသည် အစားအစာ၊ လုံခြုံမှု၊ ကျန်းမာရေးနှင့် အခြားလိုအပ်မှုများစွာကို တောင့်တဆာငတ်နေကြပါသည်။ ထိုမှ တစ်ဆင့်တက်ပါက “လူသည် အစားအစားအားဖြင့်သာ အသက်ရှင်သည်မဟုတ်၊ ဘုရားသခင်၏ နုတ်တော်မြွတ်စကားရှိသမျှဖြင့်လည်း အသက်ရှင်ရကြောင်း . . “ ဟူသော ခရစ်တော်ရှင်၏နုတ်မြွတ်စကားအဓိပ္ပာယ်ကို ခံစားနားလည်ကြပေလိမ့်မည်။

ယခုကဲ့သို့ စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းလျမှု၊ ကြောက်ရွံ့မှု၊ ပူပန်သောကရှိမှု၊ စိတ်ပိုင်းဆိုင်ရာ မကျန်းမာခြင်းနှင့် ဝိညာဉ်ရေးဆိုင်ရာ ရုန်းကန်ရခြင်းများ ရင်ဆိုင်ကျော်လွှားရချိန်၌ “ . . ဝိညာဉ်တော်၏ ဓားလက်နက်တည်းဟူသော ဘုရားသခင်၏ နှုတ်တော်မြွတ်စကားကိုလည်း ကိုင်ဆောင်ကြစေနိုင်ဖို့ . . (ဧဖက် ၆:၁၇) . . “ သာသနာပြုလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား အောက်ဖော်ပြပါအစီအစဉ်အတိုင်း ပြုလုပ်ကျင်းပပေးမည်ဖြစ်ရာ စိတ်ဝင်စားပါဝင်၍ နှလုံးသွင်းဆင်ခြင်ပေးကြပါရန် ခရစ်တော်၌ နွေးထွေးစွာ နှိုးဆော်ဖိတ်ခေါ်အပ်ပါသည်။ ‘’ ဟု PMS Myanmar လူမှုစာမျက်နှာတွင် ဖိတ်ခေါ်ကြေညာထားတာကို တွေ့ရပါသည်။

အဆိုပါ အစီအစဉ်အား PMS Myanmar နှင့် CBCM OSC တို့မှ ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်ပြီး အဆိုပါ အစီအစဉ်အား CBCM-OSC Facebook Page မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပြီး Zoom ID : 860 626 9615 / Passcode WMSMM2021 တို့ဖြင့်လည်း ပါဝင်တက်ရောက်နိုင်သည်ဟု သိရပါသည်။
Source& Photo : PMS Myanmar
News by – Pinky

Add new comment

1 + 4 =